အိုက်စ်လန်ကွင်းမှာ ဘယ်လ်ဂျီယမ်က နှစ်ဂိုးလောက်တော့ သွင်းသွားမှာပါ

0
304

 

နေးရှင်းလိဂ် အုပ်စု(A-2) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အိုက်စ်လန်အသင်းနဲ့ ဘယ်လ်ဂျီယမ်အသင်းတို့ဟာ အိုက်စ်လန်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၅-၁၀-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၁း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အိုက်စ်လန်အသင်းက အုပ်စုပွဲ သုံးပွဲကစားအပြီးမှာ ရမှတ်ရရှိခြင်း မရှိခဲ့ပေမဲ့ ဘယ်လ်ဂျီယမ်အသင်း က သုံးပွဲကစားအပြီး နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးလေးကြိမ်

ဘယ်လ်ဂျီယမ် ၅ – ၁ အိုက်စ်လန်(နေးရှင်းလိဂ်)

ဘယ်လ်ဂျီယမ် ၂ – ၀ အိုက်စ်လန်(နေးရှင်းလိဂ်)

အိုက်စ်လန် ၀ – ၃ ဘယ်လ်ဂျီယမ်(နေးရှင်းလိဂ်)

ဘယ်လ်ဂျီယမ် ၃ – ၁ အိုက်စ်လန်(ခြေစမ်းပွဲ)

ဘယ်လ်ဂျီယမ်အသင်းက ပြီးခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းကို ရှုံးခဲ့လို့ အုပ်စုကို ဦးဆောင်ခွင့် လက်လွှတ်လိုက်ရပါတယ်။ ဒါကြောင့် အုပ်စုအတွင်းမှာ ရလဒ်မကောင်းဖြစ်နေသလို ပထမအကျော့ ဂိုးပြတ် အနိုင်ရထားတဲ့ အိုက်စ်လန်ကို အနိုင်ယူပြီး ရမှတ်အပြည့်ယူနိုင်အောင်ကြိုးစားသွားမှာ သေချာပါတယ်။ အိုက်စလန်အသင်းကလည်း ရလဒ်ပိုင်းကျဆင်းနေပေမဲ့ အိမ်ကွင်းမှာ ဂိုးပြတ်မရှုံးအောင် ပြုလုပ်သွားနိုင်ပါတယ်။

အိုက်စ်လန်အသင်းမှာ ဒဏ်ရာရပွဲပယ် ကစားသမား ရှိမနေပေမဲ့ ဘယ်လ်ဂျီယမ်အသင်းမှာ ဗာတွန်ဂမ်၊ ကော်တိုရစ်၊ ဟာဇက်နဲ့ ဒီဘလိုင်းတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘယ်လ်ဂျီယမ်အသင်းက အဝေးကွင်းမှာ အနိုင်ရဖို့ ရာခိုင်နှုန်းအပြည့်ရှိ နေပြီး ပထမအကျော့မှာ ငါးဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ ယခုပွဲစဉ်မှာတော့ ပြီးခဲ့တဲ့ပွဲလောက် ဂိုးမပြတ်နိုင်ပေမဲ့ ၂-၀ လောက်နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

အိုက္စ္လန္ကြင္းမွာ ဘယ္လ္ဂ်ီယမ္က ႏွစ္ဂိုးေလာက္ေတာ့ သြင္းသြားမွာပါ

ေနးရွင္းလိဂ္ အုပ္စု(A-2) ပြဲစဥ္တစ္ပြဲျဖစ္တဲ့ အိုက္စ္လန္အသင္းနဲ႔ ဘယ္လ္ဂ်ီယမ္အသင္းတို႔ဟာ အိုက္စ္လန္ရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၁၅-၁၀-၂၀၂၀ ရက္ ၾကာသပေတးေန႔ နံနက္ ၁း၁၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အိုက္စ္လန္အသင္းက အုပ္စုပြဲ သုံးပြဲကစားအၿပီးမွာ ရမွတ္ရရွိျခင္း မရွိခဲ့ေပမဲ့ ဘယ္လ္ဂ်ီယမ္အသင္း က သုံးပြဲကစားအၿပီး ႏွစ္ပြဲနိုင္ ရမွတ္ ၆ မွတ္နဲ႔ အုပ္စုဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေလးႀကိမ္
ဘယ္လ္ဂ်ီယမ္ ၅ – ၁ အိုက္စ္လန္(ေနးရွင္းလိဂ္)
ဘယ္လ္ဂ်ီယမ္ ၂ – ၀ အိုက္စ္လန္(ေနးရွင္းလိဂ္)
အိုက္စ္လန္ ၀ – ၃ ဘယ္လ္ဂ်ီယမ္(ေနးရွင္းလိဂ္)
ဘယ္လ္ဂ်ီယမ္ ၃ – ၁ အိုက္စ္လန္(ေျခစမ္းပြဲ)
ဘယ္လ္ဂ်ီယမ္အသင္းက ၿပီးခဲ့တဲ့ပြဲမွာ အဂၤလန္အသင္းကို ရႈံးခဲ့လို႔ အုပ္စုကို ဦးေဆာင္ခြင့္ လက္လႊတ္လိုက္ရပါတယ္။ ဒါေၾကာင့္ အုပ္စုအတြင္းမွာ ရလဒ္မေကာင္းျဖစ္ေနသလို ပထမအေက်ာ့ ဂိုးျပတ္ အနိုင္ရထားတဲ့ အိုက္စ္လန္ကို အနိုင္ယူၿပီး ရမွတ္အျပည့္ယူနိုင္ေအာင္ႀကိဳးစားသြားမွာ ေသခ်ာပါတယ္။ အိုက္စလန္အသင္းကလည္း ရလဒ္ပိုင္းက်ဆင္းေနေပမဲ့ အိမ္ကြင္းမွာ ဂိုးျပတ္မရႈံးေအာင္ ျပဳလုပ္သြားနိုင္ပါတယ္။
အိုက္စ္လန္အသင္းမွာ ဒဏ္ရာရပြဲပယ္ ကစားသမား ရွိမေနေပမဲ့ ဘယ္လ္ဂ်ီယမ္အသင္းမွာ ဗာတြန္ဂမ္၊ ေကာ္တိုရစ္၊ ဟာဇက္နဲ႔ ဒီဘလိုင္းတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဘယ္လ္ဂ်ီယမ္အသင္းက အေဝးကြင္းမွာ အနိုင္ရဖို႔ ရာခိုင္ႏႈန္းအျပည့္ရွိ ေနၿပီး ပထမအေက်ာ့မွာ ငါးဂိုးျပတ္အနိုင္ရခဲ့ေပမဲ့ ယခုပြဲစဥ္မွာေတာ့ ၿပီးခဲ့တဲ့ပြဲေလာက္ ဂိုးမျပတ္နိုင္ေပမဲ့ ၂-၀ ေလာက္နဲ႔ အနိုင္ရသြားနိုင္ပါတယ္။