ငယ်ဘ၀က ကစားခဲ့တဲ့ ဘရာဇီးကလပ်မှာ ကစားသမားဘ၀ ပြီးဆုံးသွားလိုတယ်ဆိုပြီး ဂိုးသမား အော်လစ်ဆင် ပြောကြား

0
210

 

SBOTOP NOV         လီဗာပူးလ်အသင်း ဂိုးသမား အော်လစ်ဆင်က ၎င်းရဲ့ ကစားသမားဘ၀ကို ဘရာဇီးနိုင်ငံက ငယ်ဘ၀ ကလပ်မှာ ပြီးဆုံးသွားဖို့ အလိုရှိတယ်လို့ ဆိုပါတယ်။ ၎င်းဟာ ဘရာဇီး စီးရီးအေ ကလပ် အင်တာနေရှင်နယ် အသင်းမှာ ၂၀၁၃ ခုနှစ်မှာ စတင်ကစားခဲ့သလို ၎င်းက အဆိုပါကလပ် အကယ်ဒမီကို အသက် ၁၀ နှစ်အရွယ်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အင်တာနေရှင်နယ်အသင်းနဲ့ ၁၁၅ ပွဲအထိ ကစားခဲ့ပြီး အီတလီစီးရီးအေကလပ် ရိုးမားကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ယင်းနောက်မှာ ပရီးမီးယားလိဂ် ကလပ် လီဗာပူးလ်ကို ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

60

အော်လစ်ဆင်က “ ကွျန်တော်က ဘရာဇီးမှာ ပြန်လည်ကစားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာမဲ့ အချိန်ကို ဘုရားသခင်ကပဲ သိနိုင်မှာပါ။ ဘုရားသခင်က ဒီလိုအခွင့်အရေးမျိုး ကွျန်တော့်ကို ပေးသွားမယ်ဆိုတာကို ကွျန်တော်သိနေတယ်။ ကွျန်တော်ကလည်း ဘုရားသခင်အလိုတော်ကျ ကွျန်တော့်ဘ၀နောက်ကို လိုက်ပါလိုသူပါ။ ကွျန်တော့်ရဲ့ နှလုံးသားက ဘရာဇီးမှာ ပြန်လည်ကစားဖို့ ထွက်ပေါ်လာခဲ့ရင်လည်း ဘုရားသခင်က အဖြေပေးသွား ပါလိမ့်မယ်။ ဒါကလည်း အင်တာနေရှင်နယ်အသင်း ဖြစ်မှာပါ။ ဒီကလပ်က ကွျန်တော်ချစ်တဲ့ အသင်းဖြစ်နေ တယ်လေ။ ကွျန်တော်က ဘရာဇီးမှာ ရှိနေတဲ့ အသင်းအားလုံးကို လေးစားပါတယ်။ တချို့သော အသင်းတွေမှာလည်း ကစားသွားလိုတယ်။ ကွျန်တော် ဘရာဇီးကို ပြန်လည်ခဲ့ရင်လည်း အင်တာနေရှင်နယ် အသင်းမှာ ကစားဖြစ်မလား အခြားအသင်းကို ရောက်မလားဆိုတာ မသိနိုင်ပါဘူး ” လို့ ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် အော်လစ်ဆင်က လီဗာပူးလ်အသင်း မန်နေဂျာ ကလော့ပ်ရဲ့ ပထမပွဲထွက် ကစားသမားဖြစ်သလို အသင်းအတွက် ၎င်းကလည်း ကမ္ဘာ့အဆင့် ကာကွယ်မှုတွေ ပြုလုပ်ပေးနိုင်သူ ဖြစ်နေပါတယ်။ ဒါပေမဲ့ အသက်အပိုင်းအခြားအရ ဖြစ်ပေါ်လာနိုင်တဲ့ အရာတွေအပေါ်မှာ မျှော်လင့်ထားတာ ဖြစ်ပြီး ဘရာဇီးကို ပြန်ကစားဖို့ဆိုတာကလည်း ကာလအပိုင်းအခြားအရ ဝေးကွာနေပါသေးတယ်။

