ယူကရိန်းအတွက် အိမ်ကွင်းမှာ စပိန်ကို အနိုင်ရဖို့ မလွယ်ကူနိုင်ဘူး

0
378

 

attachment-1        ယူအီးအက်ဖ်အေ နေးရှင်းလိဂ်အုပ်စု(A-4) ရဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ယူကရိန်းအသင်းနဲ့ စပိန်အသင်းတို့ဟာ ယူကရိန်းရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၄-၁၀-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ယူကရိန်းအသင်းက နေးရှင်းလိဂ် အုပ်စုပွဲ သုံးပွဲကစားအပြီး တစ်ပွဲနိုင် နှစ်ပွဲရှုံး ရမှတ် သုံးမှတ်နဲ့ အဆင့်သုံး နေရာမှာ ရှိနေပြီး စပိန်အသင်းက သုံးပွဲကစားအပြီးမှာ နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

စပိန် ၄ – ၀ ယူကရိန်း(နေးရှင်းလိဂ်)

ယူကရိန်း ၀ – ၁ စပိန်(ဥရောပချန်ပီယံပြိုင်ပွဲ)

စပိန် ၁ – ၀ ယူကရိန်း(ဥရောပချန်ပီယံပြိုင်ပွဲ)

စပိန် ၄ – ၀ ယူကရိန်း(၂၀၀၆ ကမ္ဘာ့ဖလား)

စပိန် ၂ – ၁ ယူကရိန်း(ဥရောပချန်ပီယံပြိုင်ပွဲ)

ယူကရိန်း ၂ – ၂ စပိန်(ဥရောပချန်ပီယံပြိုင်ပွဲ)

အိမ်ရှင် ယူကရိန်းအသင်းက ယခုနှစ် နေးရှင်းလိဂ်ပြိုင်ပွဲမှာ စပိန်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ် ရှုံးထားခဲ့ပြီး ယခုတစ်ကြိမ် အိမ်ကွင်းပွဲ ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပါတယ်။ စပိန်အသင်းက ယခုပွဲမှာ ရမှတ်အပြည့် ယူနိုင်ခဲ့ရင် အုပ်စုပထမနေရာမှာ ဆက်လက်ရပ်တည်နိုင်မှာ ဖြစ်လို့ ယူကရိန်းကို ဖိအားပေးကစားသွားနိုင် ပါတယ်။ ယူကရိန်းအသင်းက ယခုနှစ် နေးရှင်းလိဂ် အိမ်ကွင်းပွဲနှစ်ပွဲမှာ တစ်ပွဲနိုင် တစ်ပွဲရှုံးထားပြီး စပိန်နဲ့ ပွဲစဉ်ဟာ အိမ်ကွင်း နောက်ဆုံးပွဲအဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။ အုပ်စုဒုတိယနေရာမှာ ရှိနေတဲ့ ဂျာမနီ အသင်းက အုပ်စုအတွင်းမှာ ရလဒ်ပိုင်း အားနည်းနေတဲ့ ဆွစ်ဇာလန်အသင်းကို အိမ်ကွင်းပွဲ ကစားရမှာဖြစ်လို့ စပိန်အနေနဲ့ ရမှတ်ရယူနိုင်အောင် ကြိုးစားသွားနိုင်ပါတယ်။

ယူကရိန်းအသင်းမှာ ဒဏ်ရာရ ကစားသမား ရှစ်ဦးအထိ ရှိနေပြီး မာလီနော့စကီးက ပွဲပယ်ပြစ်ဒဏ် ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ စပိန်အသင်းမှာ ကာဗာဂျယ်နဲ့ လိုရန်တေးတို့ နှစ်ဦးက ဒဏ်ရာကြောင့် ယူကရိန်းနဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပိန်အသင်းက အနိုင်ရဖို့ ၈၀% အထိ ရှိနေပြီး ၂-၀ လောက်နဲ့ ယူကရိန်းကို အနိုင်ယူသွားနိုင်ပါတယ်။

