အိုးထရက်ဖို့ဒ်မှာ စပါးလ်အသင်း ရှုံးပွဲနဲ့ ပြန်လာရနိုင်ဖွယ် ရှိနေ

0
383

 

ပရီးမီးယားလိဂ်ပွဲစဉ် ၄ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စပါးလ်အသင်းတို့ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၄-၁၀-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၁၀း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် နှစ်ပွဲကစားအပြီး တစ်ပွဲနိုင် တစ်ပွဲရှုံးထားပြီး စပါးလ်အသင်းက ပရီးမီးယားလိဂ် သုံးပွဲကစားအပြီး တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

စပါးလ် ၁ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၁ – ၂ မန်ချက်စတာယူနိုက်တက်(အင်တာနေရှင်နယ် ချန်ပီယံဖလား)

စပါးလ် ၀ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၃ စပါးလ်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၁ စပါးလ်(အက်ဖ်အေဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က သုံးပွဲနိုင် နှစ်ပွဲရှုံးထားပြီး စပါးလ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲမှာ သုံးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ စပါးလ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခုနစ်ပွဲ ခြောက်ပွဲ အနိုင်ရထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲကစားအပြီး ရှစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် နောက်ဆုံး ၁၆ ပွဲ ကစားအပြီး ၁၅ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ တူအမ်ဇီဘီနဲ့ ဖီးလ်ဂျုံးတို့က ဒဏ်ရာရနေပြီး စပါးလ်အသင်းမှာ ဂါရတ်ဘေးလ်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်ချက်က မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၅၅% ရှိနေပြီး စပါးလ်အသင်းက အနိုင်ရဖို့ ၄၅% ရှိနေပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ သွင်းဂိုးက ၂-၁ နဲ့ မန်ချက်စတာယူနိုက်တက် အောင်ပွဲခံသွားနိုင်ပါတယ်။

Zawgyi

