ကွယ်လွန်သွားတဲ့ ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ကမ္ဘာလုံးက ဘောလုံး အသင်းတွေရဲ့ ကျောနံပါတ် ၁၀ ကို အနားပေးလိုက်သင့်ကြောင်း ဘိုအာ့စ် အကြံပြု

0
281

 

SBOTOP NOV            ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားတဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ အာဂျင်တီးနား အကျော်အမော် မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဖီဖာက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဘောလုံးအသင်းတွေမှာ အနားပေးသင့်တယ်လို့ မာဆေးအသင်း မန်နေဂျာ ဘိုအာ့စ်က အကြံပြုပြောကြားလိုက်ပါတယ်။

အသက် ၆၀ နှစ်အရွယ် မာရာဒိုနာဟာ ဗုဒ္ဓဟူးနေ့က Heart Arrest ဖြစ်ပြီး ၎င်းရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မာရာဒိုနာက မသေဆုံးခင် နှစ်ပတ်လောက်က ဦးနှောက် သွေးယိုစိမ့်ခဲ့လို့ ဆေးရုံတက် ခွဲစိတ်ကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရပြီး လောကကြီးကို စွန့်ခွာသွားခဲ့ရတာပါ။

126

ကမ္ဘာ့ဘောလုံးလောကြီးမှာ မာရာဒိုနာနဲ့ အတူ ကျောနံပါတ် ၁၀ ဆိုတာကလည်း ၎င်းရဲ့ အမှတ်အသား တစ်ခုအနေနဲ့ ဖြစ်ခဲ့ပါတယ်။ ၎င်းဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၁၉၈၆ ခုနှစ်က ကမ္ဘာ့ဖလားရယူနိုင်ခဲ့သလို နာပိုလီ၊ ဘာစီလိုနာနဲ့ ဘိုကာဂျူနီယာအသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၁၀ ကိုလည်းအနားပေးလိုက်ဖို့ မာဆေးအသင်းမန်နေဂျာ ဖြစ်တဲ့ ဘိုအာ့စ်က တိုက်တွန်းလိုက်ပါတယ်။

ဘိုအာ့စ်က “ ဒါက အရမ်းကို ဆိုးဝါးတဲ့ သတင်းတစ်ခုပါ။ ကွျန်တော့်အတွက် အရမ်းကို အရေးပါတဲ့ လူတစ်ယောက် ဆုံးရှုံးလိုက်ရခြင်း ဖြစ်စေတယ်။ သူက ကွျန်တော့်ကို ကမ္ဘာ့ဘောလုံးနည်းပြလောကထဲကို ဝင်ရောက်ဖို့ ပထမဆုံး တံခါးဖွင့်ပေးခဲ့သူပါ။ ဖီဖာအနေနဲ့လည်း ပြိုင်ပွဲဝင်နေတဲ့ အသင်းအားလုံးရဲ့ ကျောနံပါတ် ၁၀ ဂျာစီကိုလည်း အနားပေးသင့်ပါတယ်။ ဒီအရာက ကွျန်တော်တို့ရဲ့ သူ့အတွက် အကြီးမားဆုံး ဂါရ၀ပြု တာလည်း ဖြစ်လာပါလိမ့်မယ်။ သူက ဘောလုံးလောကကြီးအတွက် မယုံကြည်နိုင်လောက်တဲ့ ဆုံးရှုံးမှုလည်း ဖြစ်ခဲ့ရတယ် ” လို့ မာဆေးအသင်းက ပေါ်တိုအသင်းကို ၂-၀ နဲ့ ရှုံးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

