လီဗာပူးလ်အသင်းမှာ လေးယောက်မြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ကီတာ

0
456

 

 

လီဗာပူးလ်အသင်းမှာ လေးယောက်မြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် ကွင်းလယ် ကစားသမား ကီတာမှာ ရောဂါပိုးတွေ့ရှိတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းမှာ သီယာဂို အယ်ကန်တာရာ၊ မာနေးနဲ့ ရှာကွီရီတို့ပြီးနောက် ကီတာမှာ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကီတာဟာ နိုင်ငံတကာပြိုင်ပွဲတွေ ကစားနေတဲ့ ကာလအတွင်းမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ သီးခြားခွဲထားရတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် လိုက်ပ်ဇစ်အသင်း ကစားသမားဟောင်းဖြစ်သူ ကီတာက ရောဂါပိုးတွေ့ရခဲ့လို့ အောက်တိုဘာ ၁၇ ရက် စနေနေ့မှာ ကစားမဲ့ မာဆေးဆိုဒ်ဒါဘီပွဲဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ခွင့် ရဖို့ မသေချာပါဘူး။

လီဗာပူးလ်အသင်းမှာ ရောဂါပိုးအရင်ဆုံးတွေ့ခဲ့ရတဲ့ သီယာဂိုက ၁၀ ကြာသီးခြားခွဲနေထိုင်ခဲ့တာ ပြီးဆုံးခဲ့ပြီးနောက် အသင်းနဲ့ ပါဝင်ခွင့်ရဖို့ ပြုလုပ်နေပါတယ်။ သီယာဂိုက လီဗာပူးလ်အသင်းကို ရောက်ရှိပြီးနောက် ပွဲဦးထွက် အနေနဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ပါဝင်ခွင့်ရခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့လို့ အာဆင်နယ်အသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲနဲ့ ဗီလာကို ၇-၂ နဲ့ ရှုံးခဲ့တဲ့ပွဲတွေမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းရဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာလည်း ပါဝင်ခွင့်မရခဲ့ပါဘူး။

နောက်ထပ်ပြီး ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူဖြစ်တဲ့ ရှာကွီရီဟာ စစ်ဆေးမှုတွေမှာ ရောဂ်ပိုးမတွေ့ခဲ့လို့ စပိန်အသင်းကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဆွစ်ဇာလန်အသင်းအတွက် ဒုတိယပိုင်းမှာ ဝင်ရောက်ကစားနိုင်ခဲ့ပါတယ်။ ကလာ့ပ်အနေနဲ့လည်း ရောဂါပိုးကူးစက်ခံရပြီး သက်သာလာတဲ့ သီယာဂိုက အသင်းနဲ့ ပါဝင်လာနိုင်ဖို့ ပြုလုပ်နေသလို ရောဂါလက္ခဏာအနည်းငယ်သ ပြသတယ်လို့ သိထားရတဲ့ မာနေးကိုလည်း အသင်းနဲ့ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်ထားသလို အဲဗာတန်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ လိုလားနေပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းကို ခါလာဘောင်းဖလား ၁၆ သင်း အဆင့်ပွဲမှာ ပင်နယ်တီနဲ့ ရှုံးခဲ့ပြီး ထွက်ခဲ့ရသလို အဲစတွန်ဗီလာကို ၇-၂ နဲ့ ရှုံးခဲ့တာက ပရိသတ်တွေကို ဆွံအ စေခဲ့ပါတယ်။

Zawgyi

လီဗာပူးလ္အသင္းမွာ ေလးေယာက္ေျမာက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ကီတာ

