အက်သလက်တီကိုမက်ဒရစ်က ၂-၁ လောက်နဲ့ အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို အနိုင်ယူသွားနိုင်တယ်

0
253

 

စပိန်လာလီဂါပွဲစဉ် ၅ အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ဟာ အက်သလက်တီကိုရဲ့ အိမ်ကွင်းပွဲအဖြစ် ၃-၁၀-၂၀၂၀ ရက် စနေနေ့ည ၈း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အက်သလက်တီကိုက လာလီဂါ နှစ်ပွဲကစားအပြီး တစ်ပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပြီး ဗီလာရီးရဲလ်က လာလီဂါ လေးပွဲ ကစားအပြီး နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ရမှတ်ခုနစ်မှတ် ရရှိထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အက်သလက်တီကိုမက်ဒရစ် ၃ – ၁ ဗီလာရီးရဲလ်(လာလီဂါ)

ဗီလာရီးရဲလ် ၀ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၂ – ၀ ဗီလာရီးရဲလ်(လာလီဂါ)

ဗီလာရီးရဲလ် ၁ – ၁ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ဗီလာရီးရဲလ် ၂ – ၁ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၁ ဗီလာရီးရဲလ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲ ကစားအပြီး အက်လက်တီကိုမက်ဒရစ်က နှစ်ပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပြီး ဗီလာရီးရဲလ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထား ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းက လာလီဂါ နောက်ဆုံး ၁၈ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး အိမ်ကွင်းမှာ ဗီလာရီးရဲလ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံးသုံးပွဲမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဗီလာရီးရဲလ်အသင်းက လာလီဂါ နောက်ဆုံးကိုးပွဲကစားအပြီး ရှစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက်သွင်းယူထားနိုင်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံးခြောက်ပွဲကစားအပြီး ငါးပွဲမှာ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်းမှာ ဗာဆာဂျီကိုက ဒဏ်ရာရနေပြီး ဗီလာရီးရဲလ်အသင်းမှာ မိုရီနို၊ ဂူအာရာနဲ့ ကိုကွီလင်းတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်ချက်က အက်လက်တီကိုက အိမ်ကွင်းမှာ အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ ဗီလာရီးရဲလ်အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

