ပရီးမီးယားလိဂ်ရဲ့ အောက်တိုဘာလ တစ်လတာ အကောင်းဆုံးကစားသမား ဆုကို ဆွန်ဟောင်မင်ရရှိ

0
204

 

ezgif-7-2c3afbe0f68a         အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးကစားသမား ဆုကို စပါးလ် အသင်းက တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဆုအတွက် ၎င်းက အသင်းဖော်တိုက်စစ်မှူး ဟာရီကိန်းနဲ့ အဲစတွန်ဗီလာအသင်းခေါင်းဆောင် ဂရီအာလစ်တို့ကို ကျော်လွန်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလအတွင်းမှာ စပါးလ်အသင်းက မန်ချက်စတာယူနိုက်တက်ကို ၆-၁၊ ဝက်ဟမ်းကို ၃-၃နဲ့ ဘန်လေကို ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ၎င်းက အဆိုပါပွဲစဉ်တွေမှာ လေးဂိုးသွင်းယူခဲ့ပြီး သုံးကြိမ်ဖန်တီးမှု ပြုလုပ် နိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်အတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တတိယအကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၆ စက်တင်ဘာမှာ တစ်ကြိမ် ၂၀၁၇ ဧပြီမှာ တစ်ကြိမ် ရယူနိုင်ခဲ့ပါတယ်။ စပါးလ်အသင်းအတွက်တော့ ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ မိုရာ တစ်လတ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီးနောက် ယခုတစ်ဖန် ဆွန်ဟောင်မင်က ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

54

ဆွန်ဟောင်မင်က အောက်တိုဘာလ တစ်လတာ အကောင်းဆုံးကစားသမား ဆုအတွက် အသင်းဖော် ဟာရီကိန်းအပါအဝင်၊ ဂရီအာလစ်၊ ကိုအာဒီ၊ ဖော်နယ်လ်၊ အဒမ်၊ သီယာဂို ဆေးလ်ဗားနဲ့ ဝေါကာနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ရှစ်ဂိုး သွင်းယူထားပြီး တိုက်စစ်မှူး လီဝင်၊ ဆာလက်တို့နဲ့ အပြိုင်သွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဆွန်ဟောင်မင်က “ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုရဖို့ ကွျန်တော့်ကို ဆန္ဒပြုပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။ ဒါက ဂုဏ်ယူစရာဖြစ်သလို ဒီအရာက ကွျန်တော်ဘာလဲဆိုတာကို များစွာ ဖော်ပြပေးလိုက်ခြင်းလည်း ဖြစ်စေတယ်။ ကြိုက်နှစ်သက်စရာ ဖြစ်အောင် ပြုလုပ်ပေးကြတဲ့ ကွျန်တော်တို့ရဲ့ တစ်သင်းထဲမှာ ရှိကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ မပါဝင်ဘဲနဲ့ ကွျန်တော် ဘာဆုမှ ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အများကြီး အများကြီး ကျေးဇူးတင်တယ်။ ကွျန်တော်က အလုပ်ကို ဆက်လက်ထိန်းသိမ်းပြီး ကြိုးစားကစားသွားပါမယ်။ နိုင်ငံတကာပွဲတွေ ပြီးရင်ပြန်တွေ့ရမှာ ဖြစ်ပေမဲ့ အသင်းဖော်တွေနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ဖို့ မစောင့်နိုင်တော့ပါဘူး ” ဆိုပြီး ၎င်းရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ရဲ့ ေအာက္တိုဘာလ တစ္လတာ အေကာင္းဆုံးကစားသမား ဆုကို ဆြန္ေဟာင္မင္ရရွိ

