ဒိုဟာတီနဲ့ ပွေ့ဖက်ခဲ့တဲ့ ဂါရတ်ဘေးလ် ကိုဗစ်-၁၉ အတွက် စိုးရိမ်ရပြီ

0
381

ဝေးလ်အသင်းနဲ့ အိုင်ယာလန်အသင်းတို့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပွဲစဉ်ပြီးနောက် အိုင်ယာလန်အသင်းသာ ၂ ဦး ကိုရိုနာ positive ဖြစ်ခဲ့တာကြောင့် အဲဒီပွဲမှာ ပြိုင်ဘက်အသင်းသားတွေနဲ့ ပွေ့ဖက်ခဲ့တဲ့ ဂါရတ်ဘေးလ်အနေနဲ့လည်း ကိုဗစ်-၁၉ ကူးစက်ခံရမယ့်အရေး စိုးရိမ်နေရပြီလို့ သိရပါတယ်။ ကာဒစ်ဖ်စီးတီးကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ ဝေးလ်အသင်းက အိုင်ယာလန်ကို ၁-ဝ ဂိုးနဲ့ အနိုင်ရပြီးနောက် ဘေးလ်ရဲ့ စပါးအသင်းဖော် မက်ဒိုဟာတီနဲ့ စတုတ်စီးတီးတောင်ပံကစားသမား ဂျိမ်းစ်မက္ကလင်းတို့ ကိုဗစ်-၁၉ ဆေးစစ်မှုမှာ positive ဖြစ်ခဲ့တာပါ။

ဖင်လန်နဲ့ပွဲမတိုင်ခင် ဆေးစစ်မှုမှာ ဝေးလ်အသင်းသား တစ်ယောက်မှ ကိုရိုနာ positive မဖြစ်ကြပေမဲ့ ဘေးလ်ကတော့ အိုင်ယာလန်အသင်းသားတွေနဲ့ ပွေ့ဖက်ခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးမှာ ကြောက်နေရတယ်လို့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။ ဒါ့အပြင် ဘေးလ်က လက်ရှိကျင့်သုံးနေတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ချီးကျူးခံရမှုနဲ့ ထိုက်တန်တယ်လို့လည်း ပြောသွားခဲ့ပါသေးတယ်။

ဘေးလ်က “ ကိုရိုနာ positive ဖြစ်ထားတဲ့သူတစ်ယောက်နဲ့ ခင်ဗျား ဘောလုံး အတူကစားပြီးတဲ့အခါ ဘယ်သူ မဆို အနည်းအကျဉ်းတော့ စိုးရိမ်မိမှာပါပဲ။ ကွင်းထဲမှာ အတူရှိခဲ့တာကြောင့်လေ။ ဒါပေမဲ့ အဲဒီလောက်နဲ့လည်း ဖြစ်ချင်မှ ဖြစ်မှာပါ။ အားလုံး ဆေးစစ်မှုမှာ negative ဖြစ်ခဲ့တာကတော့ ဝမ်းသာစရာ သတင်းကောင်းပါပဲ။ လက်ရှိမှာတော့ ကျွန်တော်တို့ ပွဲစဉ်အတွက်ပဲ အာရုံစိုက်ရတော့မယ်။ ကျွန်တော်နဲ့ ဒါဗီးစ်တို့က ဒိုဟာတီနဲ့ စကားပြောဆိုတာတွေရှိခဲ့တယ်။ သူ အဆင်ပြေပါစေလို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဖွင့်ဟသွား ခဲ့ပါတယ်။

(zawgyi)

ဒိုဟာတီနဲ႔ ေပြ႕ဖက္ခဲ့တဲ့ ဂါရတ္ေဘးလ္ ကိုဗစ္-၁၉ အတြက္ စိုးရိမ္ရၿပီ

ေ၀းလ္အသင္းနဲ႔ အိုင္ယာလန္အသင္းတို႔ ကစားခဲ့တဲ့ ယူအီးအက္ဖ္ေအ ေနရွင္းလိဂ္ပြဲစဥ္ၿပီးေနာက္ အိုင္ယာလန္အသင္းသာ ၂ ဦး ကိုရိုနာ positive ျဖစ္ခဲ့တာေၾကာင့္ အဲဒီပြဲမွာ ၿပိဳင္ဘက္အသင္းသားေတြနဲ႔ ေပြ႕ဖက္ခဲ့တဲ့ ဂါရတ္ေဘးလ္အေနနဲ႔လည္း ကိုဗစ္-၁၉ ကူးစက္ခံရမယ့္အေရး စိုးရိမ္ေနရၿပီလို႔ သိရပါတယ္။ ကာဒစ္ဖ္စီးတီးကြင္းမွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ ေ၀းလ္အသင္းက အိုင္ယာလန္ကို ၁-၀ ဂိုးနဲ႔ အႏိုင္ရၿပီးေနာက္ ေဘးလ္ရဲ႕ စပါးအသင္းေဖာ္ မက္ဒိုဟာတီနဲ႔ စတုတ္စီးတီးေတာင္ပံကစားသမား ဂ်ိမ္းစ္မကၠလင္းတို႔ ကိုဗစ္-၁၉ ေဆးစစ္မႈမွာ positive ျဖစ္ခဲ့တာပါ။

ဖင္လန္နဲ႔ပြဲမတိုင္ခင္ ေဆးစစ္မႈမွာ ေ၀းလ္အသင္းသား တစ္ေယာက္မွ ကိုရိုနာ positive မျဖစ္ၾကေပမဲ့ ေဘးလ္ကေတာ့ အိုင္ယာလန္အသင္းသားေတြနဲ႔ ေပြ႕ဖက္ခဲ့တာေၾကာင့္ ဗုိင္းရပ္စ္ကူးမွာ ေၾကာက္ေနရတယ္လို႔ ထုတ္ေဖာ္၀န္ခံသြားခဲ့ပါတယ္။ ဒါ့အျပင္ ေဘးလ္က လက္ရွိက်င့္သုံးေနတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအရ ေ၀းလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ခ်ီးက်ဴးခံရမႈနဲ႔ ထိုက္တန္တယ္လို႔လည္း ေျပာသြားခဲ့ပါေသးတယ္။

ေဘးလ္က “ ကိုရိုနာ positive ျဖစ္ထားတဲ့သူတစ္ေယာက္နဲ႔ ခင္ဗ်ား ေဘာလုံး အတူကစားၿပီးတဲ့အခါ ဘယ္သူ မဆို အနည္းအက်ဥ္းေတာ့ စိုးရိမ္မိမွာပါပဲ။ ကြင္းထဲမွာ အတူရွိခဲ့တာေၾကာင့္ေလ။ ဒါေပမဲ့ အဲဒီေလာက္နဲ႔လည္း ျဖစ္ခ်င္မွ ျဖစ္မွာပါ။ အားလုံး ေဆးစစ္မႈမွာ negative ျဖစ္ခဲ့တာကေတာ့ ၀မ္းသာစရာ သတင္းေကာင္းပါပဲ။ လက္ရွိမွာေတာ့ ကၽြန္ေတာ္တုိ႔ ပြဲစဥ္အတြက္ပဲ အာရုံစိုက္ရေတာ့မယ္။ ကၽြန္ေတာ္နဲ႔ ဒါဗီးစ္တို႔က ဒိုဟာတီနဲ႔ စကားေျပာဆိုတာေတြရွိခဲ့တယ္။ သူ အဆင္ေျပပါေစလို႔လည္း ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ဖြင့္ဟသြား ခဲ့ပါတယ္။