ကာဗာနီရဲ့ ခြေစွမ်းပြမှုတွေနဲ့ ဆောက်သမ်တန်ရဲ့ ပထမပိုင်း ပျော်ရွှင်မှုကို အနိုင်ယူခဲ့ပြီး အိမ်ပြန်လှခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

0
503

 

SBOTOP NOV         တနင်္ဂနွေနေ့ရဲ့ ပရီးမီးယားလိဂ် အစောဆုံးပွဲဖြစ်တဲ့ ဆောက်သမ်တန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ပွဲမှာ ၂-၃ နဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ရရှိခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဆောက်သမ်တန်ရဲ့ ဦးဆောင်ဂိုး နှစ်ဂိုးသွင်းထားတာကို ခံနေရပြီး ဒုတိယပိုင်း ရောက်မှ ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ၄-၄-၂ ကစားကွက်နဲ့ တိုက်စစ်ပိုင်းမှာ အင်နီအင့်စ် ဒဏ်ရာရနေလို့ အဒမ်နဲ့ ဝဲကော့တို့က တွဲဖက်ပွဲထွက်လာခဲ့သလို မန်ချက်စတာယူနိုက်တက်က ၄-၃-၁-၂ ကစားကွက်နဲ့ တိုက်စစ်မှာ ရတ်ဖို့ဒ်၊ ဂရင်းဝုဒ်အတွဲနောက်မှာ ဖာနန်ဒက်က လိုက်ပါကစားခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဟာ လက်ရှိအချိန်မှာ ခြေစွမ်းထက်နေတဲ့ အသင်းဖြစ်နေတဲ့အတွက် မန်ချက်စတာယူနိုက်တက်က ခံစစ်ပိုင်းကို အသားပေးကစားကွက်နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

142

ဆောက်သမ်တန်အတွက် သွင်းဂိုးတွေကို ပထမပိုင်း ၂၈ မိနစ်မှာ ဝက်ပလောက်ရဲ့ ပေးပို့မှုကနေ ဘက်နာရတ်က သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ၃၃ မိနစ်မှာ ဝက်ပလောက်က ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်း နိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်ဂိုးပေးထားရတဲ့ မန်ချက်စတာယူနိုက်တက်က လူစားပြောင်းလဲမှု အနေနဲ့ အနာတရ ဖြစ်ခဲ့တဲ့ ဂိုးသမား ဒီဂီယာနေရာမှာ ဟမ်ဒါဆင်၊ ဂရင်းဝုဒ်ရဲ့ နေရာမှာ ကာဗာနီတို့ကို လူစားလဲခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာ မန်ချက်စတာယူနိုက်တက်က ပိုမိုပြီး ဖိအားပေးကစားနိုင်ခဲ့သလို ၅၉ မိနစ်မှာ ကာဗာနီရဲ့ ဖန်တီးပေးမှုကနေ ဖာနန်ဒက်က ချေပဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။ ယင်းနောက်မှာ ကာဗာနီက ၇၄ မိနစ်မှာ နောက်ထပ် ချေပဂိုးတစ်ဂိုးနဲ့ ၉၀+၁ မိနစ်မှာ ရတ်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ ကာဗာနီက အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့လို့ အဝေးကွင်းမှာ ၃-၂ နဲ့ မန်ချက်စတာယူနိုက်တက်အသင်း အိမ်ပြန်လှခဲ့ပါတယ်။

အဆိုပါပွဲမှာ ဘောလုံးပိုင်ဆိုင်မှု နှစ်သင်းလုံး ၅၀% ရှိခဲ့ကြပြီး ဂိုးပေါက်ကန်သွင်းမှုမှာ ဆောက်သမ်တန်က ၁၀ ကြိမ်ရရှိခဲ့ကာ ငါးကြိမ်ဂိုးပေါက်ကို ထိရောက်ခဲ့သလို မန်ချက်စတာယူနိုက်တက်က ၁၅ ကြိမ် ရရှိခဲ့ပြီး ခြောက်ကြိမ် ဂိုးပေါက်ကို ထိရောက်ခဲ့ပါတယ်။ ဆောက်သမ်တန်ကွင်းမှာ အနိုင်ရခဲ့လို့ မန်ချက်စတာယူနိုက်တက် က ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၇ နေရာကို ရောက်ရှိခဲ့ပြီး ဆောက်သမ်တန်က ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

Zawgyi

ကာဗာနီရဲ့ ေျခစြမ္းျပမႈေတြနဲ႔ ေဆာက္သမ္တန္ရဲ့ ပထမပိုင္း ေပ်ာ္ရႊင္မႈကို အနိုင္ယူခဲ့ၿပီး အိမ္ျပန္လွခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္

