ရော်နယ်ဒိုကို ထိန်းချုပ်နိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်နေတဲ့ ဒက်ချမ့်စ်

0
788

Sbotop

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒီဒီယာဒက်ချမ့်စ်က ပေါ်တူဂီအသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ရော်နယ်ဒိုကို ထိန်းချုပ်နိုင်ခဲ့တဲ့အပေါ် ဝမ်းသာလျက်ရှိနေပြီး အဲဒီဂိုးမရှိသရေပွဲမှာ သူတို့ရဲ့အကောင်းဆုံးပုံစံကို မရခဲ့ဘူးလို့လည်း ဝန်ခံပြောကြား သွားခဲ့ပါတယ်။

ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတို့ဟာ ယူအီးအက်ဖ်အေနေရှင်းလိဂ် အုပ်စု A ၃ မှာ ထိပ်ဆုံးရပ်တည်နေကြတဲ့ အသင်းတွေဖြစ်ပြီး ပြင်သစ်မြေမှာ ကစားခဲ့တဲ့ အဲဒီပွဲကို ပရိသတ် ၁၀ဝ၀ လောက် တက်ရောက်အားပေးခဲ့ တယ်လို့လည်း သိရပါတယ်။ ဒါဟာ ပေါ်တူဂီအသင်း ဖလားရခဲ့တဲ့ ယူရို-၂၀၁၆ ဗိုလ်လုပွဲနောက်ပိုင်း ဒီနှစ်သင်းကြား ပထမဆုံး ပြန်လည်ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

အဲဒီပွဲမှာ ရော်နယ်ဒိုအနေနဲ့ ပြင်သစ်ဂိုးသမား လိုရစ်ကိုကျော်ဖြတ်နိုင်ခြင်းမရှိတာကြောင့် ဒက်ချမ့်စ်က “ ကျွန်တော်တို့က ခြေစွမ်းပိုကောင်းလာအောင် အမြဲတမ်းပဲ လုပ်နိုင်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ အရည်အသွေး ကြောင့် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်။ ဒီညနေခင်းမှာ ကျွန်တော်တို့ ရော်နယ်ဒိုကို မမြင် တွေ့ခဲ့ရဘူး။ ဒီလိုပွဲမျိုးမှာ တိုက်စစ်ဆင်ကစားရတာ အရမ်းခက်ပါတယ်။ တစ်ခါတစ်ရံ လှုပ်ရှားမှုတွေ မကောင်း ဖြစ်တတ်သလို တစ်ခါတလေ ဘောလုံးပေးပို့မှုတွေကလည်း လွဲချော်နေတတ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

Sbotop

(zawgyi)

ေရာ္နယ္ဒိုကို ထိန္းခ်ဳပ္ႏုိင္ခဲ့တဲ့အေပၚ ၀မ္းေျမာက္ေနတဲ့ ဒက္ခ်မ့္စ္

ျပင္သစ္လက္ေရြးစင္အသင္းနည္းျပ ဒီဒီယာဒက္ခ်မ့္စ္က ေပၚတူဂီအသင္းနဲ႔ ထိပ္တိုက္ေတြ႕ခဲ့တဲ့ ယူအီးအက္ဖ္ေအေနရွင္းလိဂ္ပြဲစဥ္မွာ ၿပိဳင္ဘက္တိုက္စစ္မွဴး ေရာ္နယ္ဒိုကို ထိန္းခ်ဳပ္ႏုိင္ခဲ့တဲ့အေပၚ ၀မ္းသာလ်က္ရွိေနၿပီး အဲဒီဂိုးမရွိသေရပြဲမွာ သူတို႔ရဲ႕အေကာင္းဆုံးပုံစံကို မရခဲ့ဘူးလို႔လည္း ၀န္ခံေျပာၾကား သြားခဲ့ပါတယ္။

ျပင္သစ္နဲ႔ ေပၚတူဂီအသင္းတို႔ဟာ ယူအီးအက္ဖ္ေအေနရွင္းလိဂ္ အုပ္စု A ၃ မွာ ထိပ္ဆုံးရပ္တည္ေနၾကတဲ့ အသင္းေတြျဖစ္ၿပီး ျပင္သစ္ေျမမွာ ကစားခဲ့တဲ့ အဲဒီပြဲကို ပရိသတ္ ၁၀၀၀ ေလာက္ တက္ေရာက္အားေပးခဲ့ တယ္လုိ႔လည္း သိရပါတယ္။ ဒါဟာ ေပၚတူဂီအသင္း ဖလားရခဲ့တဲ့ ယူရို-၂၀၁၆ ဗိုလ္လုပြဲေနာက္ပိုင္း ဒီႏွစ္သင္းၾကား ပထမဆုံး ျပန္လည္ထိပ္တိုက္ေတြ႕ဆုံမႈလည္း ျဖစ္ပါတယ္။

အဲဒီပြဲမွာ ေရာ္နယ္ဒိုအေနနဲ႔ ျပင္သစ္ဂိုးသမား လိုရစ္ကိုေက်ာ္ျဖတ္ႏုိင္ျခင္းမရွိတာေၾကာင့္ ဒက္ခ်မ့္စ္က “ ကၽြန္ေတာ္တုိ႔က ေျခစြမ္းပိုေကာင္းလာေအာင္ အၿမဲတမ္းပဲ လုပ္ႏုိင္ပါတယ္။ ၿပိဳင္ဘက္အသင္းရဲ႕ အရည္အေသြး ေၾကာင့္ ကၽြန္ေတာ္တို႔ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ခဲ့ရတယ္။ ဒီညေနခင္းမွာ ကၽြန္ေတာ္တို႔ ေရာ္နယ္ဒိုကို မျမင္ ေတြ႕ခဲ့ရဘူး။ ဒီလိုပြဲမ်ဳိးမွာ တိုက္စစ္ဆင္ကစားရတာ အရမ္းခက္ပါတယ္။ တစ္ခါတစ္ရံ လႈပ္ရွားမႈေတြ မေကာင္း ျဖစ္တတ္သလို တစ္ခါတေလ ေဘာလုံးေပးပို႔မႈေတြကလည္း လြဲေခ်ာ္ေနတတ္ပါတယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။