မက်ဆီနဲ့အတူ လာလီဂါပုံရိပ်ကို ဆက်မြှင့်တင်လိုတဲ့ တီဘက်စ်

0
365

Sbotop

လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ဘာစီလိုနာအသင်းပုံရိပ်ဖြစ်တဲ့ မက်ဆီအနေနဲ့ စပိန်ဘောလုံးလောကကနေ ထွက်ခွာသွားဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဘောလုံးပွဲတွေ နောက်တစ်ကြိမ် ရပ်နားနိုင်တဲ့အတွက် ဘဏ္ဍာရေးအခြေအနေတွေကို ထိန်းသိမ်းဖို့လည်း သတိပေးသွားခဲ့ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီအတွင်းမှာ ဘာစီလိုနာအသင်းအနေနဲ့ စိတ်ပျက်ဖွယ်ရာတွေ ကြုံတွေ့ခဲ့ရပြီးနောက် မက်ဆီက အသင်းကနေ ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောဖူးထားသလို ဘာစီလိုနာဟာ အဲဒီရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးခဲ့သလို လာလီဂါချန်ပီယံ ဆုကိုလည်း ရီးရဲလ်မက်ဒရစ်အသင်းဆီ လက်လွှတ်ပေးခဲ့ရပါတယ်။ အသက် ၃၃ နှစ်အရွယ် မက်ဆီရဲ့ စာချုပ်တန်ကြေးဟာ ယူရိုသန်း ၇၀ဝ ရှိပြီး ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအပါအဝင် ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ဆီ ရောက်နိုင်တယ်လို့လည်း သတင်းပြေးခဲ့ပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး တီဘက်စ်က “ ကျွန်တော် အမြဲပြောသလိုပါပဲ။ ကျွန်တော်ကတော့ မက်ဆီကို လာလီဂါမှာပဲ အမြဲတမ်း မြင်တွေ့ချင်တာပါ။ တကယ်လို့ သူ ဘာစီလိုနာမှာ ဆက်နေဖြစ်မယ်ဆိုရင် အသင်းအတွက် အတော် ကောင်းမှာပါ။ မက်ဆီပါဝင်တဲ့ ဘာစီလိုနာအသင်းအဖွဲ့အစည်းဟာ လာလီဂါအတွက်လည်း အကျိုးသက်ရောက် မှုကောင်းစေနိုင်ပါတယ်။ ဘာစီလိုနာအသင်းကနေ ထွက်ခွာမယ်ဆိုတဲ့အချက်က မက်ဆီအတွက် အကြံကောင်း ဖြစ်မလားဆိုတာတော့ ကျွန်တော် ကျိန်းသေမပြောနိုင်ပါဘူး” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Sbotop

(zawgyi)

မက္ဆီနဲ႔အတူ လာလီဂါပုံရိပ္ကို ဆက္ျမွင့္တင္လိုတဲ့ တီဘက္စ္

လာလီဂါဥကၠ႒ ဂ်ာဗီယာတီဘက္စ္က ဘာစီလိုနာအသင္းပုံရိပ္ျဖစ္တဲ့ မက္ဆီအေနနဲ႔ စပိန္ေဘာလုံးေလာကကေန ထြက္ခြာသြားဖြယ္ရွိတယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္လိုက္ၿပီး ကိုရိုနာဗုိင္းရပ္စ္ ျပန္႔ပြားမႈေၾကာင့္ ေဘာလုံးပြဲေတြ ေနာက္တစ္ႀကိမ္ ရပ္နားႏိုင္တဲ့အတြက္ ဘ႑ာေရးအေျခအေနေတြကို ထိန္းသိမ္းဖို႔လည္း သတိေပးသြားခဲ့ပါတယ္။

၂၀၁၉-၂၀ ေဘာလုံးရာသီအတြင္းမွာ ဘာစီလိုနာအသင္းအေနနဲ႔ စိတ္ပ်က္ဖြယ္ရာေတြ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ မက္ဆီက အသင္းကေန ထြက္ခြာခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာဖူးထားသလို ဘာစီလိုနာဟာ အဲဒီရာသီ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ၈-၂ ဂိုးနဲ႔ အရွက္ရဖြယ္ ရႈံးခဲ့သလို လာလီဂါခ်န္ပီယံ ဆုကိုလည္း ရီးရဲလ္မက္ဒရစ္အသင္းဆီ လက္လႊတ္ေပးခဲ့ရပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ မက္ဆီရဲ႕ စာခ်ဳပ္တန္ေၾကးဟာ ယူရိုသန္း ၇၀၀ ရွိၿပီး ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအပါအ၀င္ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တို႔ဆီ ေရာက္ႏုိင္တယ္လို႔လည္း သတင္းေျပးခဲ့ပါေသးတယ္။

ဒါနဲ႔ပတ္သက္ၿပီး တီဘက္စ္က “ ကၽြန္ေတာ္ အၿမဲေျပာသလိုပါပဲ။ ကၽြန္ေတာ္ကေတာ့ မက္ဆီကို လာလီဂါမွာပဲ အၿမဲတမ္း ျမင္ေတြ႕ခ်င္တာပါ။ တကယ္လို႔ သူ ဘာစီလိုနာမွာ ဆက္ေနျဖစ္မယ္ဆိုရင္ အသင္းအတြက္ အေတာ္ ေကာင္းမွာပါ။ မက္ဆီပါ၀င္တဲ့ ဘာစီလိုနာအသင္းအဖြဲ႕အစည္းဟာ လာလီဂါအတြက္လည္း အက်ဳိးသက္ေရာက္ မႈေကာင္းေစႏိုင္ပါတယ္။ ဘာစီလုိနာအသင္းကေန ထြက္ခြာမယ္ဆိုတဲ့အခ်က္က မက္ဆီအတြက္ အႀကံေကာင္း ျဖစ္မလားဆိုတာေတာ့ ကၽြန္ေတာ္ က်ိန္္းေသမေျပာႏိုင္ပါဘူး” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။