သွင်းဂိုးနည်းနည်းနဲ့ အိမ်ကွင်းမှာ အဲဗာတန် အနိုင်ရမှတ်အပြည့်ယူသွားနိုင်တယ်

0
518

 

ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် အဲဗာတန်အသင်းနဲ့ ဘရိုင်တန်အသင်းတို့ဟာ အဲဗာတန်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၃-၁၀-၂၀၂၀ ရက် စနေနေ့ည ၈း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းက ပရီးမီးယားလိဂ် သုံးပွဲကစားအပြီး သုံးပွဲဆက် အနိုင်ရထားပေမဲ့ ဘရိုင်တန်အသင်းက သုံးပွဲကစားအပြီး တစ်ပွဲနိုင် နှစ်ပွဲရှုံးနဲ့ ရမှတ်သုံးမှတ်သာ ရယူထားနိုင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အဲဗာတန် ၁ – ၀ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၃ – ၂ အဲဗာတန်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၁ – ၀ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၃ – ၁ ဘရိုင်တန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၂ – ၀ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၁ – ၁ အဲဗာတန်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အဲဗာတန်က ခြောက်ပွဲဆက် အနိုင်ရထားပြီး ဘရိုင်တန်အသင်းက သုံးပွဲနိုင် သုံးပွဲရှုံးထားပါတယ်။ ဘရိုင်တန်အသင်းက အဲဗာတန်အသင်းမှာ သွားရောက် ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးရှစ်ပွဲမှာ အနိုင်ရရှိခြင်း မရှိခဲ့ဘဲ နှစ်ပွဲသရေ ခြောက်ပွဲရှုံးထားပါတယ်။ အဲဗာတန်အသင်းက ၁၉၃၈ ခုနှစ် နောက်ပိုင်း ရာသီအစ ပထမဆုံးအနေနဲ့ ပြိုင်ပွဲအရပ်ရပ် ခြောက်ပွဲဆက် အနိုင်ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ အဲဗာတန်အသင်းက ၂၀၁၆ ခုနှစ် ကိုးမန်းလက်ထက်မှာ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာ ပရီးမီးယားလိဂ် လေးပွဲဆက် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် လေးပွဲဆက် အနိုင်ရရှိခြင်း မရှိသေးပါဘူး။ ဘရိုင်တန်အသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံးရှစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင် ပါတယ်။ အဲဗာတန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကယ်ဗက် လီဝင်က ဘရိုင်တန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ရင် အဲဗာတန်အသင်းရဲ့ ပထမဆုံး လေးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်လာမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ အဲဗာတန်ကို ရောက်ရှိလာတဲ့ ရိုဒီဂွက်ဇ်က လေးပွဲကစားအပြီး ဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမား ဖြစ်နေပါတယ်။

အဲဗာတန်အသင်းမှာ တူဆန်၊ ဂါဘာမင်၊ ဟိုလ်ဂိတ်၊ အယ်လန်၊ ဘရန့်ဝိတ်တီ၊ ကန်နီနဲ့ ဂိုမက်စ်တို့က ဒဏ်ရာရနေပြီး ဘရိုင်တန်အသင်းမှာ အစ်ကွာအာဒို၊ အမ်ဒိုနီ၊ ဝေါတန်နဲ့ ပရိုပါတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အဲဗာတန်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၈၀% အထိ ရှိနေပြီး သရေဖြစ်ဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

