ရိုနယ်ဒိုရဲ့ခြေရာကို အမီလိုက်နင်းနိုင်ခဲ့တဲ့ နေမာ

0
619

Sbotop

ဘရာဇီးတိုက်စစ်မှူး နေမာဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ ပီရူးအသင်းနဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းပေးနိုင်ပြီးနောက် ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရိုနယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီနိုင်ခဲ့တယ်လို့ သိရပါတယ်။ နေမာဟာ အဲဒီပွဲမှာ ဘရာဇီးအတွက် ဟက်ထရစ်ဂိုး သွင်းပေးနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက် ရိုနယ်ဒိုနဲ့အပြိုင် ဒုတိယသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့တာပါ။

နေမာဟာ လီမာမြို့မှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပင်နယ်တီကနေတစ်ဆင့် ၂ ဂိုး၊ အဆုံးသတ်ဂိုး တစ်ဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် နေမာဟာ ဘရာဇီးအသင်းအတွက် ကစားပေးခဲ့တဲ့ ၁၀၃ ပွဲမြောက်မှာ ၆၂ ဂိုးအထိ သွင်းပေးနိုင်ခဲ့တာဖြစ်ပြီး ရိုနယ်ဒိုနဲ့အတူ ထာဝရဂိုးသွင်းအများဆုံး စာရင်းမှာ ဒုတိယနေရာရခဲ့တာဖြစ်ပါတယ်။

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးဟောင်း ရိုနယ်ဒိုကတော့ လက်ရွေးစင်အသင်းအတွက် ၉၈ ပွဲမှာ ၆၂ ဂိုး သွင်းပေး ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ရိုနယ်ဒိုနဲ့ နေမာထက် ဂိုးသွင်းပိုများသူဆိုလို့ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြား ခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီး ပီလီသာရှိပြီး ဘရာဇီးအသင်းအတွက် ၇၇ ဂိုးသွင်းပေးထားကာ ထာဝရဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

(zawgyi)

ရိုနယ္ဒိုရဲ႕ေျခရာကို အမီလိုက္နင္းႏိုင္ခဲ့တဲ့ ေနမာ

ဘရာဇီးတိုက္စစ္မွဴး ေနမာဟာ အဂၤါေန႔က ကစားခဲ့တဲ့ ပီရူးအသင္းနဲ႔ ေတာင္အေမရိကဇုန္ ကမၻာ့ဖလား ေျခစစ္ပြဲမွာ ပင္နယ္တီကေနတစ္ဆင့္ ဂိုးသြင္းေပးႏုိင္ၿပီးေနာက္ ဂႏၳ၀င္တိုက္စစ္မွဴးေဟာင္း ရိုနယ္ဒိုရဲ႕ ဂိုးသြင္းစံခ်ိန္ကို လိုက္မီႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ေနမာဟာ အဲဒီပြဲမွာ ဘရာဇီးအတြက္ ဟက္ထရစ္ဂိုး သြင္းေပးႏိုင္ခဲ့တာျဖစ္ၿပီး ႏုိင္ငံလက္ေရြးစင္အသင္းအတြက္ ရိုနယ္ဒိုနဲ႔အၿပိဳင္ ဒုတိယသြင္းဂိုးအမ်ားဆုံး ကစားသမားျဖစ္လာခဲ့တာပါ။

Sbotop

ေနမာဟာ လီမာၿမိဳ႕မွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ပင္နယ္တီကေနတစ္ဆင့္ ၂ ဂိုး၊ အဆုံးသတ္ဂိုး တစ္ဂိုး သြင္းေပးခဲ့တာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ေနမာဟာ ဘရာဇီးအသင္းအတြက္ ကစားေပးခဲ့တဲ့ ၁၀၃ ပြဲေျမာက္မွာ ၆၂ ဂိုးအထိ သြင္းေပးႏုိင္ခဲ့တာျဖစ္ၿပီး ရိုနယ္ဒိုနဲ႔အတူ ထာ၀ရဂိုးသြင္းအမ်ားဆုံး စာရင္းမွာ ဒုတိယေနရာရခဲ့တာျဖစ္ပါတယ္။

ဘရာဇီးဂႏၳ၀င္တိုက္စစ္မွဴးေဟာင္း ရိုနယ္ဒိုကေတာ့ လက္ေရြးစင္အသင္းအတြက္ ၉၈ ပြဲမွာ ၆၂ ဂိုး သြင္းေပး ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ရိုနယ္ဒိုနဲ႔ ေနမာထက္ ဂိုးသြင္းပိုမ်ားသူဆိုလို႔ တစ္ေခတ္တစ္ခါက နာမည္ေက်ာ္ၾကား ခဲ့တဲ့ ဂႏၳ၀င္ကစားသမားႀကီး ပီလီသာရွိၿပီး ဘရာဇီးအသင္းအတြက္ ၇၇ ဂိုးသြင္းေပးထားကာ ထာ၀ရဂိုးသြင္း အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။