ဆက်လက်ပြီး ၎င်းက “ ဟိုအသင်းသွား ဒီအသင်းပြောင်းဆိုတဲ့ အစီအစဉ်ကွျန်တော့်မှာ ဘယ်တော့မှ မရှိခဲ့ပါဘူး။ ယုတ္တိရှိတဲ့ အိပ်မက်တွေပဲ ကွျန်တော့်မှာ ရှိနေတယ်။ ဒါပေမဲ့ ကွျန်တော့်ရဲ့ ခြေထောက်တွေ မြေပြင်ပေါ်မှာ ရပ်တည်နိုင်ဖို့ကိုပဲ ကွျန်တော့် အရမ်းကို အာရုံစိုက်ထားတယ်။ ကွျန်တော့်လက်ထဲမှာ ဘယ်အရာတွေ ရှိနေပြီး အခုချိန် ပစ္စုပ္ပန်မှာ ဘာတွေလုပ်နိုင်မလဲ ဆိုတာပေါ့လေ။ ကွျန်တော့်မှာ ရှိနေတဲ့ အစီအစဉ်က ဘောလုံးလောကမှာ ကာလရှည်စွာနဲ့ အမြင့်ဆုံးအဆင့်နဲ့ ကစားသွားဖို့ပါ။ တကယ်လို့ ကွျန်တော့် အသက် ၃၅၊ ၄၀ ကနေ ၄၀ ကျော်ချိန်မှာ လမ်းပေါ်မှာ ကာလရှည်လျှောက်နိုင်မလားဆိုတာ ကွျန်တော် မသိနိုင်ဘူး လေ။ ဥရောပနဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် အကောင်းဆုံးပြုလုပ်သွားနိုင်ဖို့ မျှော်လင့်ထားတယ် ” လို့ ပြောပါတယ်။

Zawgyi

ငယ္ဘ၀က ကစားခဲ့တဲ့ ဘရာဇီးကလပ္မွာ ကစားသမားဘ၀ ၿပီးဆုံးသြားလိုတယ္ဆိုၿပီး ဂိုးသမား ေအာ္လစ္ဆင္ ေျပာၾကား