သြင္းဂိုးနည္းနည္းနဲ႔ အိမ္ကြင္းမွာ အဲဗာတန္ အနိုင္ရမွတ္အျပည့္ယူသြားနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၄ အျဖစ္ အဲဗာတန္အသင္းနဲ႔ ဘရိုင္တန္အသင္းတို႔ဟာ အဲဗာတန္ရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၃-၁၀-၂၀၂၀ ရက္ စေနေန႔ည ၈း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းက ပရီးမီးယားလိဂ္ သုံးပြဲကစားအၿပီး သုံးပြဲဆက္ အနိုင္ရထားေပမဲ့ ဘရိုင္တန္အသင္းက သုံးပြဲကစားအၿပီး တစ္ပြဲနိုင္ ႏွစ္ပြဲရႈံးနဲ႔ ရမွတ္သုံးမွတ္သာ ရယူထားနိုင္ပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
အဲဗာတန္ ၁ – ၀ ဘရိုင္တန္(ပရီးမီးယားလိဂ္)
ဘရိုင္တန္ ၃ – ၂ အဲဗာတန္(ပရီးမီးယားလိဂ္)
ဘရိုင္တန္ ၁ – ၀ အဲဗာတန္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၃ – ၁ ဘရိုင္တန္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၂ – ၀ ဘရိုင္တန္(ပရီးမီးယားလိဂ္)
ဘရိုင္တန္ ၁ – ၁ အဲဗာတန္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အဲဗာတန္က ေျခာက္ပြဲဆက္ အနိုင္ရထားၿပီး ဘရိုင္တန္အသင္းက သုံးပြဲနိုင္ သုံးပြဲရႈံးထားပါတယ္။ ဘရိုင္တန္အသင္းက အဲဗာတန္အသင္းမွာ သြားေရာက္ ကစားခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးရွစ္ပြဲမွာ အနိုင္ရရွိျခင္း မရွိခဲ့ဘဲ ႏွစ္ပြဲသေရ ေျခာက္ပြဲရႈံးထားပါတယ္။ အဲဗာတန္အသင္းက ၁၉၃၈ ခုႏွစ္ ေနာက္ပိုင္း ရာသီအစ ပထမဆုံးအေနနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေျခာက္ပြဲဆက္ အနိုင္ရရွိထားတဲ့ အသင္းျဖစ္ပါတယ္။ အဲဗာတန္အသင္းက ၂၀၁၆ ခုႏွစ္ ကိုးမန္းလက္ထက္မွာ ဩဂုတ္လနဲ႔ စက္တင္ဘာလအတြင္းမွာ ပရီးမီးယားလိဂ္ ေလးပြဲဆက္ အနိုင္ရခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ေလးပြဲဆက္ အနိုင္ရရွိျခင္း မရွိေသးပါဘူး။ ဘရိုင္တန္အသင္းက ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံးရွစ္ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ပရီးမီးယားလိဂ္ ေနာက္ဆုံးေလးပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးအထက္ သြင္းယူထားနိုင္ ပါတယ္။ အဲဗာတန္အသင္းမွာ ေျခစြမ္းျပေနတဲ့ ကယ္ဗက္ လီဝင္က ဘရိုင္တန္နဲ႔ပြဲမွာ ဂိုးသြင္းယူနိုင္ခဲ့ရင္ အဲဗာတန္အသင္းရဲ့ ပထမဆုံး ေလးပြဲဆက္ ဂိုးသြင္းယူနိုင္ခဲ့သူ ျဖစ္လာမွာ ျဖစ္ပါတယ္။ ယခုႏွစ္မွာ အဲဗာတန္ကို ေရာက္ရွိလာတဲ့ ရိုဒီဂြက္ဇ္က ေလးပြဲကစားအၿပီး ဖန္တီးမႈ ၁၅ ႀကိမ္အထိ ျပဳလုပ္ေပးထားနိုင္တဲ့ ကစားသမား ျဖစ္ေနပါတယ္။
အဲဗာတန္အသင္းမွာ တူဆန္၊ ဂါဘာမင္၊ ဟိုလ္ဂိတ္၊ အယ္လန္၊ ဘရန႔္ဝိတ္တီ၊ ကန္နီနဲ႔ ဂိုမက္စ္တို႔က ဒဏ္ရာရေနၿပီး ဘရိုင္တန္အသင္းမွာ အစ္ကြာအာဒို၊ အမ္ဒိုနီ၊ ေဝါတန္နဲ႔ ပရိုပါတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အဲဗာတန္က အိမ္ကြင္းမွာ အနိုင္ရဖို႔ ၈၀% အထိ ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% ရွိေနပါတယ္။