Zawgyi

ယူကရိန္းအတြက္ အိမ္ကြင္းမွာ စပိန္ကို အနိုင္ရဖို႔ မလြယ္ကူနိုင္ဘူး

ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္အုပ္စု(A-4) ရဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္တဲ့ ယူကရိန္းအသင္းနဲ႔ စပိန္အသင္းတို႔ဟာ ယူကရိန္းရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၄-၁၀-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ နံနက္ ၁း၁၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ယူကရိန္းအသင္းက ေနးရွင္းလိဂ္ အုပ္စုပြဲ သုံးပြဲကစားအၿပီး တစ္ပြဲနိုင္ ႏွစ္ပြဲရႈံး ရမွတ္ သုံးမွတ္နဲ႔ အဆင့္သုံး ေနရာမွာ ရွိေနၿပီး စပိန္အသင္းက သုံးပြဲကစားအၿပီးမွာ ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ အုပ္စုပထမေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
စပိန္ ၄ – ၀ ယူကရိန္း(ေနးရွင္းလိဂ္)
ယူကရိန္း ၀ – ၁ စပိန္(ဥေရာပခ်န္ပီယံၿပိဳင္ပြဲ)
စပိန္ ၁ – ၀ ယူကရိန္း(ဥေရာပခ်န္ပီယံၿပိဳင္ပြဲ)
စပိန္ ၄ – ၀ ယူကရိန္း(၂၀၀၆ ကမၻာ့ဖလား)
စပိန္ ၂ – ၁ ယူကရိန္း(ဥေရာပခ်န္ပီယံၿပိဳင္ပြဲ)
ယူကရိန္း ၂ – ၂ စပိန္(ဥေရာပခ်န္ပီယံၿပိဳင္ပြဲ)
အိမ္ရွင္ ယူကရိန္းအသင္းက ယခုႏွစ္ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ စပိန္အသင္းကို အေဝးကြင္းမွာ ဂိုးျပတ္ ရႈံးထားခဲ့ၿပီး ယခုတစ္ႀကိမ္ အိမ္ကြင္းပြဲ ျပန္လည္ေတြ႕ဆုံရမွာ ျဖစ္ပါတယ္။ စပိန္အသင္းက ယခုပြဲမွာ ရမွတ္အျပည့္ ယူနိုင္ခဲ့ရင္ အုပ္စုပထမေနရာမွာ ဆက္လက္ရပ္တည္နိုင္မွာ ျဖစ္လို႔ ယူကရိန္းကို ဖိအားေပးကစားသြားနိုင္ ပါတယ္။ ယူကရိန္းအသင္းက ယခုႏွစ္ ေနးရွင္းလိဂ္ အိမ္ကြင္းပြဲႏွစ္ပြဲမွာ တစ္ပြဲနိုင္ တစ္ပြဲရႈံးထားၿပီး စပိန္နဲ႔ ပြဲစဥ္ဟာ အိမ္ကြင္း ေနာက္ဆုံးပြဲအျဖစ္ ကစားသြားရမွာ ျဖစ္ပါတယ္။ အုပ္စုဒုတိယေနရာမွာ ရွိေနတဲ့ ဂ်ာမနီ အသင္းက အုပ္စုအတြင္းမွာ ရလဒ္ပိုင္း အားနည္းေနတဲ့ ဆြစ္ဇာလန္အသင္းကို အိမ္ကြင္းပြဲ ကစားရမွာျဖစ္လို႔ စပိန္အေနနဲ႔ ရမွတ္ရယူနိုင္ေအာင္ ႀကိဳးစားသြားနိုင္ပါတယ္။
ယူကရိန္းအသင္းမွာ ဒဏ္ရာရ ကစားသမား ရွစ္ဦးအထိ ရွိေနၿပီး မာလီေနာ့စကီးက ပြဲပယ္ျပစ္ဒဏ္ ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ စပိန္အသင္းမွာ ကာဗာဂ်ယ္နဲ႔ လိုရန္ေတးတို႔ ႏွစ္ဦးက ဒဏ္ရာေၾကာင့္ ယူကရိန္းနဲ႔ပြဲမွာ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က စပိန္အသင္းက အနိုင္ရဖို႔ ၈၀% အထိ ရွိေနၿပီး ၂-၀ ေလာက္နဲ႔ ယူကရိန္းကို အနိုင္ယူသြားနိုင္ပါတယ္။