အိမ်ရှင် လက်စတာက နိုင်ပွဲတစ်ပွဲအဖြစ် စွမ်းဆောင်သွားမှာပါ

0
525

 

ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် လက်စတာအသင်းနဲ့ ဝက်ဟမ်းအသင်းတို့ဟာ လက်စတာရဲ့ အိမ်ကွင်းပွဲ အဖြစ် ၄-၁၀-၂၀၂၀ ရက် တနင်္ဂနွေနေ့ ညနေ ၅း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လက်စတာအသင်းက ပရီးမီးယားလိဂ် သုံးပွဲကစားအပြီး နိုင်ပွဲတွေ ဖြစ်ပေါ်ထားပေမဲ့ ဝက်ဟမ်းအသင်းက တစ်ပွဲနိုင် နှစ်ပွဲရှုံးထားပါ တယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လက်စတာ ၄ – ၁ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၁ – ၂ လက်စတာ(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၂ – ၂ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၁ – ၁ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

လက်စတာ ၀ – ၂ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၁ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လက်စတာက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ဝက်ဟမ်းအသင်းက သုံးပွဲနိုင် သုံးပွဲရှုံးထားပါတယ်။ လက်စတာအသင်းက ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုးသွင်းယူထားနိုင်ပြီး ၂၀၁၂ ခုနှစ် ပရီးမီးယားလိဂ်ကို ရောက်ရှိပြီးနောက်ပိုင်း အမြင့်ဆုံး သွင်းဂိုးအနေနဲ့ သုံးပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ လက်စတာက ဝက်ဟမ်းအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၂ ပွဲ တွေ့ဆုံအပြီး ၁၁ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဝက်ဟမ်းအသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ၁၁ ပွဲ ကစားအပြီး ၁၀ ပွဲမှာ နိုင်ပွဲရရှိခြင်း မရှိခဲ့ပါဘူး။ လက်စတာအသင်းက ဝက်ဟမ်း အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လက်စတာက ဝက်ဟမ်းအသင်းကို ပရီးမီးယားလိဂ် နှစ်ရာသီဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ခဲ့ပြီး နှစ်ပွဲနိုင် နှစ်ပွဲသရေ ရလဒ် ဖြစ်ပေါ်ခဲ့ပါတယ်။ လက်စတာအသင်းအနေနဲ့ ဝက်ဟမ်းအသင်းကို အနိုင်ရရှိခဲ့ရင် အသင်းရဲ့ သမိုင်းကြောင်းမှာ ပရီးမီးယားလိဂ် အဖွင့်ပွဲ လေးပွဲဆက်အနိုင်ရလဒ်အဖြစ် မှတ်တမ်းသစ် ရေးထိုးသွားနိုင်မှာ ဖြစ်ပါတယ်။

လက်စတာအသင်းမှာ အန်လ်ဒီဒီ၊ ပါအဲယား၊ ဗန်ကိုဗစ်တို့က ဒဏ်ရာရနေပြီး ဝက်ဟမ်းအသင်းမှာ ဖရီဒီရစ်ခ်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လက်စတာအသင်းက အိမ်ကွင်းမှာ အနိုင်ရလဒ်ဖြစ်ဖို့ ရာနှုန်းပြည့် ရှိနေပြီး အဝေးကွင်းအားနည်းတဲ့ ဝက်ဟမ်းကို ၃-၁ လောက်နဲ့ အနိုင်ယူသွားနိုင်ပါတယ်။

Zawgyi

အိမ္ရွင္ လက္စတာက နိုင္ပြဲတစ္ပြဲအျဖစ္ စြမ္းေဆာင္သြားမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၄ အျဖစ္ လက္စတာအသင္းနဲ႔ ဝက္ဟမ္းအသင္းတို႔ဟာ လက္စတာရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၄-၁၀-၂၀၂၀ ရက္ တနဂၤေႏြေန႔ ညေန ၅း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လက္စတာအသင္းက ပရီးမီးယားလိဂ္ သုံးပြဲကစားအၿပီး နိုင္ပြဲေတြ ျဖစ္ေပၚထားေပမဲ့ ဝက္ဟမ္းအသင္းက တစ္ပြဲနိုင္ ႏွစ္ပြဲရႈံးထားပါ တယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လက္စတာ ၄ – ၁ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၁ – ၂ လက္စတာ(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၂ – ၂ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၁ – ၁ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
လက္စတာ ၀ – ၂ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၁ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး လက္စတာက သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး ဝက္ဟမ္းအသင္းက သုံးပြဲနိုင္ သုံးပြဲရႈံးထားပါတယ္။ လက္စတာအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံးသုံးပြဲမွာ အနည္းဆုံးသြင္းဂိုး သုံးဂိုးသြင္းယူထားနိုင္ၿပီး ၂၀၁၂ ခုႏွစ္ ပရီးမီးယားလိဂ္ကို ေရာက္ရွိၿပီးေနာက္ပိုင္း အျမင့္ဆုံး သြင္းဂိုးအေနနဲ႔ သုံးပြဲမွာ ၁၂ ဂိုးအထိ သြင္းယူထားနိုင္ပါတယ္။ လက္စတာက ဝက္ဟမ္းအသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၁၂ ပြဲ ေတြ႕ဆုံအၿပီး ၁၁ ပြဲ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ ဝက္ဟမ္းအသင္းက ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ၁၁ ပြဲ ကစားအၿပီး ၁၀ ပြဲမွာ နိုင္ပြဲရရွိျခင္း မရွိခဲ့ပါဘူး။ လက္စတာအသင္းက ဝက္ဟမ္း အသင္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးသုံးပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။ လက္စတာက ဝက္ဟမ္းအသင္းကို ပရီးမီးယားလိဂ္ ႏွစ္ရာသီဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚခဲ့ၿပီး ႏွစ္ပြဲနိုင္ ႏွစ္ပြဲသေရ ရလဒ္ ျဖစ္ေပၚခဲ့ပါတယ္။ လက္စတာအသင္းအေနနဲ႔ ဝက္ဟမ္းအသင္းကို အနိုင္ရရွိခဲ့ရင္ အသင္းရဲ့ သမိုင္းေၾကာင္းမွာ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ေလးပြဲဆက္အနိုင္ရလဒ္အျဖစ္ မွတ္တမ္းသစ္ ေရးထိုးသြားနိုင္မွာ ျဖစ္ပါတယ္။
လက္စတာအသင္းမွာ အန္လ္ဒီဒီ၊ ပါအဲယား၊ ဗန္ကိုဗစ္တို႔က ဒဏ္ရာရေနၿပီး ဝက္ဟမ္းအသင္းမွာ ဖရီဒီရစ္ခ္က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က လက္စတာအသင္းက အိမ္ကြင္းမွာ အနိုင္ရလဒ္ျဖစ္ဖို႔ ရာႏႈန္းျပည့္ ရွိေနၿပီး အေဝးကြင္းအားနည္းတဲ့ ဝက္ဟမ္းကို ၃-၁ ေလာက္နဲ႔ အနိုင္ယူသြားနိုင္ပါတယ္။