127

အာဂျင်တီးနားအသင်းမှာ နံပါတ် ၁၀ ဝတ်ဆင်ကစားခဲ့ပြီး အာဂျင်တီးနားအသင်းကို မာရာဒိုနာ ကိုင်တွယ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ အတွက် အတူရှိခဲ့တဲ့ အာဂျင်တီးနား ကစားသမား မက်ဆီက “ အာဂျင်တီးနား တစ်နိုင်ငံလုံးနဲ့ ကမ္ဘာ့ဘောလုံးလောကအတွက် ဝမ်းနည်းစရာနေ့တစ်နေ့ပါ။ သူက ကွျန်တော်တို့ ဆီက ထွက်ခွာသွားတယ်ဆိုပေမဲ့ မထွက်ခွာဘဲရှိနေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မာရာဒိုနာဆိုတာ ထာ၀ရ ရှိနေလို့ ပါပဲ။ သူနဲ့ အတူရှိခဲ့တဲ့ ကာတွေကို ကွျန်တော်တို့တွေက အလှပဆုံး သိမ်းထားမှာပါ။ သူ့ရဲ့ မိသားစု သူ့ရဲ့ မိတ်ဆွေအားလုံးကို သူ့အတွက် ဝမ်းနည်းပူဆွေးရပါကြောင်း ပေးပို့ဖို့ အခွင့်အရေးလေးတော့ ကွျန်တော် ရရှိလိုပါတယ် ” ဆိုပြီး မာရာဒိုနာနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ မက်ဆီက ရေးသားခဲ့ပါတယ်။

Zawgyi

ကြယ္လြန္သြားတဲ့ ဂႏၴဝင္ကစားသမားႀကီး မာရာဒိုနာကို ဂုဏ္ျပဳတဲ့အေနနဲ႔ တစ္ကမၻာလုံးက ေဘာလုံး အသင္းေတြရဲ့ ေက်ာနံပါတ္ ၁၀ ကို အနားေပးလိုက္သင့္ေၾကာင္း ဘိုအာ့စ္ အႀကံျပဳ

