မန်ယူဘယ်နောက်ခံလူ တဲလက်စ်လည်း ကိုရိုနာ positive ဖြစ်ပြီ

0
667

Sbotop

မန်ယူဘယ်နောက်ခံ ကစားသမား တဲလက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီလို့ ဗုဒ္ဒဟူးနေ့က အတည်ပြု သတင်းထွက်ပေါ်လာခဲ့ပါတယ်။ တဲလက်စ်ဟာ ပေါ်တိုကနေ မန်ယူအသင်းကို ပေါင် ၁၅ ဒသမ ၄ သန်းနဲ့ ဒီလအစောပိုင်းမှာ ရောက်လာခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒီကစားသမားဟာ ဗုဒ္ဒဟူးနေ့က လိုက်ဇစ်ကို ၅-ဝ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပါဝင် ၂ ပွဲ လွဲချော်ထားခဲ့ပြီးပါပြီ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကိုယ်တိုင်ကလည်း တဲလက်စ်မှာ ကိုဗစ်-၁၉ ကူးစက် ခံထားရတယ်ဆိုတဲ့အကြောင်းကို အတည်ပြုပေးခဲ့ပြီး ကစားသမားအနေနဲ့ ခံစားရသက်သာနေတယ်လို့လည်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဆိုးလ်ရှားက “ တဲလက်စ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက် ရက်အနည်းငယ်လောက်တော့ သူ အနားယူရမှာပါ။ ရောဂါလက္ခဏာတော့ သိသိသာသာ မပြပါဘူး။ ဒါကြောင့် သူ့အနေနဲ့ အဆင်ပြေနေပါတယ်။ မကြာခင်မှာပဲ သူ ပြန်လာနိုင်မှာပါ” လို့ ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ချန်ပီယံလိဂ်အုပ်စု(H)မှာ ထိပ်ဆုံး ရပ်တည်နေပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အဆင့် ၁၅ အထိ ရောက်ရှိနေပါတယ်။

(zawgyi)

မန္ယူဘယ္ေနာက္ခံလူ တဲလက္စ္လည္း ကိုရိုနာ positive ျဖစ္ၿပီ

မန္ယူဘယ္ေနာက္ခံ ကစားသမား တဲလက္စ္ဟာ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရၿပီလို႔ ဗုဒၵဟူးေန႔က အတည္ျပဳ သတင္းထြက္ေပၚလာခဲ့ပါတယ္။ တဲလက္စ္ဟာ ေပၚတိုကေန မန္ယူအသင္းကို ေပါင္ ၁၅ ဒသမ ၄ သန္းနဲ႔ ဒီလအေစာပိုင္းမွာ ေရာက္လာခဲ့သူျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔ ကစားခဲ့တဲ့ ၿပီးခဲ့တဲ့တစ္ပတ္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲဦးထြက္အျဖစ္ ပါ၀င္ကစားခဲ့သူလည္းျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဒီကစားသမားဟာ ဗုဒၵဟူးေန႔က လိုက္ဇစ္ကို ၅-၀ ဂိုးနဲ႔ အႏုိင္ရတဲ့ပြဲအပါ၀င္ ၂ ပြဲ လြဲေခ်ာ္ထားခဲ့ၿပီးပါၿပီ။ မန္ယူအသင္းနည္းျပ ဆိုးလ္ရွားကိုယ္တိုင္ကလည္း တဲလက္စ္မွာ ကိုဗစ္-၁၉ ကူးစက္ ခံထားရတယ္ဆုိတဲ့အေၾကာင္းကို အတည္ျပဳေပးခဲ့ၿပီး ကစားသမားအေနနဲ႔ ခံစားရသက္သာေနတယ္လို႔လည္း ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ဆိုးလ္ရွားက “ တဲလက္စ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့အတြက္ ရက္အနည္းငယ္ေလာက္ေတာ့ သူ အနားယူရမွာပါ။ ေရာဂါလကၡဏာေတာ့ သိသိသာသာ မျပပါဘူး။ ဒါေၾကာင့္ သူ႕အေနနဲ႔ အဆင္ေျပေနပါတယ္။ မၾကာခင္မွာပဲ သူ ျပန္လာႏုိင္မွာပါ” လုိ႔ ေျပာသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စု(H)မွာ ထိပ္ဆုံး ရပ္တည္ေနေပမဲ့ ပရီးမီးယားလိဂ္မွာေတာ့ အဆင့္ ၁၅ အထိ ေရာက္ရွိေနပါတယ္။

Sbotop