အာတီတာက အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ဖလား ရယူပေးသွားနိုင်မယ်လို့ အာစင်ဝင်းဂါး ယုံကြည်မှု အပြည့်ရှိနေ

0
291

 

Sbotop         အာဆင်နယ်အသင်းကို ကိုင်တွယ်နေတဲ့ အာတီတာဟာ အသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိအောင် ပြုလုပ်သွားနိုင်မယ်လို့ အသင်းမန်နေဂျာဟောင်း ဖြစ်ခဲ့သူ အာစင်ဝင်းဂါးက ယုံကြည်မှု အပြည့်ရှိနေပါတယ်။ အာစင်ဝင်းဂါး ထွက်ခွာသွားပြီးနောက် အမ်မရီ ရောက်ရှိလာခဲ့ပေမဲ့ အောင်မြင်မှုမရရှိခဲ့ပေမဲ့ အာတီတာ လက်ထက်မှာတော့ အသင်းကို ပြန်လည်တည်ဆောက်ပြီး အောင်မြင်မှုတွေ ရရှိအောင် ပြုလုပ်နေပါတယ်။

အာစင်ဝင်းဂါးက ၂၀၁၈ ခုနှစ်က အာဆင်နယ်အသင်းကနေ ထွက်ခွာပြီးနောက် ဖီဖာရဲ့ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ၎င်းက ၂၂ နှစ်တာ ကာလအတွင်းမှာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ဖလား သုံးကြိမ်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အာစင်ဝင်းဂါးက အာတီတာက ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဖြစ်ခဲ့သူ ဟင်နရီ ကလည်း အသင်းကို ပြန်လာပြီး မန်နေဂျာအဖြစ်နဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။

71

အာစင်ဝင်းဂါးက “ ဟင်နရီအနေနဲ့လည်း မန်နေဂျာဘ၀မှာ အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်နေမိပါ တယ်။ တကယ်လို့ သူက မန်နေဂျာအဖြစ် အောင်မြင်မှုတွေ ရရှိခဲ့မယ်ဆိုရင် အာဆင်နယ်ကို ပြန်လာဖို့ မျှော်လင့်မိ တယ်။ ဒါပေမဲ့ ကွျန်တော့်ဘက်က အထူးတလည်ဆန္ဒရှိတာကတော့ ဒီအဖြစ်အပျက်တွေ မတိုင်ခင်မှာ ပရီးမီးယား လိဂ်ချန်ပီယံဖြစ်လာဖို့ပါပဲ။ ဥပမာအနေနဲ့ အာတီတာက အသင်းကို တာဝန်ယူထားတဲ့ အခုချိန်မှာ ဘာကြာင့် ကွျန်တော်တို့တွေ ဖလားရအောင် မပြုလုပ်နိုင်ရမှာလဲ။ ဒီအကြောင်းက ကလပ်ကို ထင်ရှားတဲ့ လက္ခဏာတစ်ခု ဖြစ်စေပါတယ်။ ထင်ရှားတဲ့လက္ခဏာ ဆိုတာကလည်း တန်ဖိုးတစ်ခုပါ။ တန်ဖိုးဆိုတာကလည်း လူတွေ သယ်ဆောင်သွားတဲ့အရာ ဖြစ်တယ်။ ဒီနေရာမှာ အရေးကြီးဆုံးက ကွျန်တော်တို့ရဲ့ ရှေ့မှာ တစ်ခုပြီး တစ်ခု ဆက်တိုက်ဖြစ်နေဖို့ပါပဲ ” လို့ ပြောပါတယ်။

ဟင်နရီဟာ ဘယ်လ်ဂျီယမ်အသင်းရဲ့ လက်ထောက်မန်နေဂျာအဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူခဲ့ပြီးနောက် ပြင်သစ်ကလပ်ဖြစ်တဲ့ မိုနာကိုအသင်းကို ၁၀၄ ရက် ကိုင်တွယ်ခဲ့ပါတယ်။ လက်ရှိအချိန် မှာတော့ မေဂျာလိဂ်ကလပ် မောက်ရီးရဲလ် အင်းပက်အသင်းကို မန်နေဂျာအဖြစ် တာဝန်ယူထားပါတယ်။

Zawgyi

အာတီတာက အာဆင္နယ္အသင္းကို ပရီးမီးယားလိဂ္ဖလား ရယူေပးသြားနိုင္မယ္လို႔ အာစင္ဝင္းဂါး ယုံၾကည္မႈ အျပည့္ရွိေန

