အိမ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ်က အောင်ပွဲခံသွားမှာပါ

0
246

 

လာလီဂါပွဲစဉ် ၇ အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရီးရဲလ်ဘက်တစ်အသင်းတို့ဟာ အက်သလက်တီကိုရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၅-၁၀-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အက်သလက်တီကိုက လာလီဂါ ၄ ပွဲကစားအပြီး ရမှတ် ၈ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေပြီး ရီးရဲလ် ဘက်တစ်အသင်းက လာလီဂါ ၆ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ရီးရဲလ်ဘက်တစ်(လာလီဂါ)

ရီးရဲလ်ဘက်တစ် ၁ – ၂ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ရီးရဲလ်ဘက်တစ် ၁ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ရီးရဲလ်ဘက်တစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၀ – ၀ ရီးရဲလ်ဘက်တစ်(လာလီဂါ)

ရီးရဲလ်ဘက်တစ် ၀ – ၁ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး အက်သလက်တီကိုမက်ဒရစ်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ရီးရဲလ်ဘက်တစ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး သုံးပွဲနိုင် သုံးပွဲရှုံး ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ ပွဲ ၂၀ ဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ရီးရဲဘက်တစ်နဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ကိုးပွဲမှာ ရှစ်ပွဲက ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က အိမ်ကွင်းမှာ ရီးရဲလ်ဘက်တစ်နဲ့တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ကိုးပွဲမှာ ရှစ်ပွဲ အနိုင်ရထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ငါးပွဲမှာ ပေးဂိုး မရှိ ဖြစ်ပေါ်ထားပါတယ်။ ရီးရဲလ်ဘက်တစ်အသင်းက လာလီဂါ အဝေးကွင်းပွဲ နောက်ဆုံး ခြောက်ပွဲ ကစားအပြီး ငါးပွဲမှာ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ အက်လက်တီကိုက ရီးရဲလ်ဘက်တစ်နဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ရှစ်ပွဲတွေ့ဆုံအပြီး ခုနစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဗာဆာဂျီကိုနဲ့ ကော်စတာတို့က ဒဏ်ရာရနေပြီး ရီးရဲလ်ဘက်တစ် အသင်းမှာ မာတင်နဲ့ ကာမာရာဆာက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အက်သလက်တီမက်ဒရစ်က အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၄၀% ရှိနေပါတယ်။ သွင်းဂိုး အနေနဲ့ ၂-၁ လောက်နဲ့ အက်သလက်တီကိုက အနိုင်ရရှိသွားနိုင်ပါတယ်။

Zawgyi

