အသင်းသမိုင်းမှာ ရာသီအစပထမဆုံးငါးပွဲဆက် နိုင်ပွဲအဖြစ် အိမ်ရှင် အဲစတွန်ဗီလာက ပြုလုပ်သွားမှာ သေချာတယ်

0
592

 

ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် အဲစတွန်ဗီလာအသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ဟာ အဲစတွန်ဗီလာရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၄-၁၀-၂၀၂၀ ရက် စနေနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အဲစတွန်ဗီလာအသင်းက ပရီးမီးယားလိဂ် ၄ ပွဲကစားအပြီး ၄ ပွဲဆက် နိုင်ပွဲ ဖြစ်ပေါ်ထားပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ လိဒ်အသင်းက ငါးပွဲ ကစားအပြီး နှစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လိဒ် ၁ – ၁ အဲစတွန်ဗီလာ(ချန်ပီယံရှစ်)

အဲစတွန်ဗီလာ ၂ – ၃ လိဒ်(ချန်ပီယံရှစ်)

အဲစတွန်ဗီလာ ၁ – ၀ လိဒ်(ချန်ပီယံရှစ်)

လိဒ် ၁ – ၁ အဲစတွန်ဗီလာ(ချန်ပီယံရှစ်)

အဲစတွန်ဗီလာ ၁ – ၁ လိဒ်(ချန်ပီယံရှစ်)

လိဒ် ၂ – ၀ အဲစတွန်ဗီလာ(ချန်ပီယံရှစ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အဲစတွန်ဗီလာက ငါးပွဲနိုင် တစ်ပွဲရှုံးထားပြီး လိဒ်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ အဲစတွန်ဗီလာအသင်းက ၁၉၃၀-၃၁ ခုနှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ် ရာသီအစလေးပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက် ယခုတစ်ဖန် လေးပွဲဆက် အနိုင်ရရှိခြင်း ဖြစ်ပြီး လိဒ်ယူနိုက်တက်ကို အနိုင်ရခဲ့ရင် အသင်းသမိုင်းကြောင်းမှာ ပထမဆုံး ငါးပွဲဆက် နိုင်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲစတွန်ဗီလာအသင်းက လိဒ်အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ရှစ်ပွဲ တွေ့ဆုံအပြီး ခုနစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ လိဒ်ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လေးပွဲမှာ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲစတွန်ဗီလာက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ သုံးပွဲဆက် အနိုင်ရရှိခြင်းကို ၂၀၀၆-၀၇ ခုနှစ် ဘောလုံးရာသီက ဖြစ်ပေါ်ထားခဲ့ပြီး ယခုနှစ်မှာ အိမ်ကွင်း သုံးပွဲဆက် အနိုင်ရဖို့ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အဲစတွန်ဗီလာက ယခုနှစ် ဘောလုံးရာသီ အစလေးပွဲမှာ ပေးဂိုး နှစ်ဂိုးသာ ဖြစ်ပေါ်ထားပြီး ပေးဂိုးအနည်းဆုံးအသင်းဖြစ်နေပြီး ယခုနှစ်မှာ အခြားပေးဂိုး နည်းတဲ့ အသင်းတွေထက် လေးဂိုးအသာစီး ရထားပါတယ်။

အဲစတွန်ဗီလာအသင်းမှာ ဝက်စလေက ဒဏ်ရာရနေပြီး လိဒ်အသင်းမှာ ဖီးလစ်၊ ဘာအာဒီ၊ ဖိုးရှောနဲ့ လိုရန်တေးတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် အဲစတွန်ဗီလာက အနိုင်ရဖို့ ၇၅% ရှိနေပြီး သွင်းဂိုး ၂-၁ လောက် သွင်းယူသွားနိုင်ပါတယ်။

Zawgyi

