ရလဒ်ပိုင်းကျဆင်းနေတဲ့ ဖိအားကြောင့် အိမ်ရှင် ဘန်လေကို စပါးလ် ဂိုးပြတ်နိုင်ဖို့ ခက်ခဲနိုင်တယ်

0
467

 

ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ်နဲ့ ဘန်လေအသင်းနဲ့ စပါးလ်အသင်းတို့ဟာ ဘန်လေရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၇-၁၀-၂၀၂၀ ရက် အင်္ဂါနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘန်လေအသင်းက ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီး ရမှတ် ၁ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပြီး စပါးလ်အသင်းက ၅ ပွဲကစားအပြီး ရမှတ် ၈ မှတ် နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဘန်လေ ၁ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၅ – ၀ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၂ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၁ – ၀ ဘန်လေ(ပရီးမီးယားလိဂ်)

ဘန်လေ ၀ – ၃ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၁ – ၁ ဘန်လေ(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဘန်လေအသင်းက တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ လေးပွဲရှုံး ထားပြီး စပါးလ်အသင်းက သုံးပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပါတယ်။ စပါးလ်အသင်းက ဘန်လေအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲ ကစားအပြီး ၁၁ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ စပါးလ်အသင်းက ပရီးမီးယားလိဂ် ၁၁ ပွဲကစားအပြီး ၁၀ ပွဲရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဘန်လေအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက် နိုင်ပွဲမရရှိသေးပါဘူး။

ဘန်လေအသင်းမှာ ဘန်မီနဲ့ ဂျက်ကော့တို့က ဒဏ်ရာရနေပြီး စပါးလ်အသင်းမှာ တန်ဂန်ဂါတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘန်လေအသင်းက အနိုင်ရဖို့ ခက်ခဲနေပြီး စပါးလ်အသင်းက အနိုင်ရဖို့ ၈၀% ရှိနေပါတယ်။

Zawgyi

