“ ဒဏ်ရာရကစားသမားတွေ ကင်းစင်ချိန်မှာ ကွျန်တော်တို့တွေ နောက်တစ်ဖန် လက်မ ထောင်ပြနိုင်သွားမှာပါ ” အတ္တလန္တာအသင်းကို ရှုံးခဲ့ပြီးနောက် ကလော့ပ်ရဲ့ ဖြေသိမ့်စကား

0
228

 

ezgif-7-2c3afbe0f68a           လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄ မှာ အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးခဲ့ ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာ ကလော့ပ်က ဒဏ်ရာရကစားသမားတွေ ကင်းစင်သွားချိန်ရောက်ရင် နောက်တစ်ဖန် လက်မထောင်ပြသွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အတ္တလန္တာအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်း မိနစ် ၆၀ မှာ အိုင်လီဆစ်နဲ့ ၆၄ မိနစ်မှာ ဂိုဆင်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က “ ဒီပွဲက ပွဲကောင်းတစ်ပွဲ မဖြစ်ခဲ့ပါဘူး။ သူတို့ဘက်က ဂိုးတွေ သွင်းယူနိုင်ခဲ့သည့် တိုင်အောင် နှစ်သင်းလုံးက အကောင်းဆုံးဖန်တီးမှုတွေ မပြုလုပ်နိုင်ခဲ့ကြဘူး။ ခက်ခဲတဲ့ ပြိုင်ပွဲတစ်ပွဲအတွင်းမှာ အရှုံးနဲ့ ထိုက်တန်ခဲ့တယ်။ နှစ်သင်းလုံးက ခက်ခက်ခဲခဲ ကစားခဲ့ကြရပေမဲ့ ကွင်းလယ်ဒိုင်က ဝီစီများစွာ မမှုတ်ခဲ့ရဘူး။ မယုံကြည်နိုင်လောက်တဲ့ ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပေမဲ့ မင်းဘက်က တချို့အရာတွေကိုတော့ ချိုးဖျက် သွားဖို့ လိုအပ်ပါတယ်။ ပထမပိုင်းမှာ အထိုင်ကျခဲ့ပေမဲ့ ကစားသမားတွေက သူတို့တွေရဲ့ မြင့်မားတဲ့ လုပ်အားကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။ ကွျန်တော်တို့က ဒီပွဲစဉ်အတွက် အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းကို မရှာနိုင်ခဲ့ကြဘူး။ ကွျန်တော်တို့မှာ စစ်မှန်တဲ့ အခွင့်အရေးရှိမနေခဲ့ဘူး။ ဒီလိုအရာက အခြားအသင်းတွေမှာလည်း ဖြစ်ပျက်တတ်ပါ တယ်။ စနေနေ့မှာ ကစားရမဲ့ ပွဲရှိနေလို့ သေချာမကစားတာလားဆိုပြီး မင်းကမေးမယ်ဆိုရင် ဒီပွဲစဉ်ဟာ ပြစ်မှု တစ်ခုကျူးလွန်တာ မဟုတ်ပါဘူး။ ဒီရလဒ်ပိုင်းက ဘာမှ မဖြစ်စေပါဘူး။ ဒါပေမဲ့ တစ်ဖက်အသင်းကို ဂုဏ်ယူပါတယ်။ ဒဏ်ရာရကစားသမားတွ ကင်းစင်ချိန်မှာ ကွျန်တော်တို့ နောက်တစ်ဖန် လက်မပြန်ထောင်ပြ ပါမယ် ” လို့ ပြောပါတယ်။

121

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စု(D) မှာ လေးပွဲကစားအပြီး သုံးပွဲနိုင် ရမှတ် ၉ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး အတ္တလန္တာအသင်းက ရမှတ် ၇ မှတ်ရရှိထားပြီး အုပ်စုဒုတိယနေရာက အေဂျက်အသင်းနဲ့ ရမှတ်တူနေပါတယ်။

Zawgyi

“ ဒဏ္ရာရကစားသမားေတြ ကင္းစင္ခ်ိန္မွာ ကြ်န္ေတာ္တို႔ေတြ ေနာက္တစ္ဖန္ လက္မ ေထာင္ျပနိုင္သြားမွာပါ ” အတၱလႏၲာအသင္းကို ရႈံးခဲ့ၿပီးေနာက္ ကေလာ့ပ္ရဲ့ ေျဖသိမ့္စကား

လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ ၄ မွာ အတၱလႏၲာအသင္းကို အိမ္ကြင္းမွာ ၂-၀ နဲ႔ ရႈံးခဲ့ ပါတယ္။ အဆိုပါပြဲစဥ္အၿပီးမွာ ကေလာ့ပ္က ဒဏ္ရာရကစားသမားေတြ ကင္းစင္သြားခ်ိန္ေရာက္ရင္ ေနာက္တစ္ဖန္ လက္မေထာင္ျပသြားမွာ ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ အတၱလႏၲာအတြက္ အနိုင္ဂိုးေတြကို ဒုတိယပိုင္း မိနစ္ ၆၀ မွာ အိုင္လီဆစ္နဲ႔ ၆၄ မိနစ္မွာ ဂိုဆင္တို႔က သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာ ကေလာ့ပ္က “ ဒီပြဲက ပြဲေကာင္းတစ္ပြဲ မျဖစ္ခဲ့ပါဘူး။ သူတို႔ဘက္က ဂိုးေတြ သြင္းယူနိုင္ခဲ့သည့္ တိုင္ေအာင္ ႏွစ္သင္းလုံးက အေကာင္းဆုံးဖန္တီးမႈေတြ မျပဳလုပ္နိုင္ခဲ့ၾကဘူး။ ခက္ခဲတဲ့ ၿပိဳင္ပြဲတစ္ပြဲအတြင္းမွာ အရႈံးနဲ႔ ထိုက္တန္ခဲ့တယ္။ ႏွစ္သင္းလုံးက ခက္ခက္ခဲခဲ ကစားခဲ့ၾကရေပမဲ့ ကြင္းလယ္ဒိုင္က ဝီစီမ်ားစြာ မမႈတ္ခဲ့ရဘူး။ မယုံၾကည္နိုင္ေလာက္တဲ့ ပြဲႀကီးတစ္ပြဲျဖစ္ခဲ့ေပမဲ့ မင္းဘက္က တခ်ိဳ႕အရာေတြကိုေတာ့ ခ်ိဳးဖ်က္ သြားဖို႔ လိုအပ္ပါတယ္။ ပထမပိုင္းမွာ အထိုင္က်ခဲ့ေပမဲ့ ကစားသမားေတြက သူတို႔ေတြရဲ့ ျမင့္မားတဲ့ လုပ္အားကို မေဖာ္ေဆာင္နိုင္ခဲ့ၾကဘူး။ ကြ်န္ေတာ္တို႔က ဒီပြဲစဥ္အတြက္ အေကာင္းဆုံးျဖစ္မဲ့ နည္းလမ္းကို မရွာနိုင္ခဲ့ၾကဘူး။ ကြ်န္ေတာ္တို႔မွာ စစ္မွန္တဲ့ အခြင့္အေရးရွိမေနခဲ့ဘူး။ ဒီလိုအရာက အျခားအသင္းေတြမွာလည္း ျဖစ္ပ်က္တတ္ပါ တယ္။ စေနေန႔မွာ ကစားရမဲ့ ပြဲရွိေနလို႔ ေသခ်ာမကစားတာလားဆိုၿပီး မင္းကေမးမယ္ဆိုရင္ ဒီပြဲစဥ္ဟာ ျပစ္မႈ တစ္ခုက်ဴးလြန္တာ မဟုတ္ပါဘူး။ ဒီရလဒ္ပိုင္းက ဘာမွ မျဖစ္ေစပါဘူး။ ဒါေပမဲ့ တစ္ဖက္အသင္းကို ဂုဏ္ယူပါတယ္။ ဒဏ္ရာရကစားသမားတြ ကင္းစင္ခ်ိန္မွာ ကြ်န္ေတာ္တို႔ ေနာက္တစ္ဖန္ လက္မျပန္ေထာင္ၿပ ပါမယ္ ” လို႔ ေျပာပါတယ္။
လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စု(D) မွာ ေလးပြဲကစားအၿပီး သုံးပြဲနိုင္ ရမွတ္ ၉ မွတ္နဲ႔ အုပ္စုကို ဦးေဆာင္ေနၿပီး အတၱလႏၲာအသင္းက ရမွတ္ ၇ မွတ္ရရွိထားၿပီး အုပ္စုဒုတိယေနရာက ေအဂ်က္အသင္းနဲ႔ ရမွတ္တူေနပါတယ္။