ယူရိုပါလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်က အနိုင်ရလဒ် သေချာတယ်

0
463

 

ယူရိုပါလိဂ်အုပ်စု(B) ရဲ့ အုပ်စုပွဲ တစ်ပွဲအဖြစ် ဩစတီးယားကလပ် ရာပစ် ဝီအမ်အသင်းနဲ့ အာဆင်နယ် အသင်းတို့ဟာ ဝီအမ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၂-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ည ၁၁း၂၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ဝီအမ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ယူရိုပါလိဂ်မှာ ပထမဆုံးအကြိမ်တွေ့ဆုံခြင်း ဖြစ်ပြီး ဝီအမ်အသင်းက အင်္ဂလန်ကလပ်တစ်သင်းဖြစ်တဲ့ အဲစတွန်ဗီလာအသင်းကို ၂၀၁၀-၁၁ ခုနှစ် ယူရိုပါလိဂ် ခြေစစ်ပွဲမှာ ၃-၂ နဲ့ အနိုင်ရထားခဲ့ပါတယ်။ အာဆင်နယ်အသင်းက ယူရိုပါလိဂ်ကို လေးနှစ်ဆက် တက်ရောက် နိုင်ခြင်း ဖြစ်ပြီး ၂၀၁၇-၁၈ ခုနှစ်က ဆီမီးဖိုင်နယ်၊ ၂၀၁၈-၁၈ ခုနှစ်က ဖိုင်နယ်နဲ့ ၂၀၁၉-၂၀ ခုနှစ်မှာ ၃၂ သင်း အဆင့်တွေကို ရောက်ရှိခဲ့ပါတယ်။

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဝီအမ်အသင်းက လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး အာဆင်နယ်အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ ဝီအမ်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲကို ရှစ်ကြိမ်ရောက်ရှိခဲ့ပြီး ၂၀၁၅-၁၆ ခုနှစ်နဲ့ ၂၀၁၈-၁၉ ခုနှစ်တွေမှာ အုပ်စုကနေ လွတ်မြောက်ပြီး ရှုံးထွက်အဆင့်ကို ရောက်ရှိခဲ့ပါတယ်။

ဝီအမ်အသင်းမှာ ဒဏ်ရာရကစားသမား လေးဦးရှိနေပြီး အာဆင်နယ်အသင်းမှာ ဒဏ်ရာရကစားသမား ရှစ်ဦးအထိ ရှိနေပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် ဝီအမ်အသင်းက အနိုင်ရဖို့ ရာခိုင်နှုန်းနည်းပါးနေပြီး အာဆင်နယ်က ၁-၂ လောက်နဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။

Zawgyi

ယူရိုပါလိဂ္အဖြင့္ပြဲမွာ အာဆင္နယ္က အနိုင္ရလဒ္ ေသခ်ာတယ္

ယူရိုပါလိဂ္အုပ္စု(B) ရဲ့ အုပ္စုပြဲ တစ္ပြဲအျဖစ္ ဩစတီးယားကလပ္ ရာပစ္ ဝီအမ္အသင္းနဲ႔ အာဆင္နယ္ အသင္းတို႔ဟာ ဝီအမ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၂-၁၀-၂၀၂၀ ရက္ ၾကာသပေတးေန႔ည ၁၁း၂၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။
ဝီအမ္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ ယူရိုပါလိဂ္မွာ ပထမဆုံးအႀကိမ္ေတြ႕ဆုံျခင္း ျဖစ္ၿပီး ဝီအမ္အသင္းက အဂၤလန္ကလပ္တစ္သင္းျဖစ္တဲ့ အဲစတြန္ဗီလာအသင္းကို ၂၀၁၀-၁၁ ခုႏွစ္ ယူရိုပါလိဂ္ ေျခစစ္ပြဲမွာ ၃-၂ နဲ႔ အနိုင္ရထားခဲ့ပါတယ္။ အာဆင္နယ္အသင္းက ယူရိုပါလိဂ္ကို ေလးႏွစ္ဆက္ တက္ေရာက္ နိုင္ျခင္း ျဖစ္ၿပီး ၂၀၁၇-၁၈ ခုႏွစ္က ဆီမီးဖိုင္နယ္၊ ၂၀၁၈-၁၈ ခုႏွစ္က ဖိုင္နယ္နဲ႔ ၂၀၁၉-၂၀ ခုႏွစ္မွာ ၃၂ သင္း အဆင့္ေတြကို ေရာက္ရွိခဲ့ပါတယ္။
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ဝီအမ္အသင္းက ေလးပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး အာဆင္နယ္အသင္းက ေလးပြဲနိုင္ ႏွစ္ပြဲရႈံးထားပါတယ္။ ဝီအမ္အသင္းက ယူရိုပါလိဂ္ၿပိဳင္ပြဲကို ရွစ္ႀကိမ္ေရာက္ရွိခဲ့ၿပီး ၂၀၁၅-၁၆ ခုႏွစ္နဲ႔ ၂၀၁၈-၁၉ ခုႏွစ္ေတြမွာ အုပ္စုကေန လြတ္ေျမာက္ၿပီး ရႈံးထြက္အဆင့္ကို ေရာက္ရွိခဲ့ပါတယ္။
ဝီအမ္အသင္းမွာ ဒဏ္ရာရကစားသမား ေလးဦးရွိေနၿပီး အာဆင္နယ္အသင္းမွာ ဒဏ္ရာရကစားသမား ရွစ္ဦးအထိ ရွိေနပါတယ္။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အိမ္ရွင္ ဝီအမ္အသင္းက အနိုင္ရဖို႔ ရာခိုင္ႏႈန္းနည္းပါးေနၿပီး အာဆင္နယ္က ၁-၂ ေလာက္နဲ႔ အနိုင္ရရွိသြားနိုင္ပါတယ္။