လိဒ်ယူနိုက်တက်ကွင်းမှာ မန်စီးတီးအသင်း ခက်ခက်ခဲခဲနဲ့ ရမှတ်သုံးမှတ် ယူသွားမှာပါ

0
284

ezgif-3-8dcd33bfe508ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် လိဒ်ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ လိဒ်ယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၃-၁၀-၂၀၂၀ ရက် စနေနေ့ည ၁၁း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်က ပရီးမီးယားလိဂ်သုံးပွဲ ကစားအပြီး နှစ်ပွဲနိုင် တစ်ပွဲရှုံးထားပြီး မန်စီးတီးက နှစ်ပွဲကစားအပြီး တစ်ပွဲနိုင် တစ်ပွဲရှုံး ထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်စီးတီး ၄ – ၀ လိဒ်ယူနိုက်တက်(အက်ဖ်အေဖလား)

လိဒ်ယူနိုက်တက် ၂ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၁ – ၁ လိဒ်ယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်စီးတီး ၂ – ၁ လိဒ်ယူနိုက်တက်(ပရီးမီးယားလိဂ်)

လိဒ်ယူနိုက်တက် ၃ – ၀ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၀ – ၄ လိဒ်ယူနိုက်တက်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲ ကစားအပြီး လိဒ်ယူနိုက်တက်က နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး မန်စီးတီးက နောက်ဆုံးလေးပွဲ ကစားအပြီးမှာ သုံးပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ လိဒ်ယူနိုက်တက်က မန်စီးတီးနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခုနစ်ပွဲကစားအပြီး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုး အထက် သွင်းယူထားနိုင်ပါတယ်။ မန်စီးတီးက လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်မှာ ခုနစ်ကြိမ် တွေ့ဆုံထားချိန်မှာ နှစ်ပွဲသာ အနိုင်ရခဲ့ပြီး ငါးပွဲရှုံးထားပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး သုံးပွဲဆက် အနိုင်ရထားပါတယ်။

လိဒ်ယူနိုက်တက်အသင်းမှာ ဟာမန်ဒက်ဇ်၊ ဘာအာဒီ၊ ကာဆီလာနဲ့ ဖော်ရှောတို့ ဒဏ်ရာရနေပြီး မန်စီးတီးအသင်းမှာ ဂွျန်စတုန်း၊ အဂူရို၊ ကန်ဆယ်လိုနဲ့ ဂျီးဆပ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်စီးတီးက အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀%နဲ့ လိဒ်ယူနိုက်တက် အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

လိဒ္ယူနိုက္တက္ကြင္းမွာ မန္စီးတီးအသင္း ခက္ခက္ခဲခဲနဲ႔ ရမွတ္သုံးမွတ္ ယူသြားမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၄ အျဖစ္ လိဒ္ယူနိုက္တက္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ လိဒ္ယူနိုက္တက္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၃-၁၀-၂၀၂၀ ရက္ စေနေန႔ည ၁၁း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လိဒ္ယူနိုက္တက္က ပရီးမီးယားလိဂ္သုံးပြဲ ကစားအၿပီး ႏွစ္ပြဲနိုင္ တစ္ပြဲရႈံးထားၿပီး မန္စီးတီးက ႏွစ္ပြဲကစားအၿပီး တစ္ပြဲနိုင္ တစ္ပြဲရႈံး ထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
မန္စီးတီး ၄ – ၀ လိဒ္ယူနိုက္တက္(အက္ဖ္ေအဖလား)
လိဒ္ယူနိုက္တက္ ၂ – ၁ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၁ – ၁ လိဒ္ယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္စီးတီး ၂ – ၁ လိဒ္ယူနိုက္တက္(ပရီးမီးယားလိဂ္)
လိဒ္ယူနိုက္တက္ ၃ – ၀ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၀ – ၄ လိဒ္ယူနိုက္တက္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေလးပြဲ ကစားအၿပီး လိဒ္ယူနိုက္တက္က ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံး ထားၿပီး မန္စီးတီးက ေနာက္ဆုံးေလးပြဲ ကစားအၿပီးမွာ သုံးပြဲနိုင္ တစ္ပြဲရႈံးထားပါတယ္။ မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံးခုနစ္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုးသြင္းယူထားနိုင္ပါတယ္။ လိဒ္ယူနိုက္တက္က မန္စီးတီးနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးခုနစ္ပြဲကစားအၿပီး ေျခာက္ပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုး အထက္ သြင္းယူထားနိုင္ပါတယ္။ မန္စီးတီးက လိဒ္ယူနိုက္တက္နဲ႔ ပရီးမီးယားလိဂ္မွာ ခုနစ္ႀကိမ္ ေတြ႕ဆုံထားခ်ိန္မွာ ႏွစ္ပြဲသာ အနိုင္ရခဲ့ၿပီး ငါးပြဲရႈံးထားပါတယ္။ မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး သုံးပြဲဆက္ အနိုင္ရထားပါတယ္။
လိဒ္ယူနိုက္တက္အသင္းမွာ ဟာမန္ဒက္ဇ္၊ ဘာအာဒီ၊ ကာဆီလာနဲ႔ ေဖာ္ေရွာတို႔ ဒဏ္ရာရေနၿပီး မန္စီးတီးအသင္းမွာ ဂြ်န္စတုန္း၊ အဂူရို၊ ကန္ဆယ္လိုနဲ႔ ဂ်ီးဆပ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က မန္စီးတီးက အနိုင္ရဖို႔ ၆၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀%နဲ႔ လိဒ္ယူနိုက္တက္ အနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။