ရှုံးနိမ့်မှုကို ပြန်အဖတ်ဆယ်နိုင်ဖို့ ကြုံးဝါးနေတဲ့ ဆီမြွန်နီ

0
378

Sbotop

ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၄-ဝ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့ ဒီတစ်ပတ်ကစားရမယ့် ဘက်တစ်နဲ့ လာလီဂါပွဲစဉ်မှာ နိုင်ပွဲ ပြန်ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက ပြောကြားသွားခဲ့ပါတယ်။ အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကိုအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးခဲ့ရပြီးနောက် ၂၀၂၀-၂၁ ရာသီ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါဟာ ဆီမြွန်နီရဲ့ အက်သလက်တီကိုနည်းပြဘဝ ၉ နှစ်တာကာလအတွင်း အကြီးကျယ်ဆုံး ရှုံးပွဲ နေက်ထပ်တစ်ပွဲဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အက်သလက်တီကိုအသင်းဟာ ဒီတစ်ပတ်မှာ ဘက်တစ်အသင်းနဲ့ ရင်ဆိုင် ကစားရမှာဖြစ်ပြီး လာလီဂါ ၂၁ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်အောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ နည်းပြ ပယ်လီဂရီနီရဲ့ ဘက်တစ်အသင်းဟာ ဒီရာသီမှာ ခြိမ်းခြောက်နိုင်စွမ်း ရှိနေပြီး ၇၆ ကြိမ်အထိ ဂိုးကန်သွင်းချက်ရှိနေသလို ဂိုးရခွင့် ၅၇ ကြိမ်အထိ ဖန်တီးထားနိုင်ခဲ့ကာ ရီးရဲလ် အသင်းရဲ့စံချိန်ကို မီထားနိုင်တယ်လို့ သိရပါတယ်။

အက်သလက်တီကိုဟာ ဒီရာသီ လာလီဂါ ၄ ပွဲမှာ ၁ ဂိုးသာပေးထားရပေမဲ့ နည်းပြ ဆီမြွန်နီကတော့ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီးတဲ့နောက် နိုင်ပွဲပြန်ရယူနိုင်ဖို့ကို မျှော်လင့်နေတာပဲဖြစ်ပါတယ်။ ဆီမြွန်နီက “ အသင်းကို ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။ ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ရလို့ နာကျင်ခံစားရပေမဲ့ အသင်းကို ကျွန်တော် ယုံပါတယ်။ အဲဒီပွဲကနေ ကျွန်တော်တို့ သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်။ ပြီးတော့ အသင်းမှာရှိတဲ့သူတွေအတွက်လည်း ယုံကြည်မှုအပြည့်ရှိတယ်။ စိတ်အားထက်သန်မှုအပြည့်နဲ့ အသင်းကို ခင်ဗျားတို့ ပြန်မြင်လာရမှာပါ။ အဲဒါကို ဘက်တစ်နဲ့ပွဲအပြီးမှာ စောင့်ကြည့်နိုင်ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

Sbotop

ရႈံးနိမ့္မႈကို ျပန္အဖတ္ဆယ္ႏုိင္ဖို႔ ႀကဳံး၀ါးေနတဲ့ ဆီျမြန္နီ

ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ၄-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရေပမဲ့ ဒီတစ္ပတ္ကစားရမယ့္ ဘက္တစ္နဲ႔ လာလီဂါပြဲစဥ္မွာ ႏုိင္ပြဲ ျပန္ရယူႏုိင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း အက္သလက္တီကိုအသင္းနည္းျပ ဒီေယဂိုဆီျမြန္နီက ေျပာၾကားသြားခဲ့ပါတယ္။ အဂၤါေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အက္သလက္တီကိုအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ရႈံးခဲ့ရၿပီးေနာက္ ၂၀၂၀-၂၁ ရာသီ ပထမဆုံး ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါဟာ ဆီျမြန္နီရဲ႕ အက္သလက္တီကိုနည္းျပဘ၀ ၉ ႏွစ္တာကာလအတြင္း အႀကီးက်ယ္ဆုံး ရႈံးပြဲ ေနက္ထပ္တစ္ပြဲျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ အက္သလက္တီကိုအသင္းဟာ ဒီတစ္ပတ္မွာ ဘက္တစ္အသင္းနဲ႔ ရင္ဆိုင္ ကစားရမွာျဖစ္ၿပီး လာလီဂါ ၂၁ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းႏုိင္ေအာင္ ႀကိဳးစားသြားရမွာ ျဖစ္ပါတယ္။ နည္းျပ ပယ္လီဂရီနီရဲ႕ ဘက္တစ္အသင္းဟာ ဒီရာသီမွာ ၿခိမ္းေျခာက္ႏိုင္စြမ္း ရွိေနၿပီး ၇၆ ႀကိမ္အထိ ဂိုးကန္သြင္းခ်က္ရွိေနသလို ဂိုးရခြင့္ ၅၇ ႀကိမ္အထိ ဖန္တီးထားႏုိင္ခဲ့ကာ ရီးရဲလ္ အသင္းရဲ႕စံခ်ိန္ကို မီထားႏုိင္တယ္လို႔ သိရပါတယ္။

အက္သလက္တီကိုဟာ ဒီရာသီ လာလီဂါ ၄ ပြဲမွာ ၁ ဂိုးသာေပးထားရေပမဲ့ နည္းျပ ဆီျမြန္နီကေတာ့ ဘိုင္ယန္ျမဴးနစ္ကို ရႈံးနိမ့္ၿပီးတဲ့ေနာက္ ႏုိင္ပြဲျပန္ရယူႏိုင္ဖို႔ကို ေမွ်ာ္လင့္ေနတာပဲျဖစ္ပါတယ္။ ဆီျမြန္နီက “ အသင္းကို ကၽြန္ေတာ္ ယုံၾကည္မႈအျပည့္ရွိပါတယ္။ ဘိုင္ယန္ျမဴးနစ္ကို ရႈံးခဲ့ရလို႔ နာက်င္ခံစားရေပမဲ့ အသင္းကို ကၽြန္ေတာ္ ယုံပါတယ္။ အဲဒီပြဲကေန ကၽြန္ေတာ္တို႔ သင္ခန္းစာေတြ အမ်ားႀကီး ရခဲ့ပါတယ္။ ၿပီးေတာ့ အသင္းမွာရွိတဲ့သူေတြအတြက္လည္း ယုံၾကည္မႈအျပည့္ရွိတယ္။ စိတ္အားထက္သန္မႈအျပည့္နဲ႔ အသင္းကို ခင္ဗ်ားတို႔ ျပန္ျမင္လာရမွာပါ။ အဲဒါကို ဘက္တစ္နဲ႔ပြဲအၿပီးမွာ ေစာင့္ၾကည့္ႏုိင္ပါတယ္” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။