အသင်းခြေစွမ်း ပြန်ထောင်တက်လာမယ်လို့ ယုံကြည်ထားတဲ့ ဂွါဒီယိုလာ

0
340

Sbotop

ဒီရာသီမှာ အကောင်းဆုံးခြေစွမ်း မရသေးပေမဲ့ သိပ်မကြာခင်မှာပဲ အကောင်းဆုံးပုံစံ ပြန်ရနိုင်လိမ့်မယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ စနေနေ့ပွဲမှာ ၁ ဂိုးစီ သရေသာ ကစားထားနိုင်ခဲ့သလို ပရီးမီးယားလိဂ် ၅ ပွဲမှာ ၈ မှတ်သာ ရယူထားနိုင်သေးပေမဲ့ ဂွါဒီယိုလာကတော့ အသင်းအပေါ် ယုံကြည်မှုရှိနေဆဲပါ။

မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၃ ပွဲမှာ တစ်ပွဲကို တစ်ဂိုးထက်ပိုပြီး မသွင်းနိုင်ခဲ့သလို အမှတ်ပေးဇယားအောက်ခြေ တစ်ဝက်မှာပဲ ရပ်တည်နေကာ ထိပ်ဆုံးက မာဆေးဆိုက်ဒါဘီပြိုင်ဘက် နှစ်သင်းနဲ့ ၅ မှတ်အထိ နောက်ကျကျန်နေပါတယ်။ ဒါပေမဲ့ ကက်တာလန်သား ဂွါဒီယိုလာဟာ အသင်းရဲ့ သွင်းဂိုးအားနည်းမှုအပေါ် စိုးရိမ်ကြောင့်ကျနေခြင်းမရှိဘဲ ဂါဘရီရယ်ဂျီးဆပ်နဲ့ အဂူရိုတို့ ဒဏ်ရာကြောင့် မကစားနိုင်တာကို ထောက်ပြသွားခဲ့ပါတယ်။

ဂွါဒီယိုလာက “ ကျွန်တော်တို့တွေ အခွင့်အရေး အလုံအလောက် ဖန်တီးနိုင်ခဲ့ကြပါတယ်။ အဓိကတိုက်စစ်မှူး နှစ်ယောက် ဒဏ်ရာရနေတဲ့အချိန်မှာ စတာလင်းတစ်ယောက်တည်း ရုန်းကန်နေရတာ အတော်များနေပါပြီ။ စတာလင်းကလည်း ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါပဲ။ သူနေ့တိုင်း ကစားနေရတာက သူကစားနေကျ နေရာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ လဲလှယ်စရာ ကစားသမားမှ မရှိတာ။ လက်ရှိအခြေအနေကို အသားကျအောင် ကျွန်တော်တို့ ကြိုးစားနေကြတာပါ။ ဒါတောင်မှ အခွင့်အရေးတွေ ကျွန်တော်တို့ ဖန်တီးနိုင် သေးတာပဲလေ။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ အသင်းအပေါ် စိတ်ရှည်သည်းခံပေးနိုင်ရမယ်” လို့ ဖွင့်ဟသွားခဲ့ ပါသေးတယ်။

(zawgyi)

Sbotop

အသင္းေျခစြမ္း ျပန္ေထာင္တက္လာမယ္လို႔ ယုံၾကည္ထားတဲ့ ဂြါဒီယိုလာ

ဒီရာသီမွာ အေကာင္းဆုံးေျခစြမ္း မရေသးေပမဲ့ သိပ္မၾကာခင္မွာပဲ အေကာင္းဆုံးပုံစံ ျပန္ရႏုိင္လိမ့္မယ္လို႔ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ မန္စီးတီးအသင္းဟာ ၀က္စ္ဟမ္းအသင္းနဲ႔ ကစားခဲ့တဲ့ စေနေန႔ပြဲမွာ ၁ ဂိုးစီ သေရသာ ကစားထားႏုိင္ခဲ့သလို ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၈ မွတ္သာ ရယူထားႏုိင္ေသးေပမဲ့ ဂြါဒီယိုလာကေတာ့ အသင္းအေပၚ ယုံၾကည္မႈရွိေနဆဲပါ။

မန္စီးတီးအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ လိဂ္ ၃ ပြဲမွာ တစ္ပြဲကို တစ္ဂိုးထက္ပိုၿပီး မသြင္းႏုိင္ခဲ့သလို အမွတ္ေပးဇယားေအာက္ေျခ တစ္၀က္မွာပဲ ရပ္တည္ေနကာ ထိပ္ဆုံးက မာေဆးဆိုက္ဒါဘီၿပိဳင္ဘက္ ႏွစ္သင္းနဲ႔ ၅ မွတ္အထိ ေနာက္က်က်န္ေနပါတယ္။ ဒါေပမဲ့ ကက္တာလန္သား ဂြါဒီယိုလာဟာ အသင္းရဲ႕ သြင္းဂိုးအားနည္းမႈအေပၚ စိုးရိမ္ေၾကာင့္က်ေနျခင္းမရွိဘဲ ဂါဘရီရယ္ဂ်ီးဆပ္နဲ႔ အဂူရိုတို႔ ဒဏ္ရာေၾကာင့္ မကစားႏုိင္တာကို ေထာက္ျပသြားခဲ့ပါတယ္။

ဂြါဒီယိုလာက “ ကၽြန္ေတာ္တုိ႔ေတြ အခြင့္အေရး အလုံအေလာက္ ဖန္တီးႏုိင္ခဲ့ၾကပါတယ္။ အဓိကတိုက္စစ္မွဴး ႏွစ္ေယာက္ ဒဏ္ရာရေနတဲ့အခ်ိန္မွာ စတာလင္းတစ္ေယာက္တည္း ရုန္းကန္ေနရတာ အေတာ္မ်ားေနပါၿပီ။ စတာလင္းကလည္း ထူးခၽြန္တဲ့ ကစားသမားတစ္ေယာက္ပါပဲ။ သူေန႔တိုင္း ကစားေနရတာက သူကစားေနက် ေနရာမ်ဳိး မဟုတ္ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တို႔မွာ လဲလွယ္စရာ ကစားသမားမွ မရွိတာ။ လက္ရွိအေျခအေနကို အသားက်ေအာင္ ကၽြန္ေတာ္တို႔ ႀကိဳးစားေနၾကတာပါ။ ဒါေတာင္မွ အခြင့္အေရးေတြ ကၽြန္ေတာ္တို႔ ဖန္တီးႏုိင္ ေသးတာပဲေလ။ ဒါေၾကာင့္ ခင္ဗ်ားတို႔အေနနဲ႔ အသင္းအေပၚ စိတ္ရွည္သည္းခံေပးႏုိင္ရမယ္” လို႔ ဖြင့္ဟသြားခဲ့ ပါေသးတယ္။