အိမ်ရှင် အင်္ဂလန်အသင်းက ဒိန်းမတ်အသင်းကို နိုင်ပွဲရယူပြီး ဆက်လက်ဦးဆောင်သွားမှာပါ

0
489

 

Sbotop           ယူအီးအက်ဖ်အေ အုပ်စု(A-2) ရဲ့ အုပ်စုပွဲတစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ဟာ အင်္ဂလန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၅-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၁း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ဒိန်းမတ်ကွင်းမှာ အင်္ဂလန်က ၀-၀ သရေဖြစ်ထားခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲ ကစားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဒိန်းမတ် ၀ – ၀ အင်္ဂလန်(နေးရှင်းလိဂ်)

အင်္ဂလန် ၁ – ၀ ဒိန်းမတ်(ခြေစမ်းပွဲ)

ဒိန်းမတ် ၁ – ၂ အင်္ဂလန်(ခြေစမ်းပွဲ)

ဒိန်းမတ် ၄ – ၁ အင်္ဂလန်(ခြေစမ်းပွဲ)

အင်္ဂလန် ၂ – ၃ ဒိန်းမတ်(ခြေစမ်းပွဲ)

ဒိန်းမတ် ၀ – ၃ အင်္ဂလန်(၂၀၀၂ ကမ္ဘာ့ဖလား)

အင်္ဂလန်အသင်းဟာ ၂၀၁၈ ခုနှစ်က ကစားခဲ့တဲ့ နေးရှင်းလိဂ်အိမ်ကွင်းပွဲမှာ စပိန်အသင်းကို ရှုံးခဲ့ ပြီးနောက် အိမ်ကွင်းပွဲအဖြစ် နိုင်ငံတကာပြိုင်ပွဲအရပ် ၂၁ ပွဲကစားအပြီး ပွဲ ၂၀ အနိုင်ရထားပါတယ်။ ဒိန်မတ် အသင်းက နောက်ဆုံးကစားထားတဲ့ နိုင်ငံတကာပြိုင်ပွဲ ၃၉ ပွဲမှာ နှစ်ပွဲသာ ရှုံးထားပြီး ၁၉ ပွဲနိုင် ၁၈ ပွဲသရေ ဖြစ်ထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲ ၁၀ ပွဲမှာ ရှစ်ပွဲက ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ယခုနှစ် နေးရှင်းလိဂ်အုပ်စုပွဲမှာ အင်္ဂလန်အသင်းက သုံးပွဲကစားအပြီး နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ ရမှတ် ၇ မှတ် ရရှိပြီး အုပ်စုကို ဦးဆောင်ထားသလို ဒိန်းမတ်အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရမှတ် ၄ မှတ်နဲ့ အုပ်စု တတိယ နေရာမှာ ရပ်တည်နေပါတယ်။

အင်္ဂလန်အသင်းမှာ စတားလင်း၊ ချီဝဲလ်နဲ့ ထရစ်ပီယာတို့က ပါဝင်နိုင်မှာ ဒီယာက ပါဝင်နိုင်ဖို့ မသေချာ ပေမဲ့ ဒိန်းမတ်အသင်းမှာ ဒဏ်ရာရပွဲပယ် ကစားသမား ရှိမနေပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အင်္ဂလန်အသင်းက အိမ်ကွင်းမှာ ရမှတ်အပြည့်ယူသွားနိုင်ပြီး ၂-၀ လောက် သွင်းယူသွားနိုင်ပါတယ်။

Zawgyi

