ဘာစီလိုနာကို ရောက်ရှိဖို့ နီးစပ်ခဲ့ပြီးမှ ကံဆိုးစွာနဲ့ ပျက်ပြယ်ခဲ့ရတယ်လို့ ဒီပေး ထုတ်ဖော်ပြောကြား

0
507

 

ယခုနှစ် နွေရာသီပြောင်းရွှေ့ကာလမှာ လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပြီးမှ ကံဆိုးစွာနဲ့ ပျက်ပြယ်ခဲ့ရကြောင်း တိုက်စစ်ကစားသမား ဖြစ်တဲ့ ဒီပေးက ထုတ်ဖော်ပြောကြားလိုက် ပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့က ဆက်လက်ပြီး ဖြစ်ပေါ်လာလိမ့်မယ်လို့ ၎င်းဘက်က အခိုင်အမာယုံကြည်ထားပါတယ်။ ဘာစီလိုနာက ဒီပေးကို ပြောင်းရွှေ့ကာလ နောက်ဆုံးရက်မှာ ခေါ်ယူဖို့ ပြုလုပ်ခဲ့ပေမဲ့ အသင်းရဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီကို မန်ချက်စတာယူနိုက်တက်ဆီ အငှားပို့ဆောင်ဖို့ ကိစ္စ မအောင်မြင်ခဲ့လို့ ဒီပေးရဲ့ အပြောင်းအရွှေ့ဟာလည်း လက်တစ်ကမ်းအလိုမှာ တစ်ခန်းရပ်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဒီပေးက နယ်သာလန်မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ “ ကွျန်တော်နေထိုင်နေရတဲ့ ဘ၀မှာ ဘယ်လိုမျိုး ဖြစ်နေပါစေ။ ဒီအရာတွေက ဖြစ်သွားဦးမှာပါ။ အရေးကြီးဆုံးက လိုင်ယွန်အသင်းအတွက် နောက်တစ်ဖန် ပြန်လည်ပြီး အာရုံစိုက်ထားဖို့ ရှိနေပါတယ်။ ပြီးနောက်မှာတော့ ဘယ်လိုအရာတွေ ဖြစ်သွားဦးမယ်ဆိုတာကို ကွျန်တော်တို့ ဆက်လက်မြင်တွေ့ရပါလိမ့်မယ်။ အနာဂတ်ကို ဘယ်သူတစ်ဦးတစ်ယောက်မှ မမြင်နိုင်ပါဘူး။ ကွျန်တော် စိတ်ဝင်စားနေတဲ့ ပြုလုပ်ရသွားပါမယ်။ ဒါကလည်း အလုပ်လုပ်ဖို့ တစ်ခုထဲအတွက် ဖြစ်လိမ့်တယ်။ အခု ဆက်သွယ်သလို ကွျန်တော့်ကို ဆက်သွယ်မှုတွေ ရှိနေမှာပါ ” လို့ ပြောပါတယ်။

39

ဒီပေးကို ၎င်းရဲ့ ဟော်လန်လက်ရွေးစင်အသင်း မန်နေဂျာဖြစ်တဲ့ ကိုးမန်းက ဘာစီလိုနာအသင်းကို ခေါ်ယူဖို့ ချိတ်ဆက်တာတွေ ရှိခဲ့သလို ပြောင်းရွှေ့ဖို့ နီးစပ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက “ ဟုတ်ပါတယ်။ လှပစွာနဲ့ အရမ်းကို နီးစပ်ခဲ့ပါတယ်။ အားလုံးကို သေချာပေါက် ဖြစ်အောင်တော့ ကွျန်တော်တို့ ပြုလုပ်နိုင်တာတွေ မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ ပြောင်းရွှေ့ဖို့က ပြီးမြောက်ဖို့အထိ နက်နက်ရှိုင်းရှိုင်းကို နီးစပ်ခဲ့တယ်။ ကံဆိုးစွာနဲ့ပဲ သေချာမှုကြီးတစ်ခုက ရပ်တန့်ခဲ့ရတယ်။ ဒီအရာက အရာတိုင်း ဖြစ်ပျက်နေတဲ့ ကွျန်တော့်ဘ၀အတွက် အကြောင်းပြချက်တစ်ခု ဖြစ်စေခဲ့တယ်လို့ ယုံကြည်ပါတယ် ” လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒီပေးကို နောက်နှစ်မှာ ခေါ်ယူမှု ဖြစ်ပေါ်လာနိုင်သလို ဒီပေးက နောက်နှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ပြီးဆုံးလို့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာဖို့ ရှိနေပါတယ်။

ဒီပေးဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာခဲ့အပြီးမှာ လီဂူး-၁ ကလပ် လိုင်ယွန်ရဲ့ အဓိက နေရာမှာ ရှိနေတဲ့ တောင်ပံကစားသမားအဖြစ် အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပြီး လိုင်ယွန်အသင်းနဲ့ လေးနှစ်တာ ကာလအတွင်းမှာ ၁၄၄ ပွဲမှာ ၅၈ ဂိုး သွင်းယူပေးထားနိုင်သလို အသင်းခေါင်းဆောင်လက်ပတ်ကို ပတ်ထားခွင့် ရသူ တစ်ဦးဖြစ်နေပါတယ်။

Zawgyi

ဘာစီလိုနာကို ေရာက္ရွိဖို႔ နီးစပ္ခဲ့ၿပီးမွ ကံဆိုးစြာနဲ႔ ပ်က္ျပယ္ခဲ့ရတယ္လို႔ ဒီေပး ထုတ္ေဖာ္ေျပာၾကား

ယခုႏွစ္ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ လိုင္ယြန္အသင္းကေန ဘာစီလိုနာအသင္းကို ေရာက္ရွိဖို႔ နီးစပ္ခဲ့ၿပီးမွ ကံဆိုးစြာနဲ႔ ပ်က္ျပယ္ခဲ့ရေၾကာင္း တိုက္စစ္ကစားသမား ျဖစ္တဲ့ ဒီေပးက ထုတ္ေဖာ္ေျပာၾကားလိုက္ ပါတယ္။ ဒါေပမဲ့ အနာဂတ္မွာ ဘာစီလိုနာကို ေျပာင္းေရႊ႕ဖို႔က ဆက္လက္ၿပီး ျဖစ္ေပၚလာလိမ့္မယ္လို႔ ၎ဘက္က အခိုင္အမာယုံၾကည္ထားပါတယ္။ ဘာစီလိုနာက ဒီေပးကို ေျပာင္းေရႊ႕ကာလ ေနာက္ဆုံးရက္မွာ ေခၚယူဖို႔ ျပဳလုပ္ခဲ့ေပမဲ့ အသင္းရဲ့ တိုက္စစ္ကစားသမား ဒမ္ဘီလီကို မန္ခ်က္စတာယူနိုက္တက္ဆီ အငွားပို႔ေဆာင္ဖို႔ ကိစၥ မေအာင္ျမင္ခဲ့လို႔ ဒီေပးရဲ့ အေျပာင္းအေရႊ႕ဟာလည္း လက္တစ္ကမ္းအလိုမွာ တစ္ခန္းရပ္ခဲ့ရျခင္း ျဖစ္ပါတယ္။
ဒီေပးက နယ္သာလန္မီဒီယာေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ “ ကြ်န္ေတာ္ေနထိုင္ေနရတဲ့ ဘ၀မွာ ဘယ္လိုမ်ိဳး ျဖစ္ေနပါေစ။ ဒီအရာေတြက ျဖစ္သြားဦးမွာပါ။ အေရးႀကီးဆုံးက လိုင္ယြန္အသင္းအတြက္ ေနာက္တစ္ဖန္ ျပန္လည္ၿပီး အာ႐ုံစိုက္ထားဖို႔ ရွိေနပါတယ္။ ၿပီးေနာက္မွာေတာ့ ဘယ္လိုအရာေတြ ျဖစ္သြားဦးမယ္ဆိုတာကို ကြ်န္ေတာ္တို႔ ဆက္လက္ျမင္ေတြ႕ရပါလိမ့္မယ္။ အနာဂတ္ကို ဘယ္သူတစ္ဦးတစ္ေယာက္မွ မျမင္နိုင္ပါဘူး။ ကြ်န္ေတာ္ စိတ္ဝင္စားေနတဲ့ ျပဳလုပ္ရသြားပါမယ္။ ဒါကလည္း အလုပ္လုပ္ဖို႔ တစ္ခုထဲအတြက္ ျဖစ္လိမ့္တယ္။ အခု ဆက္သြယ္သလို ကြ်န္ေတာ့္ကို ဆက္သြယ္မႈေတြ ရွိေနမွာပါ ” လို႔ ေျပာပါတယ္။