အာဆင္နယ္အသင္းကို ကိုင္တြယ္ေနတဲ့ အာတီတာဟာ အသင္းကို ပရီးမီးယားလိဂ္ဖလား ရရွိေအာင္ ျပဳလုပ္သြားနိုင္မယ္လို႔ အသင္းမန္ေနဂ်ာေဟာင္း ျဖစ္ခဲ့သူ အာစင္ဝင္းဂါးက ယုံၾကည္မႈ အျပည့္ရွိေနပါတယ္။ အာစင္ဝင္းဂါး ထြက္ခြာသြားၿပီးေနာက္ အမ္မရီ ေရာက္ရွိလာခဲ့ေပမဲ့ ေအာင္ျမင္မႈမရရွိခဲ့ေပမဲ့ အာတီတာ လက္ထက္မွာေတာ့ အသင္းကို ျပန္လည္တည္ေဆာက္ၿပီး ေအာင္ျမင္မႈေတြ ရရွိေအာင္ ျပဳလုပ္ေနပါတယ္။
အာစင္ဝင္းဂါးက ၂၀၁၈ ခုႏွစ္က အာဆင္နယ္အသင္းကေန ထြက္ခြာၿပီးေနာက္ ဖီဖာရဲ့ ေဘာလုံးအားကစားဖြံ့ၿဖိဳးတိုးတက္ေရးမွာ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ၿပီး ၎က ၂၂ ႏွစ္တာ ကာလအတြင္းမွာ အာဆင္နယ္အသင္းကို ပရီးမီးယားလိဂ္ဖလား သုံးႀကိမ္ရေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။ အာစင္ဝင္းဂါးက အာတီတာက ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီးေနာက္ အသင္းရဲ့ ဂႏၴဝင္တိုက္စစ္မႉး ျဖစ္ခဲ့သူ ဟင္နရီ ကလည္း အသင္းကို ျပန္လာၿပီး မန္ေနဂ်ာအျဖစ္နဲ႔ ေအာင္ျမင္မႈေတြ ရယူေပးနိုင္ဖို႔လည္း ေမၽွာ္လင့္ထားပါတယ္။
အာစင္ဝင္းဂါးက “ ဟင္နရီအေနနဲ႔လည္း မန္ေနဂ်ာဘ၀မွာ ေအာင္ျမင္မႈေတြ ရရွိဖို႔ ေမၽွာ္လင့္ေနမိပါ တယ္။ တကယ္လို႔ သူက မန္ေနဂ်ာအျဖစ္ ေအာင္ျမင္မႈေတြ ရရွိခဲ့မယ္ဆိုရင္ အာဆင္နယ္ကို ျပန္လာဖို႔ ေမၽွာ္လင့္မိ တယ္။ ဒါေပမဲ့ ကြ်န္ေတာ့္ဘက္က အထူးတလည္ဆႏၵရွိတာကေတာ့ ဒီအျဖစ္အပ်က္ေတြ မတိုင္ခင္မွာ ပရီးမီးယား လိဂ္ခ်န္ပီယံျဖစ္လာဖို႔ပါပဲ။ ဥပမာအေနနဲ႔ အာတီတာက အသင္းကို တာဝန္ယူထားတဲ့ အခုခ်ိန္မွာ ဘာၾကာင့္ ကြ်န္ေတာ္တို႔ေတြ ဖလားရေအာင္ မျပဳလုပ္နိုင္ရမွာလဲ။ ဒီအေၾကာင္းက ကလပ္ကို ထင္ရွားတဲ့ လကၡဏာတစ္ခု ျဖစ္ေစပါတယ္။ ထင္ရွားတဲ့လကၡဏာ ဆိုတာကလည္း တန္ဖိုးတစ္ခုပါ။ တန္ဖိုးဆိုတာကလည္း လူေတြ သယ္ေဆာင္သြားတဲ့အရာ ျဖစ္တယ္။ ဒီေနရာမွာ အေရးႀကီးဆုံးက ကြ်န္ေတာ္တို႔ရဲ့ ေရွ႕မွာ တစ္ခုၿပီး တစ္ခု ဆက္တိုက္ျဖစ္ေနဖို႔ပါပဲ ” လို႔ ေျပာပါတယ္။
ဟင္နရီဟာ ဘယ္လ္ဂ်ီယမ္အသင္းရဲ့ လက္ေထာက္မန္ေနဂ်ာအျဖစ္ ၂၀၁၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ တာဝန္ယူခဲ့ၿပီးေနာက္ ျပင္သစ္ကလပ္ျဖစ္တဲ့ မိုနာကိုအသင္းကို ၁၀၄ ရက္ ကိုင္တြယ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္ မွာေတာ့ ေမဂ်ာလိဂ္ကလပ္ ေမာက္ရီးရဲလ္ အင္းပက္အသင္းကို မန္ေနဂ်ာအျဖစ္ တာဝန္ယူထားပါတယ္။