လီဗာပူးလ္အသင္းမွာ ေလးေယာက္ေျမာက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအျဖစ္ ကြင္းလယ္ ကစားသမား ကီတာမွာ ေရာဂါပိုးေတြ႕ရွိတယ္လို႔ သိရပါတယ္။ လီဗာပူးလ္အသင္းမွာ သီယာဂို အယ္ကန္တာရာ၊ မာေနးနဲ႔ ရွာကြီရီတို႔ၿပီးေနာက္ ကီတာမွာ ေရာဂါပိုးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ကီတာဟာ နိုင္ငံတကာၿပိဳင္ပြဲေတြ ကစားေနတဲ့ ကာလအတြင္းမွာ ေရာဂါပိုးေတြ႕ရွိခဲ့လို႔ သီးျခားခြဲထားရတယ္လို႔ သိရပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ လိုက္ပ္ဇစ္အသင္း ကစားသမားေဟာင္းျဖစ္သူ ကီတာက ေရာဂါပိုးေတြ႕ရခဲ့လို႔ ေအာက္တိုဘာ ၁၇ ရက္ စေနေန႔မွာ ကစားမဲ့ မာေဆးဆိုဒ္ဒါဘီပြဲျဖစ္တဲ့ အဲဗာတန္အသင္းနဲ႔ပြဲစဥ္မွာ ပါဝင္ခြင့္ ရဖို႔ မေသခ်ာပါဘူး။
လီဗာပူးလ္အသင္းမွာ ေရာဂါပိုးအရင္ဆုံးေတြ႕ခဲ့ရတဲ့ သီယာဂိုက ၁၀ ၾကာသီးျခားခြဲေနထိုင္ခဲ့တာ ၿပီးဆုံးခဲ့ၿပီးေနာက္ အသင္းနဲ႔ ပါဝင္ခြင့္ရဖို႔ ျပဳလုပ္ေနပါတယ္။ သီယာဂိုက လီဗာပူးလ္အသင္းကို ေရာက္ရွိၿပီးေနာက္ ပြဲဦးထြက္ အေနနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲမွာ ပါဝင္ခြင့္ရခဲ့ေပမဲ့ ကိုရိုနာဗိုင္းရပ္စ္ေတြ႕ရွိခဲ့လို႔ အာဆင္နယ္အသင္းကို ၃-၁ နဲ႔ အနိုင္ရခဲ့တဲ့ပြဲနဲ႔ ဗီလာကို ၇-၂ နဲ႔ ရႈံးခဲ့တဲ့ပြဲေတြမွာ ပါဝင္ခြင့္မရခဲ့ပါဘူး။ ဒါ့အျပင္ စပိန္လက္ေရြးစင္အသင္းရဲ့ ေနးရွင္းလိဂ္ပြဲစဥ္ေတြမွာလည္း ပါဝင္ခြင့္မရခဲ့ပါဘူး။
ေနာက္ထပ္ၿပီး ကိုရိုနာဗိုင္းရပ္စ္ေတြ႕ရွိသူျဖစ္တဲ့ ရွာကြီရီဟာ စစ္ေဆးမႈေတြမွာ ေရာဂ္ပိုးမေတြ႕ခဲ့လို႔ စပိန္အသင္းကို ၁-၀ နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ဆြစ္ဇာလန္အသင္းအတြက္ ဒုတိယပိုင္းမွာ ဝင္ေရာက္ကစားနိုင္ခဲ့ပါတယ္။ ကလာ့ပ္အေနနဲ႔လည္း ေရာဂါပိုးကူးစက္ခံရၿပီး သက္သာလာတဲ့ သီယာဂိုက အသင္းနဲ႔ ပါဝင္လာနိုင္ဖို႔ ျပဳလုပ္ေနသလို ေရာဂါလကၡဏာအနည္းငယ္သ ျပသတယ္လို႔ သိထားရတဲ့ မာေနးကိုလည္း အသင္းနဲ႔ ျပန္လည္ပါဝင္နိုင္ဖို႔ ေမၽွာ္လင့္ထားသလို အဲဗာတန္နဲ႔ပြဲစဥ္မွာ ပါဝင္နိုင္ဖို႔ လိုလားေနပါတယ္။
ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တဲ့ လီဗာပူးလ္အသင္းက အာဆင္နယ္အသင္းကို ခါလာေဘာင္းဖလား ၁၆ သင္း အဆင့္ပြဲမွာ ပင္နယ္တီနဲ႔ ရႈံးခဲ့ၿပီး ထြက္ခဲ့ရသလို အဲစတြန္ဗီလာကို ၇-၂ နဲ႔ ရႈံးခဲ့တာက ပရိသတ္ေတြကို ဆြံအ ေစခဲ့ပါတယ္။