ဒီေပးကို ၎ရဲ့ ေဟာ္လန္လက္ေရြးစင္အသင္း မန္ေနဂ်ာျဖစ္တဲ့ ကိုးမန္းက ဘာစီလိုနာအသင္းကို ေခၚယူဖို႔ ခ်ိတ္ဆက္တာေတြ ရွိခဲ့သလို ေျပာင္းေရႊ႕ဖို႔ နီးစပ္တာေတြလည္း ရွိခဲ့တယ္လို႔ ဆိုပါတယ္။
ဆက္လက္ၿပီး ၎က “ ဟုတ္ပါတယ္။ လွပစြာနဲ႔ အရမ္းကို နီးစပ္ခဲ့ပါတယ္။ အားလုံးကို ေသခ်ာေပါက္ ျဖစ္ေအာင္ေတာ့ ကြ်န္ေတာ္တို႔ ျပဳလုပ္နိုင္တာေတြ မရွိခဲ့ၾကပါဘူး။ ဒါေပမဲ့ ေျပာင္းေရႊ႕ဖို႔က ၿပီးေျမာက္ဖို႔အထိ နက္နက္ရွိုင္းရွိုင္းကို နီးစပ္ခဲ့တယ္။ ကံဆိုးစြာနဲ႔ပဲ ေသခ်ာမႈႀကီးတစ္ခုက ရပ္တန႔္ခဲ့ရတယ္။ ဒီအရာက အရာတိုင္း ျဖစ္ပ်က္ေနတဲ့ ကြ်န္ေတာ့္ဘ၀အတြက္ အေၾကာင္းျပခ်က္တစ္ခု ျဖစ္ေစခဲ့တယ္လို႔ ယုံၾကည္ပါတယ္ ” လို႔ ဆိုပါတယ္။
ဘာစီလိုနာအသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဘ႑ာေရးအၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတဲ့အတြက္ ဒီေပးကို ေနာက္ႏွစ္မွာ ေခၚယူမႈ ျဖစ္ေပၚလာနိုင္သလို ဒီေပးက ေနာက္ႏွစ္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၿပီးဆုံးလို႔ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေရာက္ရွိလာဖို႔ ရွိေနပါတယ္။
ဒီေပးဟာ မန္ခ်က္စတာယူနိုက္တက္ကေန ထြက္ခြာခဲ့အၿပီးမွာ လီဂူး-၁ ကလပ္ လိုင္ယြန္ရဲ့ အဓိက ေနရာမွာ ရွိေနတဲ့ ေတာင္ပံကစားသမားအျဖစ္ ေအာင္ျမင္မႈေတြ ရရွိခဲ့သူ ျဖစ္ၿပီး လိုင္ယြန္အသင္းနဲ႔ ေလးႏွစ္တာ ကာလအတြင္းမွာ ၁၄၄ ပြဲမွာ ၅၈ ဂိုး သြင္းယူေပးထားနိုင္သလို အသင္းေခါင္းေဆာင္လက္ပတ္ကို ပတ္ထားခြင့္ ရသူ တစ္ဦးျဖစ္ေနပါတယ္။