အိမ်ရှင် အာဆင်နယ်ကပဲ တစ်ဂိုးအသာလောက်နဲ့ အနိုင်ယူသွားမှာပါ

0
280

 

 

ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းတို့ဟာ အာဆင်နယ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၆-၁၀-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၁း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ၅ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေပြီး လက်စတာအသင်း ကလည်း ရမှတ် ၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လက်စတာ ၀ – ၂ အာဆင်နယ်(လိဂ်ဖလား)

အာဆင်နယ် ၁ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၂ – ၀ အာဆင်နယ်(ပရီးမီးယားလိဂ်)

လက်စတာ ၃ – ၀ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၃ – ၁ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၃ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အာဆင်နယ်အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပြီး လက်စတာအသင်းက သုံးပွဲနိုင် သုံးပွဲရှုံးထားပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံးကိုးပွဲ ကစားအပြီး ရှစ်ပွဲ အနိုင်ရထားပြီး လက်စတာနဲ့ အိမ်ကွင်းမှာ နောက်ဆုံး ၁၀ ပွဲတွေ့ဆုံအပြီး အာဆင်နယ်က ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ အာဆင်နယ်အသင်းက လက်စတာအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်းမှာ လက်စတာနဲ့ ၂၇ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ပွဲ ၂၀ အနိုင်ရထားပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး လေးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ လက်စတာ စီးတီးအသင်း မန်နေဂျာ ရော်ဂျာဟာ အာဆင်နယ်အသင်းနဲ့တွေ့ဆုံခဲ့တဲ့ အဝေးကွင်းပွဲ ခုနစ်ပွဲမှာ နိုင်ပွဲမရှိခဲ့ဘဲ သုံးပွဲသရေ လေးပွဲရှုံးထားပါတယ်။ လက်စတာ တိုက်စစ်မှူး ဗာဒီက အာဆင်နယ်နဲ့ တွေ့ဆုံချိန်မှာ သွင်းဂိုး ၁၀ ဂိုး အထိ သွင်းယူထားနိုင်သူ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရွန်းနီက ၁၂ ဂိုး သွင်းယူထားပါတယ်။ လက်စတာအသင်းက အဝေးကွင်းမှာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ပထမဆုံး သုံးပွဲဆက် နိုင်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ ချန်ဘာ၊ မာတင်နယ်လီ၊ မာရီနဲ့ ဟိုဒင်းတို့က ဒဏ်ရာရနေပြီး လက်စတာ အသင်းမှာ အမ်ဒီဒီ၊ ပါအဲယား၊ အမာတေးနဲ့ ဆိုရန်ချူတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အာဆင်နယ်က အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၃၀% နဲ့ လက်စတာအနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

အိမ္ရွင္ အာဆင္နယ္ကပဲ တစ္ဂိုးအသာေလာက္နဲ႔ အနိုင္ယူသြားမွာပါ

ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ အျဖစ္ အာဆင္နယ္အသင္းနဲ႔ လက္စတာအသင္းတို႔ဟာ အာဆင္နယ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၆-၁၀-၂၀၂၀ ရက္ တနလၤာေန႔ နံနက္ ၁း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းက ပရီးမီးယားလိဂ္ ၅ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရွိေနၿပီး လက္စတာအသင္း ကလည္း ရမွတ္ ၉ မွတ္နဲ႔ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လက္စတာ ၀ – ၂ အာဆင္နယ္(လိဂ္ဖလား)
အာဆင္နယ္ ၁ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၂ – ၀ အာဆင္နယ္(ပရီးမီးယားလိဂ္)
လက္စတာ ၃ – ၀ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၃ – ၁ လက္စတာ(ပရီးမီးယားလိဂ္)
လက္စတာ ၃ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အာဆင္နယ္အသင္းက ေလးပြဲနိုင္ ႏွစ္ပြဲရႈံးထားၿပီး လက္စတာအသင္းက သုံးပြဲနိုင္ သုံးပြဲရႈံးထားပါတယ္။ အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံးကိုးပြဲ ကစားအၿပီး ရွစ္ပြဲ အနိုင္ရထားၿပီး လက္စတာနဲ႔ အိမ္ကြင္းမွာ ေနာက္ဆုံး ၁၀ ပြဲေတြ႕ဆုံအၿပီး အာဆင္နယ္က ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ အာဆင္နယ္အသင္းက လက္စတာအသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ အိမ္ကြင္းမွာ လက္စတာနဲ႔ ၂၇ ပြဲ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ပြဲ ၂၀ အနိုင္ရထားပါတယ္။ အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ေလးပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ လက္စတာ စီးတီးအသင္း မန္ေနဂ်ာ ေရာ္ဂ်ာဟာ အာဆင္နယ္အသင္းနဲ႔ေတြ႕ဆုံခဲ့တဲ့ အေဝးကြင္းပြဲ ခုနစ္ပြဲမွာ နိုင္ပြဲမရွိခဲ့ဘဲ သုံးပြဲသေရ ေလးပြဲရႈံးထားပါတယ္။ လက္စတာ တိုက္စစ္မႉး ဗာဒီက အာဆင္နယ္နဲ႔ ေတြ႕ဆုံခ်ိန္မွာ သြင္းဂိုး ၁၀ ဂိုး အထိ သြင္းယူထားနိုင္သူ ျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႉး ရြန္းနီက ၁၂ ဂိုး သြင္းယူထားပါတယ္။ လက္စတာအသင္းက အေဝးကြင္းမွာ အာဆင္နယ္ကို အနိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ပထမဆုံး သုံးပြဲဆက္ နိုင္ပြဲ ျဖစ္လာမွာ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းမွာ ခ်န္ဘာ၊ မာတင္နယ္လီ၊ မာရီနဲ႔ ဟိုဒင္းတို႔က ဒဏ္ရာရေနၿပီး လက္စတာ အသင္းမွာ အမ္ဒီဒီ၊ ပါအဲယား၊ အမာေတးနဲ႔ ဆိုရန္ခ်ဴတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အာဆင္နယ္က အနိုင္ရဖို႔ ၅၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၃၀% နဲ႔ လက္စတာအနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။