အိမ်ရှင် လက်စတာအတွက် ရမှတ်အပြည့်ရဖို့ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်တယ်

0
320

 

ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ် လက်စတာစီးတီးအသင်းနဲ့ အဲစတွန်ဗီလာအသင်းတို့ဟာ လက်စတာရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၈-၁၀-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၁၂း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လက်စတာ အသင်းက ပရီးမီးယားလိဂ် လေးပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး အဲစတွန်ဗီလာ အသင်းက ၃ ပွဲကစားအပြီး ရမှတ် ၉ မှတ် တတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လက်စတာ ၄ – ၀ အဲစတွန်ဗီလာ(ပရီးမီးယားလိဂ်)

အဲစတွန်ဗီလာ ၂ – ၁ လက်စတာ(လိဂ်ဖလား)

လက်စတာ ၀ – ၀ အဲစတွန်ဗီလာ(လိဂ်ဖလား)

အဲစတွန်ဗီလာ ၁ – ၄ လက်စတာ(ပရီးမီးယားလိဂ်)

အဲစတွန်ဗီလာ ၁ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၃ – ၂ အဲစတွန်ဗီလာ(ပရီးမီးယားလိဂ်)

အဲစတွန်ဗီလာအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲဆက် အနိုင်ရထားပြီး လက်စတာအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုး ပေးထားရပါတယ်။ လက်စတာက အိမ်ကွင်းမှာ အဲစတွန်ဗီလာနဲ့ တေွ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ် ထားပါတယ်။ လက်စတာက အိမ်ကွင်းမှာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် ငါးပွဲကစားအပြီး လေးပွဲအနိုင်ရလဒ်ကို ပထမဆုံး ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ လက်စတာတိုက်စစ်မှူး ဗာဒီက အဲစတွန်ဗီလာနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ သွင်းဂိုး ငါးဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ အဲစတွန်ဗီလာအနေနဲ့ အဝေးကွင်းမှာ လက်စတာကို အနိုင်ရခဲ့ရင် ၁၉၃၀ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် အဖွင့်လေးပွဲဆက် အနိုင်ရလဒ်ကို ပထမဆုံး ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

လက်စတာအသင်းမှာ အမ်လ်ဒီဒီ၊ ပါအဲယား၊ ဘန်ကိုဗစ်၊ အမ်မာတေးနဲ့ ဆိုယမ်ချူတို့က ဒဏ်ရာရနေပြီး အဲစတွန်ဗီလာအသင်းမှာ ဝက်စလေက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အဲစတွန်ဗီလာက အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ လက်စတာအနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

အိမ္ရွင္ လက္စတာအတြက္ ရမွတ္အျပည့္ရဖို႔ ခက္ခဲတဲ့ ပြဲတစ္ပြဲ ျဖစ္လာနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၅ အျဖစ္ လက္စတာစီးတီးအသင္းနဲ႔ အဲစတြန္ဗီလာအသင္းတို႔ဟာ လက္စတာရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၈-၁၀-၂၀၂၀ ရက္ တနဂၤေႏြေန႔ည ၁၂း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လက္စတာ အသင္းက ပရီးမီးယားလိဂ္ ေလးပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာ ရွိေနၿပီး အဲစတြန္ဗီလာ အသင္းက ၃ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္ တတိယေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လက္စတာ ၄ – ၀ အဲစတြန္ဗီလာ(ပရီးမီးယားလိဂ္)
အဲစတြန္ဗီလာ ၂ – ၁ လက္စတာ(လိဂ္ဖလား)
လက္စတာ ၀ – ၀ အဲစတြန္ဗီလာ(လိဂ္ဖလား)
အဲစတြန္ဗီလာ ၁ – ၄ လက္စတာ(ပရီးမီးယားလိဂ္)
အဲစတြန္ဗီလာ ၁ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၃ – ၂ အဲစတြန္ဗီလာ(ပရီးမီးယားလိဂ္)
အဲစတြန္ဗီလာအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲဆက္ အနိုင္ရထားၿပီး လက္စတာအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ ေပးဂိုးအနည္းဆုံး ႏွစ္ဂိုး ေပးထားရပါတယ္။ လက္စတာက အိမ္ကြင္းမွာ အဲစတြန္ဗီလာနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚ ထားပါတယ္။ လက္စတာက အိမ္ကြင္းမွာ အနိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္ ငါးပြဲကစားအၿပီး ေလးပြဲအနိုင္ရလဒ္ကို ပထမဆုံး ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။ လက္စတာတိုက္စစ္မႉး ဗာဒီက အဲစတြန္ဗီလာနဲ႔ ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ သြင္းဂိုး ငါးဂိုးအထိ သြင္းယူထားနိုင္ပါတယ္။ အဲစတြန္ဗီလာအေနနဲ႔ အေဝးကြင္းမွာ လက္စတာကို အနိုင္ရခဲ့ရင္ ၁၉၃၀ ခုႏွစ္ ေနာက္ပိုင္း ပရီးမီးယားလိဂ္ အဖြင့္ေလးပြဲဆက္ အနိုင္ရလဒ္ကို ပထမဆုံး ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။
လက္စတာအသင္းမွာ အမ္လ္ဒီဒီ၊ ပါအဲယား၊ ဘန္ကိုဗစ္၊ အမ္မာေတးနဲ႔ ဆိုယမ္ခ်ဴတို႔က ဒဏ္ရာရေနၿပီး အဲစတြန္ဗီလာအသင္းမွာ ဝက္စေလက ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အဲစတြန္ဗီလာက အနိုင္ရဖို႔ ၆၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀% နဲ႔ လက္စတာအနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။