ေအာက္တိုဘာလအတြက္ ပရီးမီးယားလိဂ္ရဲ့ တစ္လတာ အေကာင္းဆုံးကစားသမား ဆုကို စပါးလ္ အသင္းက တိုက္စစ္ကစားသမား ဆြန္ေဟာင္မင္က ရရွိခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါဆုအတြက္ ၎က အသင္းေဖာ္တိုက္စစ္မႉး ဟာရီကိန္းနဲ႔ အဲစတြန္ဗီလာအသင္းေခါင္းေဆာင္ ဂရီအာလစ္တို႔ကို ေက်ာ္လြန္ၿပီး ရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။
ေအာက္တိုဘာလအတြင္းမွာ စပါးလ္အသင္းက မန္ခ်က္စတာယူနိုက္တက္ကို ၆-၁၊ ဝက္ဟမ္းကို ၃-၃နဲ႔ ဘန္ေလကို ၁-၀ နဲ႔ အနိုင္ရခဲ့ပါတယ္။ ၎က အဆိုပါပြဲစဥ္ေတြမွာ ေလးဂိုးသြင္းယူခဲ့ၿပီး သုံးႀကိမ္ဖန္တီးမႈ ျပဳလုပ္ နိုင္ခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ကိုရီးယားတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္အတြက္ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို တတိယအႀကိမ္ရယူနိုင္ခဲ့တာ ျဖစ္ၿပီး ၂၀၁၆ စက္တင္ဘာမွာ တစ္ႀကိမ္ ၂၀၁၇ ဧၿပီမွာ တစ္ႀကိမ္ ရယူနိုင္ခဲ့ပါတယ္။ စပါးလ္အသင္းအတြက္ေတာ့ ၂၀၁၈ ခုႏွစ္ ဩဂုတ္လမွာ မိုရာ တစ္လတ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့ၿပီးေနာက္ ယခုတစ္ဖန္ ဆြန္ေဟာင္မင္က ရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။
ဆြန္ေဟာင္မင္က ေအာက္တိုဘာလ တစ္လတာ အေကာင္းဆုံးကစားသမား ဆုအတြက္ အသင္းေဖာ္ ဟာရီကိန္းအပါအဝင္၊ ဂရီအာလစ္၊ ကိုအာဒီ၊ ေဖာ္နယ္လ္၊ အဒမ္၊ သီယာဂို ေဆးလ္ဗားနဲ႔ ေဝါကာနဲ႔ ယွဥ္ၿပိဳင္ခဲ့ရတာ ျဖစ္ပါတယ္။ ၎ဟာ ပရီးမီးယားလိဂ္သြင္းဂိုး ရွစ္ဂိုး သြင္းယူထားၿပီး တိုက္စစ္မႉး လီဝင္၊ ဆာလက္တို႔နဲ႔ အၿပိဳင္သြင္းဂိုး အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။
ဆြန္ေဟာင္မင္က “ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံးကစားသမားဆုရဖို႔ ကြ်န္ေတာ့္ကို ဆႏၵျပဳေပးၾကသူေတြကို ေက်းဇူးတင္ပါတယ္။ ဒါက ဂုဏ္ယူစရာျဖစ္သလို ဒီအရာက ကြ်န္ေတာ္ဘာလဲဆိုတာကို မ်ားစြာ ေဖာ္ျပေပးလိုက္ျခင္းလည္း ျဖစ္ေစတယ္။ ႀကိဳက္ႏွစ္သက္စရာ ျဖစ္ေအာင္ ျပဳလုပ္ေပးၾကတဲ့ ကြ်န္ေတာ္တို႔ရဲ့ တစ္သင္းထဲမွာ ရွိၾကတဲ့ အသင္းေဖာ္ေတြကို ေက်းဇူးတင္ပါတယ္။ သူတို႔ မပါဝင္ဘဲနဲ႔ ကြ်န္ေတာ္ ဘာဆုမွ ရမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ အမ်ားႀကီး အမ်ားႀကီး ေက်းဇူးတင္တယ္။ ကြ်န္ေတာ္က အလုပ္ကို ဆက္လက္ထိန္းသိမ္းၿပီး ႀကိဳးစားကစားသြားပါမယ္။ နိုင္ငံတကာပြဲေတြ ၿပီးရင္ျပန္ေတြ႕ရမွာ ျဖစ္ေပမဲ့ အသင္းေဖာ္ေတြနဲ႔ ေနာက္တစ္ႀကိမ္ျပန္ေတြ႕ဖို႔ မေစာင့္နိုင္ေတာ့ပါဘူး ” ဆိုၿပီး ၎ရဲ့ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။