ဗုဒၶဟူးေန႔က ကြယ္လြန္သြားတဲ့ ကမၻာ့ေဘာလုံးေလာကရဲ့ ဂႏၴဝင္ကစားသမားျဖစ္တဲ့ အာဂ်င္တီးနား အေက်ာ္အေမာ္ မာရာဒိုနာကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၎ဝတ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ ၁၀ ကို ဖီဖာက တစ္ကမၻာလုံးမွာ ရွိတဲ့ ေဘာလုံးအသင္းေတြမွာ အနားေပးသင့္တယ္လို႔ မာေဆးအသင္း မန္ေနဂ်ာ ဘိုအာ့စ္က အႀကံျပဳေျပာၾကားလိုက္ပါတယ္။
အသက္ ၆၀ ႏွစ္အရြယ္ မာရာဒိုနာဟာ ဗုဒၶဟူးေန႔က Heart Arrest ျဖစ္ၿပီး ၎ရဲ့ ေနအိမ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။ မာရာဒိုနာက မေသဆုံးခင္ ႏွစ္ပတ္ေလာက္က ဦးေႏွာက္ ေသြးယိုစိမ့္ခဲ့လို႔ ေဆး႐ုံတက္ ခြဲစိတ္ကုသမႈခံယူၿပီး ျပန္လည္ေကာင္းမြန္ခဲ့ေပမဲ့ ယခုအခ်ိန္မွာေတာ့ ႐ုတ္တရက္ ႏွလုံးတိုက္ခိုက္ခံရၿပီး ေလာကႀကီးကို စြန႔္ခြာသြားခဲ့ရတာပါ။
ကမၻာ့ေဘာလုံးေလာႀကီးမွာ မာရာဒိုနာနဲ႔ အတူ ေက်ာနံပါတ္ ၁၀ ဆိုတာကလည္း ၎ရဲ့ အမွတ္အသား တစ္ခုအေနနဲ႔ ျဖစ္ခဲ့ပါတယ္။ ၎ဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ ၁၉၈၆ ခုႏွစ္က ကမၻာ့ဖလားရယူနိုင္ခဲ့သလို နာပိုလီ၊ ဘာစီလိုနာနဲ႔ ဘိုကာဂ်ဴနီယာအသင္းေတြမွာ ကစားခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၎ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဝတ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ ၁၀ ကိုလည္းအနားေပးလိုက္ဖို႔ မာေဆးအသင္းမန္ေနဂ်ာ ျဖစ္တဲ့ ဘိုအာ့စ္က တိုက္တြန္းလိုက္ပါတယ္။
ဘိုအာ့စ္က “ ဒါက အရမ္းကို ဆိုးဝါးတဲ့ သတင္းတစ္ခုပါ။ ကြ်န္ေတာ့္အတြက္ အရမ္းကို အေရးပါတဲ့ လူတစ္ေယာက္ ဆုံးရႈံးလိုက္ရျခင္း ျဖစ္ေစတယ္။ သူက ကြ်န္ေတာ့္ကို ကမၻာ့ေဘာလုံးနည္းျပေလာကထဲကို ဝင္ေရာက္ဖို႔ ပထမဆုံး တံခါးဖြင့္ေပးခဲ့သူပါ။ ဖီဖာအေနနဲ႔လည္း ၿပိဳင္ပြဲဝင္ေနတဲ့ အသင္းအားလုံးရဲ့ ေက်ာနံပါတ္ ၁၀ ဂ်ာစီကိုလည္း အနားေပးသင့္ပါတယ္။ ဒီအရာက ကြ်န္ေတာ္တို႔ရဲ့ သူ႔အတြက္ အႀကီးမားဆုံး ဂါရ၀ျပဳ တာလည္း ျဖစ္လာပါလိမ့္မယ္။ သူက ေဘာလုံးေလာကႀကီးအတြက္ မယုံၾကည္နိုင္ေလာက္တဲ့ ဆုံးရႈံးမႈလည္း ျဖစ္ခဲ့ရတယ္ ” လို႔ မာေဆးအသင္းက ေပၚတိုအသင္းကို ၂-၀ နဲ႔ ရႈံးခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲအၿပီးမွာ ေျပာခဲ့ပါတယ္။
အာဂ်င္တီးနားအသင္းမွာ နံပါတ္ ၁၀ ဝတ္ဆင္ကစားခဲ့ၿပီး အာဂ်င္တီးနားအသင္းကို မာရာဒိုနာ ကိုင္တြယ္ခဲ့တဲ့ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၀ အတြက္ အတူရွိခဲ့တဲ့ အာဂ်င္တီးနား ကစားသမား မက္ဆီက “ အာဂ်င္တီးနား တစ္နိုင္ငံလုံးနဲ႔ ကမၻာ့ေဘာလုံးေလာကအတြက္ ဝမ္းနည္းစရာေန႔တစ္ေန႔ပါ။ သူက ကြ်န္ေတာ္တို႔ ဆီက ထြက္ခြာသြားတယ္ဆိုေပမဲ့ မထြက္ခြာဘဲရွိေနမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ မာရာဒိုနာဆိုတာ ထာ၀ရ ရွိေနလို႔ ပါပဲ။ သူနဲ႔ အတူရွိခဲ့တဲ့ ကာေတြကို ကြ်န္ေတာ္တို႔ေတြက အလွပဆုံး သိမ္းထားမွာပါ။ သူ႔ရဲ့ မိသားစု သူ႔ရဲ့ မိတ္ေဆြအားလုံးကို သူ႔အတြက္ ဝမ္းနည္းပူေဆြးရပါေၾကာင္း ေပးပို႔ဖို႔ အခြင့္အေရးေလးေတာ့ ကြ်န္ေတာ္ ရရွိလိုပါတယ္ ” ဆိုၿပီး မာရာဒိုနာနဲ႔ အတူတြဲရိုက္ထားတဲ့ ဓာတ္ပုံနဲ႔အတူ မက္ဆီက ေရးသားခဲ့ပါတယ္။