ချန်ပီယံလိဂ် ရလဒ်ပိုင်း ကျဆင်းနေတဲ့ ပီအက်စ်ဂျီအိမ်ကွင်းမှာ လိုက်ပ်ဇစ်ကို ဖိအားပေးအနိုင်ယူသွားမှာပါ

0
413

 

ezgif-7-2c3afbe0f68a       ချန်ပီယံလိဂ် အုပ်စု(H) ရဲ့ အုပ်စုပွဲစဉ် ၄ အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ဟာ ပီအက်စ်ဂျီရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၅-၁၁-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ်အုပ်စုပွဲ ၃ ပွဲကစားအပြီး နှစ်ပွဲရှုံးထားလို့ ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယနေရာ မှာရှိနေပြီး လိုက်ပ်ဇစ်က နှစ်ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လိုက်ပ်ဇစ် ၂ – ၁ ပီအက်စ်ဂျီ(ချန်ပီယံလိဂ်)

လိုက်ပ်ဇစ် ၀ – ၃ ပီအက်စ်ဂျီ(ချန်ပီယံလိဂ်)

လိုက်ပ်ဇစ် ၄ – ၂ ပီအက်စ်ဂျီ(ခြေစမ်းပွဲ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ပီအက်စ်ဂျီအသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပြီး လိုက်ပ်ဇစ်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ လိုက်ပ်ဇစ်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ ပီအက်စ်ဂျီအသင်း က ပီအက်စ်ဂျီအသင်းက လိုက်ပ်ဇစ်အသင်းနဲ့တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ဘာနက်၊ ဒရက်ဇက်လာ၊ ခယ်နာနဲ့ အိုင်ကာဒီတို့က ဒဏ်ရာရနေပြီး ခင်မာပီနဲ့ ဂီယီတို့က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လိုက်ပ်ဇစ်အသင်းမှာ ကာလိုစတီမန်နဲ့ လိုင်မာတို့က ဒဏ်ရာကြောင့်ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ပီအက်စ်ဂျီအနေနဲ့ အဝေးကွင်းမှာ လိုက်ပ်ဇစ်ကို ရှုံးထားလို့ အိမ်ကွင်းမှာ ရမှတ်ရှာနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီက အိမ်ကွင်းမှာ အနိုင်ရဖို့ ၅၉% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ လိုက်ပ်ဇစ်အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။ သွင်းဂိုး ၂-၁ လောက်နဲ့ ပီအက်စ်ဂျီက အနိုင်ယူသွားနိုင်ပါတယ်။

Zawgyi

