VAR ရဲ့ ဆုံးဖြတ်ချက်အမှားတွေအပေါ် လက်မခံနိုင်ဖြစ်နေတဲ့ မော်ရင်ဟို

0
425

Sbotop

မာဆေးဆိုက်ဒါဘီပွဲနဲ့ မန်စီးတီးနဲ့ ပေါ်တိုတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွေ မှာ VAR ကို အသုံးပြုခဲ့ပေမဲ့ မှားယွင်းဆုံးဖြတ်တာတွေရှိခဲ့တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ စပါးအသင်းနည်းပြ မော်ရင်ဟိုက ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့က ကစားခဲ့တဲ့ အဲဗာတန် ၂-၂ လီဗာပူး ပွဲစဉ်မှာ VAR ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ပေါ်ပေါက်ခဲ့ရပါတယ်။

အဲဗာတန်အသင်းက ဂျော်ဒန်ပစ်ဖို့ဒ်အနေနဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို အဖျက်ကြမ်းခဲ့ပေမဲ့ အပြစ်ပေးခံရခြင်းမရှိဘဲ ခံရတဲ့ ဗန်ဒိုက်ကတော့ ရာသီကုန်တဲ့အထိ အနားယူရမယ့်အထိ ဖြစ်သွားခဲ့ပြီး လီဗာပူးအသင်းအတွက် နစ်နာမှုကြီးတစ်ရပ် ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန်နောက်ဆုံးပိုင်းမှာ လီဗာပူးအသင်း အတွက် အနိုင်ဂိုးရပြီလို့ ထင်ခဲ့ရပေမဲ့ ဟန်ဒါဆင်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ခြင်းမရှိဘဲ မာနေး လူကျွံနေတယ်လို့ ထောက်ပြခဲ့တာကြောင့် ပိုမိုအငြင်းပွားသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးနဲ့ ပေါ်တိုတို့ ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဂန်ဒိုဂန်က ပေါ်တိုဂိုးသမား သြဂတ်စတင်းမာချီ ဆင်အပေါ် အမှားကျူးလွန်ခဲ့တာ ဖြစ်ပေမဲ့ ဆုံးဖြတ်ချက်ရလဒ်ကတော့ မန်စီးတီးအသင်း ကို ပင်နယ်တီရသွားစေခဲ့ပါတယ်။

ဒါကြောင့် မော်ရင်ဟိုက “ ကွင်းထဲကဖြစ်ရပ်တွေကို သေချာအာရုံစိုက်စောင့် ကြည့်ရတာက VAR ရဲ့ အခြေခံအချက်လို့ ကျွန်တော်ထင်ပါတယ်။ VAR မရှိတဲ့အခါ ကွင်းထဲက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး လူသားတစ်ဦးဖြစ်တဲ့ ဒိုင်ဟာ အမှားအယွင်းကျူးလွန်တတ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် လူသားဒိုင်တွေရဲ့ အမှားကို ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ ဒါပေမဲ့ လက်ရှိကာလဖြစ်ရပ်တွေကို သုံးသပ်ပြီးတဲ့နောက် လူသားဒိုင်တွေရဲ့ အမှားကို လက်ခံလာနိုင်ခဲ့တယ်။ VAR ရဲ့ အမှားတွေကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး။ လူသားဒိုင်က ကွင်းထဲမှာ တစ်နာရီ မိုင် ၁၀ဝ လောက် ပတ်ပြေးနေရတာ ဖြစ်တဲ့အတွက် မှားတတ်တာကို လက်ခံလို့ရပေမဲ့ VAR ရဲ့ အမှားကို လက်ခံနိုင်စရာအကြောင်းမရှိဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

(zawgyi)

