မက်ဆီနဲ့ ထိပ်တိုက်ပြန်မတွေ့ခင် လေပြေသွေးလိုက်တဲ့ ဆွာရက်ဇ်

0
315

SBOTOP NOV

အက်သလက်တီကိုအသင်းတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဘာစီလိုနာအသင်းနဲ့ ပြန်လည်ထိပ်တိုက်တွေ့ဆုံ ရမယ့်ပွဲစဉ်မတိုင်ခင် သူနဲ့ အသင်းဖော်ဟောင်း မက်ဆီအကြားမှာ ဘောလုံးအကြောင်းအရာထက် ဘဝအကြောင်းအရာတွေကိုသာ ဆွေးနွေးပြောဆိုလေ့ရှိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဆွာရက်ဇ်ဟာ နူးကမ့်မှာ ၆ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် အက်သလက်တီကိုအသင်းကို ယူရို ၆ သန်းနဲ့ပြောင်းရွှေ့သွားခဲ့ တာဖြစ်ပြီး မက်ဆီကလည်း အဲဒီအတွက် အသင်းအပေါ် ဒေါသထွက်ခဲ့ပါတယ်။

မက်ဆီကလည်း ပြီးခဲ့တဲ့ရာသီကုန်မှာ စာချုပ်ပါအချက်အရ ကိုယ့်သဘောနဲ့ကိုယ် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားနိုင်သူဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့်ရော ဆုံးဖြတ်ရခက်ခဲတဲ့ အခြေအနေတွေကြောင့်ပါ အသင်းမှာ ဆက်နေနေရတာဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ မက်ထရိုပိုလီတာနိုကွင်းမှာ ထိပ်တိုက်ပြန်လည်ရင်ဆိုင်ရတော့မှာပါ။

အဲဒီပွဲမတိုင်ခင် ဆွာရက်ဇ်က “ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ အရိုးသားဆုံးပြောရရင် ဘောလုံးအကြောင်းအရာထက် ဘဝ အကြောင်းအရာတွေ ပိုပြော ဖြစ်ကြတယ်။ မကြာသေးခင်ကမှ ကျွန်တော့်ကလေးတွေထဲက တစ်ယောက် မွေးနေ့လုပ်ဖြစ်တယ်။ သူလည်း အတူတူပဲ။ ကျွန်တော်တို့ နေထိုင်မှုအကြောင်းတွေ၊ ဗိုင်းရပ်စ်အကြောင်းတွေ ပြောကြတယ်။ ဘောလုံးအ ကြောင်းကတော့ နည်းနည်းပဲပါတယ်။ ဘောလုံးလောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာထက် မိသားစု အကြောင်းအရာတွေကို ကျွန်တော်တို့ ပိုပြီးအလေးထားစိုးရိမ်မိပါတယ်။

SBOTOP NOV

(zawgyi)

မက္ဆီနဲ႔ ထိပ္တိုက္ျပန္မေတြ႕ခင္ ေလေျပေသြးလိုက္တဲ့ ဆြာရက္ဇ္

အက္သလက္တီကိုအသင္းတိုက္စစ္မွဴး လူး၀စ္ဆြာရက္ဇ္က ဘာစီလိုနာအသင္းနဲ႔ ျပန္လည္ထိပ္တိုက္ေတြ႕ဆုံ ရမယ့္ပြဲစဥ္မတိုင္ခင္ သူနဲ႔ အသင္းေဖာ္ေဟာင္း မက္ဆီအၾကားမွာ ေဘာလုံးအေၾကာင္းအရာထက္ ဘ၀အေၾကာင္းအရာေတြကိုသာ ေဆြးေႏြးေျပာဆိုေလ့ရွိတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။ ဆြာရက္ဇ္ဟာ ႏူးကမ့္မွာ ၆ ႏွစ္ၾကာ က်င္လည္ခဲ့ၿပီးေနာက္ အက္သလက္တီကိုအသင္းကို ယူရို ၆ သန္းနဲ႔ေျပာင္းေရႊ႕သြားခဲ့ တာျဖစ္ၿပီး မက္ဆီကလည္း အဲဒီအတြက္ အသင္းအေပၚ ေဒါသထြက္ခဲ့ပါတယ္။

မက္ဆီကလည္း ၿပီးခဲ့တဲ့ရာသီကုန္မွာ စာခ်ဳပ္ပါအခ်က္အရ ကိုယ့္သေဘာနဲ႔ကိုယ္ အသင္းကေန အလြတ္ ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားႏုိင္သူျဖစ္ေပမဲ့ ကိုဗစ္-၁၉ ကာလျဖစ္တာေၾကာင့္ေရာ ဆုံးျဖတ္ရခက္ခဲတဲ့ အေျခအေနေတြေၾကာင့္ပါ အသင္းမွာ ဆက္ေနေနရတာျဖစ္ပါတယ္။ လာမယ့္ စေနေန႔မွာေတာ့ မက္ဆီနဲ႔ ဆြာရက္ဇ္တို႔ဟာ မက္ထရိုပိုလီတာႏိုကြင္းမွာ ထိပ္တိုက္ျပန္လည္ရင္ဆိုင္ရေတာ့မွာပါ။

အဲဒီပြဲမတိုင္ခင္ ဆြာရက္ဇ္က “ အမွန္အတိုင္းေျပာရရင္ ကၽြန္ေတာ္တို႔ စကားေတြ အမ်ားႀကီး ေျပာျဖစ္ခဲ့ၾက ပါတယ္။ ဒါေပမဲ့ အရိုးသားဆုံးေျပာရရင္ ေဘာလုံးအေၾကာင္းအရာထက္ ဘ၀ အေၾကာင္းအရာေတြ ပိုေျပာ ျဖစ္ၾကတယ္။ မၾကာေသးခင္ကမွ ကၽြန္ေတာ့္ကေလးေတြထဲက တစ္ေယာက္ ေမြးေန႔လုပ္ျဖစ္တယ္။ သူလည္း အတူတူပဲ။ ကၽြန္ေတာ္တို႔ ေနထိုင္မႈအေၾကာင္းေတြ၊ ဗိုင္းရပ္စ္အေၾကာင္းေတြ ေျပာၾကတယ္။ ေဘာလုံးအ ေၾကာင္းကေတာ့ နည္းနည္းပဲပါတယ္။ ေဘာလုံးေလာကမွာ ဘာေတြျဖစ္ေနတယ္ဆိုတာထက္ မိသားစု အေၾကာင္းအရာေတြကို ကၽြန္ေတာ္တို႔ ပိုၿပီးအေလးထားစိုးရိမ္မိပါတယ္။