တနဂၤေႏြေန႔ရဲ့ ပရီးမီးယားလိဂ္ အေစာဆုံးပြဲျဖစ္တဲ့ ေဆာက္သမ္တန္အသင္းနဲ႔ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔ပြဲမွာ ၂-၃ နဲ႔ မန္ခ်က္စတာယူနိုက္တက္က အနိုင္ရရွိခဲ့ပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ဟာ ပထမပိုင္းမွာ ေဆာက္သမ္တန္ရဲ့ ဦးေဆာင္ဂိုး ႏွစ္ဂိုးသြင္းထားတာကို ခံေနရၿပီး ဒုတိယပိုင္း ေရာက္မွ ေခ်ပဂိုးေတြနဲ႔ အနိုင္ဂိုးေတြ သြင္းယူနိုင္ခဲ့တာ ျဖစ္ပါတယ္။
ေဆာက္သမ္တန္အသင္းဟာ ၄-၄-၂ ကစားကြက္နဲ႔ တိုက္စစ္ပိုင္းမွာ အင္နီအင့္စ္ ဒဏ္ရာရေနလို႔ အဒမ္နဲ႔ ဝဲေကာ့တို႔က တြဲဖက္ပြဲထြက္လာခဲ့သလို မန္ခ်က္စတာယူနိုက္တက္က ၄-၃-၁-၂ ကစားကြက္နဲ႔ တိုက္စစ္မွာ ရတ္ဖို႔ဒ္၊ ဂရင္းဝုဒ္အတြဲေနာက္မွာ ဖာနန္ဒက္က လိုက္ပါကစားခဲ့ပါတယ္။ ေဆာက္သမ္တန္အသင္းဟာ လက္ရွိအခ်ိန္မွာ ေျခစြမ္းထက္ေနတဲ့ အသင္းျဖစ္ေနတဲ့အတြက္ မန္ခ်က္စတာယူနိုက္တက္က ခံစစ္ပိုင္းကို အသားေပးကစားကြက္နဲ႔ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။
ေဆာက္သမ္တန္အတြက္ သြင္းဂိုးေတြကို ပထမပိုင္း ၂၈ မိနစ္မွာ ဝက္ပေလာက္ရဲ့ ေပးပို႔မႈကေန ဘက္နာရတ္က သြင္းယူခဲ့ၿပီး ဒုတိယဂိုးကို ၃၃ မိနစ္မွာ ဝက္ပေလာက္က ျပစ္ဒဏ္ေဘာကေန တိုက္ရိုက္ကန္သြင္း နိုင္ခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုးအသာနဲ႔ ဦးေဆာင္နိုင္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာ ႏွစ္ဂိုးေပးထားရတဲ့ မန္ခ်က္စတာယူနိုက္တက္က လူစားေျပာင္းလဲမႈ အေနနဲ႔ အနာတရ ျဖစ္ခဲ့တဲ့ ဂိုးသမား ဒီဂီယာေနရာမွာ ဟမ္ဒါဆင္၊ ဂရင္းဝုဒ္ရဲ့ ေနရာမွာ ကာဗာနီတို႔ကို လူစားလဲခဲ့ပါတယ္။ ဒုတိယ ပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္က ပိုမိုၿပီး ဖိအားေပးကစားနိုင္ခဲ့သလို ၅၉ မိနစ္မွာ ကာဗာနီရဲ့ ဖန္တီးေပးမႈကေန ဖာနန္ဒက္က ေခ်ပဂိုးစတင္သြင္းယူနိုင္ခဲ့ပါတယ္။ ယင္းေနာက္မွာ ကာဗာနီက ၇၄ မိနစ္မွာ ေနာက္ထပ္ ေခ်ပဂိုးတစ္ဂိုးနဲ႔ ၉၀+၁ မိနစ္မွာ ရတ္ဖို႔ဒ္ရဲ့ ေပးပို႔မႈကေန ကာဗာနီက အနိုင္ဂိုး သြင္းယူေပးနိုင္ခဲ့လို႔ အေဝးကြင္းမွာ ၃-၂ နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္း အိမ္ျပန္လွခဲ့ပါတယ္။
အဆိုပါပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ႏွစ္သင္းလုံး ၅၀% ရွိခဲ့ၾကၿပီး ဂိုးေပါက္ကန္သြင္းမႈမွာ ေဆာက္သမ္တန္က ၁၀ ႀကိမ္ရရွိခဲ့ကာ ငါးႀကိမ္ဂိုးေပါက္ကို ထိေရာက္ခဲ့သလို မန္ခ်က္စတာယူနိုက္တက္က ၁၅ ႀကိမ္ ရရွိခဲ့ၿပီး ေျခာက္ႀကိမ္ ဂိုးေပါက္ကို ထိေရာက္ခဲ့ပါတယ္။ ေဆာက္သမ္တန္ကြင္းမွာ အနိုင္ရခဲ့လို႔ မန္ခ်က္စတာယူနိုက္တက္ က ရမွတ္ ၁၆ မွတ္နဲ႔ အဆင့္ ၇ ေနရာကို ေရာက္ရွိခဲ့ၿပီး ေဆာက္သမ္တန္က ရမွတ္ ၁၇ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။