Sbotop

VAR ရဲ႕ ဆုံးျဖတ္ခ်က္အမွားေတြအေပၚ လက္မခံႏိုင္ျဖစ္ေနတဲ့ ေမာ္ရင္ဟို

မာေဆးဆိုက္ဒါဘီပဲြနဲ႔ မန္စီးတီးနဲ႔ ေပၚတိုတို႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲေတြ မွာ VAR ကို အသုံးျပဳခဲ့ေပမဲ့ မွားယြင္းဆုံးျဖတ္တာေတြရွိခဲ့တာဟာ လက္ခံႏုိင္စရာမရွိဘူးလို႔ စပါးအသင္းနည္းျပ ေမာ္ရင္ဟိုက ျပစ္တင္ေ၀ဖန္သြားခဲ့ပါတယ္။ ေအာက္တိုဘာ ၁၇ ရက္ေန႔က ကစားခဲ့တဲ့ အဲဗာတန္ ၂-၂ လီဗာပူး ပြဲစဥ္မွာ VAR ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အျငင္းပြားစရာေတြ ေပၚေပါက္ခဲ့ရပါတယ္။

အဲဗာတန္အသင္းက ေဂ်ာ္ဒန္ပစ္ဖို႔ဒ္အေနနဲ႔ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ကို အဖ်က္ၾကမ္းခဲ့ေပမဲ့ အျပစ္ေပးခံရျခင္းမရွိဘဲ ခံရတဲ့ ဗန္ဒိုက္ကေတာ့ ရာသီကုန္တဲ့အထိ အနားယူရမယ့္အထိ ျဖစ္သြားခဲ့ၿပီး လီဗာပူးအသင္းအတြက္ နစ္နာမႈႀကီးတစ္ရပ္ ျဖစ္ခဲ့ရပါတယ္။ ဒါ့အျပင္ ပြဲခ်ိန္ေနာက္ဆုံးပိုင္းမွာ လီဗာပူးအသင္း အတြက္ အႏုိင္ဂိုးရၿပီလို႔ ထင္ခဲ့ရေပမဲ့ ဟန္ဒါဆင္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ျခင္းမရွိဘဲ မာေနး လူကၽြံေနတယ္လို႔ ေထာက္ျပခဲ့တာေၾကာင့္ ပိုမိုအျငင္းပြားသံေတြ ထြက္ေပၚလာခဲ့ပါတယ္။ မန္စီးတီးနဲ႔ ေပၚတိုတို႔ ကစားခဲ့ၾကတဲ့ ခ်န္ပီယံလိဂ္ပြဲမွာလည္း ဂန္ဒိုဂန္က ေပၚတိုဂိုးသမား ၾသဂတ္စတင္းမာခ်ီ ဆင္အေပၚ အမွားက်ဴးလြန္ခဲ့တာ ျဖစ္ေပမဲ့ ဆုံးျဖတ္ခ်က္ရလဒ္ကေတာ့ မန္စီးတီးအသင္း ကို ပင္နယ္တီရသြားေစခဲ့ပါတယ္။

ဒါေၾကာင့္ ေမာ္ရင္ဟိုက “ ကြင္းထဲကျဖစ္ရပ္ေတြကို ေသခ်ာအာရုံစိုက္ေစာင့္ ၾကည့္ရတာက VAR ရဲ႕ အေျခခံအခ်က္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ VAR မရွိတဲ့အခါ ကြင္းထဲက ျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး လူသားတစ္ဦးျဖစ္တဲ့ ဒိုင္ဟာ အမွားအယြင္းက်ဴးလြန္တတ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြတုန္းကဆိုရင္ လူသားဒိုင္ေတြရဲ႕ အမွားကို ကၽြန္ေတာ္ လက္မခံႏိုင္ခဲ့ဘူး။ ဒါေပမဲ့ လက္ရွိကာလျဖစ္ရပ္ေတြကို သုံးသပ္ၿပီးတဲ့ေနာက္ လူသားဒိုင္ေတြရဲ႕ အမွားကို လက္ခံလာႏုိင္ခဲ့တယ္။ VAR ရဲ႕ အမွားေတြကိုေတာ့ ကၽြန္ေတာ္ လက္မခံႏုိင္ပါဘူး။ လူသားဒိုင္က ကြင္းထဲမွာ တစ္နာရီ မိုင္ ၁၀၀ ေလာက္ ပတ္ေျပးေနရတာ ျဖစ္တဲ့အတြက္ မွားတတ္တာကို လက္ခံလို႔ရေပမဲ့ VAR ရဲ႕ အမွားကို လက္ခံႏိုင္စရာအေၾကာင္းမရွိဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။