ပြင်သစ်အသင်းနဲ့ခြေစွမ်းက ပေါ့ဘာကို မန်ယူမှာ ပြန်ပါနိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်

0
265

SBOTOP NOV

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒီဒီယာဒက်ချမ့်စ်က နိုင်ငံတကာပွဲစဉ်ကစားခွင့်ရခဲ့တာက ပေါ့ဘာကို မန်ယူအသင်းမှာ ပွဲထွက်ခွင့်ပြန်ရအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပေမဲ့ ဆွီဒင်အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာတော့ ပြင်သစ်အသင်းအတွက် မိနစ် ၉၀ ပြည့် ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

ပေါ့ဘာဟာ အဲဒီပွဲမှာ တခြားကစားသမားတွေထက် ဘောလုံးဖျက်ထုတ်မှု ၄ ကြိမ်ပိုမိုခဲ့ပြီး နည်းပြ ဒက်ချမ့်စ်က ပြင်သစ်အသင်းနဲ့ ခြေစွမ်းပြနိုင်ခဲ့တာဟာ ဒီကစားသမားကို မန်ယူအသင်းမှာ ပြန်လည်နေရာရဖို့ အထောက်အ ကူဖြစ်စေလိမ့်မယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒက်ချမ့်စ်က “ ကျွန်တော် ဘယ်သူ့ကိုမှ မဝေဖန်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သူ့ကို နားလည်ပါတယ်။ သူက ဂုဏ်ယူစရာကောင်းတဲ့သူဖြစ်ပြီး အရည်အသွေး ပြည့်ဝပါ တယ်။ သူက ကာကွယ်မှုပေးနိုင်သလို ဂိုးဖန်တီးမှုလည်း လုပ်ပေးနိုင်တယ်။ ပေါ့ဘာက ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့နဲ့အတူရှိနေတာက သူ့အတွက် အကူအညီဖြစ်စေနိုင်ပါတယ်” လို့ ဖွင့်ဟသွား ခဲ့ပါတယ်။

ပေါ့ဘာအနေနဲ့ ဒီရာသီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲမှာ ဂိုးလည်း မသွင်းနိုင်သလို ဖန်တီးမှုလည်း မလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူကို ပြန်ရောက်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက တစ်ပွဲအတွင်း ဘောလုံးပေးပို့မှု ၅၇ ဒသမ ၇ ကြိမ်သာရှိခဲ့သလို အောင်မြင်မှု ၄၆ ဒသမ ၁ သာရှိခဲ့ပြီး အနည်းဆုံး ပမာဏ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ ဒဏ်ရာက ပြန်ကောင်းလာတဲ့ လူငယ်တိုက်စစ်မှူး အမ်ဘက်ပီ ဝင်ကစား နိုင်သလို ဂျီရူးရဲ့သွင်းဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့တာကိုလည်း နည်းပြ ဒက်ချမ့်စ်က ကျေနပ်အားရနေခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ျပင္သစ္အသင္းနဲ႔ေျခစြမ္းက ေပါ့ဘာကို မန္ယူမွာ ျပန္ပါႏိုင္ဖို႔ ကူညီေပးႏိုင္လိမ့္မယ္

ျပင္သစ္လက္ေရြးစင္အသင္းနည္းျပ ဒီဒီယာဒက္ခ်မ့္စ္က ႏိုင္ငံတကာပြဲစဥ္ကစားခြင့္ရခဲ့တာက ေပါ့ဘာကို မန္ယူအသင္းမွာ ပြဲထြက္ခြင့္ျပန္ရေအာင္ ကူညီေပးႏိုင္လိမ့္မယ္လုိ႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ေပါ့ဘာဟာ မန္ယူအသင္းမွာ ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရသူျဖစ္ေပမဲ့ ဆီြဒင္အသင္းကို ၄-၂ ဂိုးနဲ႔ အႏိုင္ရတဲ့ ပြဲမွာေတာ့ ျပင္သစ္အသင္းအတြက္ မိနစ္ ၉၀ ျပည့္ ပါ၀င္ကစားေပးႏုိင္ခဲ့ပါတယ္။

ေပါ့ဘာဟာ အဲဒီပြဲမွာ တျခားကစားသမားေတြထက္ ေဘာလုံးဖ်က္ထုတ္မႈ ၄ ႀကိမ္ပိုမိုခဲ့ၿပီး နည္းျပ ဒက္ခ်မ့္စ္က ျပင္သစ္အသင္းနဲ႔ ေျခစြမ္းျပႏုိင္ခဲ့တာဟာ ဒီကစားသမားကို မန္ယူအသင္းမွာ ျပန္လည္ေနရာရဖို႔ အေထာက္အ ကူျဖစ္ေစလိမ့္မယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ ဒက္ခ်မ့္စ္က “ ကၽြန္ေတာ္ ဘယ္သူ႔ကိုမွ မေ၀ဖန္ခ်င္ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ သူ႕ကို နားလည္ပါတယ္။ သူက ဂုဏ္ယူစရာေကာင္းတဲ့သူျဖစ္ၿပီး အရည္အေသြး ျပည့္၀ပါ တယ္။ သူက ကာကြယ္မႈေပးႏုိင္သလို ဂိုးဖန္တီးမႈလည္း လုပ္ေပးႏုိင္တယ္။ ေပါ့ဘာက ထိပ္တန္း ကစားသမား တစ္ေယာက္ျဖစ္ၿပီး ကၽြန္ေတာ္တို႔နဲ႔အတူရွိေနတာက သူ႕အတြက္ အကူအညီျဖစ္ေစႏုိင္ပါတယ္” လု႔ိ ဖြင့္ဟသြား ခဲ့ပါတယ္။

ေပါ့ဘာအေနနဲ႔ ဒီရာသီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၇ ပြဲမွာ ဂိုးလည္း မသြင္းႏုိင္သလို ဖန္တီးမႈလည္း မလုပ္ေပးႏုိင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ မန္ယူကို ျပန္ေရာက္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကတည္းက တစ္ပြဲအတြင္း ေဘာလုံးေပးပို႔မႈ ၅၇ ဒသမ ၇ ႀကိမ္သာရွိခဲ့သလို ေအာင္ျမင္မႈ ၄၆ ဒသမ ၁ သာရွိခဲ့ၿပီး အနည္းဆုံး ပမာဏ ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီပြဲမွာ ဒဏ္ရာက ျပန္ေကာင္းလာတဲ့ လူငယ္တိုက္စစ္မွဴး အမ္ဘက္ပီ ၀င္ကစား ႏုိင္သလို ဂ်ီရူးရဲ႕သြင္းဂိုးအတြက္ ဖန္တီးေပးႏုိင္ခဲ့တာကိုလည္း နည္းျပ ဒက္ခ်မ့္စ္က ေက်နပ္အားရေနခဲ့ပါတယ္။