မန်ချက်စတာယူနိုက်တက် သရေရလဒ်နဲ့ အိမ်ပြန်သွားရနိုင်တယ်

0
341

 

ezgif-7-2c3afbe0f68a          ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် ဆောက်သမ်တန်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၉-၁၁-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၈း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းက ပရီးမီယားလိဂ် ၉ ပွဲကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က ၈ ပွဲကစားအပြီး ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေ ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်ချက်စတာယူနိုက်တက် ၂ – ၂ ဆောက်သမ်တန်(ပရီးမီးယားလိဂ်)

ဆောက်သမ်တန် ၁ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၃ – ၂ ဆောက်သမ်တန်(ပရီးမီးယားလိဂ်)

ဆောက်သမ်တန် ၂ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၀ ဆောက်သမ်တန်(ပရီးမီးယားလိဂ်)

ဆောက်သမ်တန် ၀ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဆောက်သမ်တန်အသင်းက လေးပွဲနိုင် နှစ်ပွဲသရေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ ဆောက်သမ်တန်အသင်းက ပရီးမီးယား လိဂ် ခုနစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲဆက် အနိုင်ရထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေး ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲမှာ အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ဆောက်သမ်တန်နဲ့ ပြိုင်ပွဲအရပ်ရပ် အဝေးကွင်းပွဲ နောက်ဆုံး ၁၂ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ဆောက်သမ်တန်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံးသုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ဆောက်သမ်တန်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူ ထားနိုင်ပါတယ်။

ဆောက်သမ်တန်အသင်းမှာ ဒန်နီအင့်စ်နဲ့ ရိဒ်မွန်တို့က ဒဏ်ရာရနေပြီး မန်ချက်စတာယူနိုက်တက် အသင်းမှာ ဘိုင်လီနဲ့ လုရှော့တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ ဆောက်သမ်တန်အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