လီဗာပူးလ္အသင္း ဂိုးသမား ေအာ္လစ္ဆင္က ၎ရဲ့ ကစားသမားဘ၀ကို ဘရာဇီးနိုင္ငံက ငယ္ဘ၀ ကလပ္မွာ ၿပီးဆုံးသြားဖို႔ အလိုရွိတယ္လို႔ ဆိုပါတယ္။ ၎ဟာ ဘရာဇီး စီးရီးေအ ကလပ္ အင္တာေနရွင္နယ္ အသင္းမွာ ၂၀၁၃ ခုႏွစ္မွာ စတင္ကစားခဲ့သလို ၎က အဆိုပါကလပ္ အကယ္ဒမီကို အသက္ ၁၀ ႏွစ္အရြယ္မွာ စတင္ေရာက္ရွိခဲ့ပါတယ္။ အင္တာေနရွင္နယ္အသင္းနဲ႔ ၁၁၅ ပြဲအထိ ကစားခဲ့ၿပီး အီတလီစီးရီးေအကလပ္ ရိုးမားကို ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ ယင္းေနာက္မွာ ပရီးမီးယားလိဂ္ ကလပ္ လီဗာပူးလ္ကို ေရာက္ရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားေတြ ရယူနိုင္ခဲ့ပါတယ္။
ေအာ္လစ္ဆင္က “ ကြ်န္ေတာ္က ဘရာဇီးမွာ ျပန္လည္ကစားဖို႔ ရွိေနပါတယ္။ ဒါေပမဲ့ ဒီလို ျဖစ္လာမဲ့ အခ်ိန္ကို ဘုရားသခင္ကပဲ သိနိုင္မွာပါ။ ဘုရားသခင္က ဒီလိုအခြင့္အေရးမ်ိဳး ကြ်န္ေတာ့္ကို ေပးသြားမယ္ဆိုတာကို ကြ်န္ေတာ္သိေနတယ္။ ကြ်န္ေတာ္ကလည္း ဘုရားသခင္အလိုေတာ္က် ကြ်န္ေတာ့္ဘ၀ေနာက္ကို လိုက္ပါလိုသူပါ။ ကြ်န္ေတာ့္ရဲ့ ႏွလုံးသားက ဘရာဇီးမွာ ျပန္လည္ကစားဖို႔ ထြက္ေပၚလာခဲ့ရင္လည္း ဘုရားသခင္က အေျဖေပးသြား ပါလိမ့္မယ္။ ဒါကလည္း အင္တာေနရွင္နယ္အသင္း ျဖစ္မွာပါ။ ဒီကလပ္က ကြ်န္ေတာ္ခ်စ္တဲ့ အသင္းျဖစ္ေန တယ္ေလ။ ကြ်န္ေတာ္က ဘရာဇီးမွာ ရွိေနတဲ့ အသင္းအားလုံးကို ေလးစားပါတယ္။ တခ်ိဳ႕ေသာ အသင္းေတြမွာလည္း ကစားသြားလိုတယ္။ ကြ်န္ေတာ္ ဘရာဇီးကို ျပန္လည္ခဲ့ရင္လည္း အင္တာေနရွင္နယ္ အသင္းမွာ ကစားျဖစ္မလား အျခားအသင္းကို ေရာက္မလားဆိုတာ မသိနိုင္ပါဘူး ” လို႔ ေျပာပါတယ္။
အသက္ ၂၈ ႏွစ္အရြယ္ ေအာ္လစ္ဆင္က လီဗာပူးလ္အသင္း မန္ေနဂ်ာ ကေလာ့ပ္ရဲ့ ပထမပြဲထြက္ ကစားသမားျဖစ္သလို အသင္းအတြက္ ၎ကလည္း ကမၻာ့အဆင့္ ကာကြယ္မႈေတြ ျပဳလုပ္ေပးနိုင္သူ ျဖစ္ေနပါတယ္။ ဒါေပမဲ့ အသက္အပိုင္းအျခားအရ ျဖစ္ေပၚလာနိုင္တဲ့ အရာေတြအေပၚမွာ ေမၽွာ္လင့္ထားတာ ျဖစ္ၿပီး ဘရာဇီးကို ျပန္ကစားဖို႔ဆိုတာကလည္း ကာလအပိုင္းအျခားအရ ေဝးကြာေနပါေသးတယ္။
ဆက္လက္ၿပီး ၎က “ ဟိုအသင္းသြား ဒီအသင္းေျပာင္းဆိုတဲ့ အစီအစဥ္ကြ်န္ေတာ့္မွာ ဘယ္ေတာ့မွ မရွိခဲ့ပါဘူး။ ယုတၱိရွိတဲ့ အိပ္မက္ေတြပဲ ကြ်န္ေတာ့္မွာ ရွိေနတယ္။ ဒါေပမဲ့ ကြ်န္ေတာ့္ရဲ့ ေျခေထာက္ေတြ ေျမျပင္ေပၚမွာ ရပ္တည္နိုင္ဖို႔ကိုပဲ ကြ်န္ေတာ့္ အရမ္းကို အာ႐ုံစိုက္ထားတယ္။ ကြ်န္ေတာ့္လက္ထဲမွာ ဘယ္အရာေတြ ရွိေနၿပီး အခုခ်ိန္ ပစၥဳပၸန္မွာ ဘာေတြလုပ္နိုင္မလဲ ဆိုတာေပါ့ေလ။ ကြ်န္ေတာ့္မွာ ရွိေနတဲ့ အစီအစဥ္က ေဘာလုံးေလာကမွာ ကာလရွည္စြာနဲ႔ အျမင့္ဆုံးအဆင့္နဲ႔ ကစားသြားဖို႔ပါ။ တကယ္လို႔ ကြ်န္ေတာ့္ အသက္ ၃၅၊ ၄၀ ကေန ၄၀ ေက်ာ္ခ်ိန္မွာ လမ္းေပၚမွာ ကာလရွည္ေလၽွာက္နိုင္မလားဆိုတာ ကြ်န္ေတာ္ မသိနိုင္ဘူး ေလ။ ဥေရာပနဲ႔ နိုင္ငံလက္ေရြးစင္အသင္းအတြက္ အေကာင္းဆုံးျပဳလုပ္သြားနိုင္ဖို႔ ေမၽွာ္လင့္ထားတယ္ ” လို႔ ေျပာပါတယ္။