ချန်ပီယံလိဂ် ရလဒ်ကောင်းကို ဆက်လက်ထိန်းသွားမဲ့ မန်စီးတီးက အိုလံပီယာကော့ကွင်းမှာ အကောင်းဆုံး စွမ်းဆောင်သွားမှာပါ

0
401

 

ezgif-7-2c3afbe0f68a           ချန်ပီယံလိဂ်အုပ်စု(C) ရဲ့ အုပ်စုပွဲစဉ် ၄ အဖြစ် အိုလံပီယာကော့အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ အိုလံပီယာကော့အိမ်ကွင်းပွဲအဖြစ် ၂၅-၁၁-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ည ၁၂း၂၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အိုလံပီယာကော့အသင်းက အုပ်စု ၃ ပွဲကစားအပြီး ရမှတ် ၃ မှတ်နဲ့ တတိယနေရာမှာ ရှိနေပြီး မန်စီးတီးအသင်း က ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး နှစ်ကြိမ်

မန်စီးတီး ၃ – ၀ အိုလံပီယာကော့(ချန်ပီယံလိဂ်)

အိုလံပီယာကော့ ၂ – ၂ မန်စီးတီး(အင်တာနေရှင်နယ် ချန်ပီယံဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး အိုလံပီယာကော့အသင်းက သုံးပွဲနိုင် နှစ်ပွဲရှုံးထားပြီး မန်စီးတီးက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးက ချန်ပီယံလိဂ် နောက်ဆုံး ခုနစ်ပွဲကစားအပြီး ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါ တယ်။ မန်စီးတီးက ချန်ပီယံလိဂ် နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲအနိုင်ရထားပြီး နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် သုံးပွဲမှာ သွင်းဂိုး အနည်းဆုံးသုံးဂိုး သွင်းယူထားနိုင်ပါတယ်။

အိုလံပီယာကော့အသင်းက ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်းတွေနဲ့ ရှစ်ကြိမ်တွေ့ဆုံချိန်မှာ တစ်ပွဲသာ အနိုင်ရထားပြီး သုံးပွဲသရေ လေးပွဲရှုံးထားပါတယ်။ မန်စီးတီးအနေနဲ့ ၂၀၁၁ ခုနှစ်က ယူရိုပါလိဂ် ပွဲဖြစ်တဲ့ အေရစ်အသင်းနဲ့ ၀-၀ သရေဖြစ်ခဲ့ပြီးနောက် ဂရိကလပ်အသင်းတွေနဲ့ ပထမဆုံး အဝေးကွင်းပွဲ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ အဝေးကွင်းမှာ အနိုင်ရခဲ့ရင် ၂၀၁၇-၁၈ ချန်ပီယံလိဂ်ပွဲမှာ လေးပွဲဆက် အနိုင်ရခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် လေးပွဲဆက် နိုင်ပွဲဖြစ်လာမှာ ဖြစ်ပါတယ်။

အိုလံပီယာကော့အသင်းမှာ ဗယ်ဘူအာလာက ဒဏ်ရာရနေပြီး မန်စီးတီးအသင်းမှာ အေကီက ဒဏ်ရာ ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်စီးတီးက အိုလံပီယာကော့ကွင်းမှာ အနိုင်ရဖို့ ရာနှုန်းပြည့်ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္ ရလဒ္ေကာင္းကို ဆက္လက္ထိန္းသြားမဲ့ မန္စီးတီးက အိုလံပီယာေကာ့ကြင္းမွာ အေကာင္းဆုံး စြမ္းေဆာင္သြားမွာပါ

ခ်န္ပီယံလိဂ္အုပ္စု(C) ရဲ့ အုပ္စုပြဲစဥ္ ၄ အျဖစ္ အိုလံပီယာေကာ့အသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ အိုလံပီယာေကာ့အိမ္ကြင္းပြဲအျဖစ္ ၂၅-၁၁-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ည ၁၂း၂၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အိုလံပီယာေကာ့အသင္းက အုပ္စု ၃ ပြဲကစားအၿပီး ရမွတ္ ၃ မွတ္နဲ႔ တတိယေနရာမွာ ရွိေနၿပီး မန္စီးတီးအသင္း က ရမွတ္ ၉ မွတ္နဲ႔ အုပ္စုပထမေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံး ႏွစ္ႀကိမ္
မန္စီးတီး ၃ – ၀ အိုလံပီယာေကာ့(ခ်န္ပီယံလိဂ္)
အိုလံပီယာေကာ့ ၂ – ၂ မန္စီးတီး(အင္တာေနရွင္နယ္ ခ်န္ပီယံဖလား)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲကစားအၿပီး အိုလံပီယာေကာ့အသင္းက သုံးပြဲနိုင္ ႏွစ္ပြဲရႈံးထားၿပီး မန္စီးတီးက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။ မန္စီးတီးက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ခုနစ္ပြဲကစားအၿပီး ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးအထက္ သြင္းယူထားနိုင္ပါ တယ္။ မန္စီးတီးက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ခုနစ္ပြဲကစားအၿပီး ေျခာက္ပြဲအနိုင္ရထားၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ သုံးပြဲမွာ သြင္းဂိုး အနည္းဆုံးသုံးဂိုး သြင္းယူထားနိုင္ပါတယ္။
အိုလံပီယာေကာ့အသင္းက ဥေရာပၿပိဳင္ပြဲေတြမွာ အဂၤလန္ကလပ္အသင္းေတြနဲ႔ ရွစ္ႀကိမ္ေတြ႕ဆုံခ်ိန္မွာ တစ္ပြဲသာ အနိုင္ရထားၿပီး သုံးပြဲသေရ ေလးပြဲရႈံးထားပါတယ္။ မန္စီးတီးအေနနဲ႔ ၂၀၁၁ ခုႏွစ္က ယူရိုပါလိဂ္ ပြဲျဖစ္တဲ့ ေအရစ္အသင္းနဲ႔ ၀-၀ သေရျဖစ္ခဲ့ၿပီးေနာက္ ဂရိကလပ္အသင္းေတြနဲ႔ ပထမဆုံး အေဝးကြင္းပြဲ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္စီးတီးဟာ အေဝးကြင္းမွာ အနိုင္ရခဲ့ရင္ ၂၀၁၇-၁၈ ခ်န္ပီယံလိဂ္ပြဲမွာ ေလးပြဲဆက္ အနိုင္ရခဲ့ၿပီးေနာက္ ဒုတိယအႀကိမ္ေျမာက္ ေလးပြဲဆက္ နိုင္ပြဲျဖစ္လာမွာ ျဖစ္ပါတယ္။
အိုလံပီယာေကာ့အသင္းမွာ ဗယ္ဘူအာလာက ဒဏ္ရာရေနၿပီး မန္စီးတီးအသင္းမွာ ေအကီက ဒဏ္ရာ ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က မန္စီးတီးက အိုလံပီယာေကာ့ကြင္းမွာ အနိုင္ရဖို႔ ရာႏႈန္းျပည့္ရွိေနၿပီး သြင္းဂိုး ၂-၁ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။