အိမ်ရှင် စပိန်က တစ်ဂိုးအသာလောက်နဲ့ ဆွစ်ဇာလန်ကို အနိုင်ယူသွားမှာပါ

0
353

 

 

နေးရှင်းလိဂ်အုပ်စု(A4) ရဲ့ ပွဲစဉ် တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ဟာ စပိန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၁-၁၀-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ စပိန်အသင်းက အုပ်စုပွဲ နှစ်ပွဲကစားအပြီးမှာ ဂျာမနီကို ၁-၁ သရေဖြစ်ထားပြီး ယူကရိန်းကို ၄-၀ နဲ့ အနိုင်ရထားလို့ ၄ မှတ်ရထားပါတယ်။ ဆွစ်ဇာလန်အသင်းက နှစ်ပွဲကစားအပြီးမှာ ယူကရိန်းကို ၂-၁ နဲ့ ရှုံးထားပြီး ဂျာမနီကို ၁-၁ သရေဖြစ်ထားလို့ ရမှတ် ၁ မှတ်ရထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး လေးကြိမ်

စပိန် ၁ – ၁ ဆွစ်ဇာလန်(ခြေစမ်းပွဲ)

စပိန် ၀ – ၁ ဆွစ်ဇာလန်(၂၀၁၀ ကမ္ဘာ့ဖလား)

စပိန် ၃ – ၀ ဆွစ်ဇာလန်(၁၉၉၄ ကမ္ဘာ့ဖလား)

စပိန် ၂ – ၁ ဆွစ်ဇာလန်(၁၉၆၆ ကမ္ဘာ့ဖလား)

စပိန်အသင်းဟာ အင်္ဂလန်အသင်းကို လွန်ခဲ့တဲ့ နှစ်နှစ်က အိမ်ကွင်းမှာ ရှုံးခဲ့ပြီးနောက် ပြိုင်ပွဲအရပ်ရပ် ခုနစ်ပွဲဆက် အနိုင်ရရှိထားသလို ပေးဂိုးတစ်ဂိုးသာ ပေးထားရပါတယ်။ စပိန်အသင်းက နောက်ဆုံးခြေစမ်းပွဲအဖြစ် ပေါ်တူဂီအသင်းနဲ့ ၁-၁ သရေဖြစ်ထားပေမဲ့ ဆွစ်ဇာလန်အသင်းက ခရိုအေးရှားအသင်းကို ခြေစမ်းပွဲမှာ ၂-၁ နဲ့ အနိုင်ရထားပါတယ်။ ဆွစ်ဇာလန်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့လိုပ ခံစစ်အားကောင်းတဲ့ စပိန်အသင်းရဲ့ အိမ်ကွင်းမှာ ဂိုးတွေ ရရှိဖို့ ခက်ခဲစေပါလိမ့်မယ်။

စပိန်အသင်းမှာ ကာဗာဂျယ်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ဆွစ်ဇာလန်အသင်းမှာ စတီဖန်က ဒဏ်ရာရနေပြီး ရှာကွီရီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပိန်အသင်းက အနိုင်ရဖို့ ၇၅% ရှိနေပြီး ဆွစ်ဇာလန်အသင်း အနိုင်ရဖို့ ၂၅% ရှိနေပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဂိုးရလဒ်အနေနဲ့ စပိန်က ၁-၀ နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

အိမ္ရွင္ စပိန္က တစ္ဂိုးအသာေလာက္နဲ႔ ဆြစ္ဇာလန္ကို အနိုင္ယူသြားမွာပါ

ေနးရွင္းလိဂ္အုပ္စု(A4) ရဲ့ ပြဲစဥ္ တစ္ပြဲျဖစ္တဲ့ စပိန္အသင္းနဲ႔ ဆြစ္ဇာလန္အသင္းတို႔ဟာ စပိန္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၁-၁၀-၂၀၂၀ ရက္ တနဂၤေႏြေန႔ နံနက္ ၁း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ စပိန္အသင္းက အုပ္စုပြဲ ႏွစ္ပြဲကစားအၿပီးမွာ ဂ်ာမနီကို ၁-၁ သေရျဖစ္ထားၿပီး ယူကရိန္းကို ၄-၀ နဲ႔ အနိုင္ရထားလို႔ ၄ မွတ္ရထားပါတယ္။ ဆြစ္ဇာလန္အသင္းက ႏွစ္ပြဲကစားအၿပီးမွာ ယူကရိန္းကို ၂-၁ နဲ႔ ရႈံးထားၿပီး ဂ်ာမနီကို ၁-၁ သေရျဖစ္ထားလို႔ ရမွတ္ ၁ မွတ္ရထားပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံး ေလးႀကိမ္
စပိန္ ၁ – ၁ ဆြစ္ဇာလန္(ေျခစမ္းပြဲ)
စပိန္ ၀ – ၁ ဆြစ္ဇာလန္(၂၀၁၀ ကမၻာ့ဖလား)
စပိန္ ၃ – ၀ ဆြစ္ဇာလန္(၁၉၉၄ ကမၻာ့ဖလား)
စပိန္ ၂ – ၁ ဆြစ္ဇာလန္(၁၉၆၆ ကမၻာ့ဖလား)
စပိန္အသင္းဟာ အဂၤလန္အသင္းကို လြန္ခဲ့တဲ့ ႏွစ္ႏွစ္က အိမ္ကြင္းမွာ ရႈံးခဲ့ၿပီးေနာက္ ၿပိဳင္ပြဲအရပ္ရပ္ ခုနစ္ပြဲဆက္ အနိုင္ရရွိထားသလို ေပးဂိုးတစ္ဂိုးသာ ေပးထားရပါတယ္။ စပိန္အသင္းက ေနာက္ဆုံးေျခစမ္းပြဲအျဖစ္ ေပၚတူဂီအသင္းနဲ႔ ၁-၁ သေရျဖစ္ထားေပမဲ့ ဆြစ္ဇာလန္အသင္းက ခရိုေအးရွားအသင္းကို ေျခစမ္းပြဲမွာ ၂-၁ နဲ႔ အနိုင္ရထားပါတယ္။ ဆြစ္ဇာလန္အသင္းက ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ၁၄ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးသာ သြင္းယူနိုင္ခဲ့လိုပ ခံစစ္အားေကာင္းတဲ့ စပိန္အသင္းရဲ့ အိမ္ကြင္းမွာ ဂိုးေတြ ရရွိဖို႔ ခက္ခဲေစပါလိမ့္မယ္။
စပိန္အသင္းမွာ ကာဗာဂ်ယ္က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္သလို ဆြစ္ဇာလန္အသင္းမွာ စတီဖန္က ဒဏ္ရာရေနၿပီး ရွာကြီရီက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရလို႔ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က စပိန္အသင္းက အနိုင္ရဖို႔ ၇၅% ရွိေနၿပီး ဆြစ္ဇာလန္အသင္း အနိုင္ရဖို႔ ၂၅% ရွိေနပါတယ္။ ျဖစ္ေပၚလာနိုင္တဲ့ ဂိုးရလဒ္အေနနဲ႔ စပိန္က ၁-၀ နဲ႔ အနိုင္ရသြားနိုင္ပါတယ္။