မန်စီးတီးမှာပဲ ဆက်နေချင်တဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ ဒီဘရိုင်း

0
245

SBOTOP NOV

မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းက အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့ကာလမှာ သူ့အနေနဲ့ မန်ချက်စတာမှာသာ ဆက်နေချင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီဘရိုင်းရဲ့ အနာဂတ်ကာလဟာ ဆွေးနွေးမှု ထိပ်ဆုံးအနေအထားကို ရောက်နေပြီး မန်စီးတီးအသင်းဟာ ဒီဘယ်ဂျီယံ ကစားသမားကို နောက်ထပ် ၅ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒီကစားသမားဟာ ၂၀၁၅ ခုနှစ်မှာ ဝုဖ်ဘတ်အသင်းကနေ မန်စီးတီးကို စရောက် လာခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ရှိထားခဲ့တာဖြစ်ပါတယ်။ ဘယ်ဂျီယံက အင်္ဂလန်ကို ၂-ဝ ဂိုးနဲ့ အနိုင်ရတဲ့ နေရှင်းလိဂ်ပွဲစဉ်အပြီးမှာ ဒီဘရိုင်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ ကာယကံရှင်က “ ကျွန်တော်က အသင်းကောင်းတစ်သင်းနဲ့ နည်းပြကောင်းလက်ထဲမှာ ရောက်နေတာပါ။ ကျွန်တော်တို့ အများကြီး ဆွေးနွေးပြီးပြီ။ အဆုံးသတ်တော့ မရောက်သေးဘူး။ လတ်တလောမှာတော့ ကျွန်တော် ကိုယ့်အကြောင်းပဲ ကိုယ်ပြောပါမယ်။ ကျွန်တော် ဒီအသင်းမှာပဲ ဆက်နေချင်ပါတယ်။ ဒီလိုဆုံးဖြတ် ရတာလည်း လွယ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဒီဘရိုင်းဟာ လွန်ခဲ့တဲ့ ၅ နှစ်အကြာမှာ မန်စီးတီးအသင်းကို ရောက်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလား ၂ ကြိမ်၊ ကာရာဘောင်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ ကွန်မြူနတီဒိုင်းဖလား ၁ ကြိမ် ဆွတ်ခူးထားနိုင် ခဲ့ပါတယ်။ ဒီဘရိုင်းအနေနဲ့ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၁၆၁ ပွဲအထိ ကစားပေးခဲ့ပြီး ၁၁၀ ပွဲ နိုင်၊ ၂၃ ပွဲ ရှုံး၊ ၃၇ ဂိုး၊ ၆၉ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

မန္စီးတီးမွာပဲ ဆက္ေနခ်င္တဲ့အေၾကာင္း ဖြင့္ဟလိုက္တဲ့ ဒီဘရိုင္း

မန္စီးတီးကြင္းလယ္ကစားသမား ဒီဘရိုင္းက အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနတဲ့ကာလမွာ သူ႕အေနနဲ႔ မန္ခ်က္စတာမွာသာ ဆက္ေနခ်င္တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒီဘရိုင္းရဲ႕ အနာဂတ္ကာလဟာ ေဆြးေႏြးမႈ ထိပ္ဆုံးအေနအထားကို ေရာက္ေနၿပီး မန္စီးတီးအသင္းဟာ ဒီဘယ္ဂ်ီယံ ကစားသမားကို ေနာက္ထပ္ ၅ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ဆႏၵရွိေနပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ဒီကစားသမားဟာ ၂၀၁၅ ခုႏွစ္မွာ ၀ုဖ္ဘတ္အသင္းကေန မန္စီးတီးကို စေရာက္ လာခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ရွိထားခဲ့တာျဖစ္ပါတယ္။ ဘယ္ဂ်ီယံက အဂၤလန္ကို ၂-၀ ဂိုးနဲ႔ အႏုိင္ရတဲ့ ေနရွင္းလိဂ္ပြဲစဥ္အၿပီးမွာ ဒီဘရိုင္းရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာ ကာယကံရွင္က “ ကၽြန္ေတာ္က အသင္းေကာင္းတစ္သင္းနဲ႔ နည္းျပေကာင္းလက္ထဲမွာ ေရာက္ေနတာပါ။ ကၽြန္ေတာ္တို႔ အမ်ားႀကီး ေဆြးေႏြးၿပီးၿပီ။ အဆုံးသတ္ေတာ့ မေရာက္ေသးဘူး။ လတ္တေလာမွာေတာ့ ကၽြန္ေတာ္ ကိုယ့္အေၾကာင္းပဲ ကိုယ္ေျပာပါမယ္။ ကၽြန္ေတာ္ ဒီအသင္းမွာပဲ ဆက္ေနခ်င္ပါတယ္။ ဒီလိုဆုံးျဖတ္ ရတာလည္း လြယ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

ဒီဘရိုင္းဟာ လြန္ခဲ့တဲ့ ၅ ႏွစ္အၾကာမွာ မန္စီးတီးအသင္းကို ေရာက္လာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ဆုဖလား ၂ ႀကိမ္၊ ကာရာေဘာင္ဖလား ၄ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္နဲ႔ ကြန္ျမဴနတီဒိုင္းဖလား ၁ ႀကိမ္ ဆြတ္ခူးထားႏုိင္ ခဲ့ပါတယ္။ ဒီဘရိုင္းအေနနဲ႔ မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ပြဲေပါင္း ၁၆၁ ပြဲအထိ ကစားေပးခဲ့ၿပီး ၁၁၀ ပြဲ ႏုိင္၊ ၂၃ ပြဲ ရႈံး၊ ၃၇ ဂိုး၊ ၆၉ ႀကိမ္ ဖန္တီးမႈ ျပဳလုပ္ေပးထားႏုိင္ခဲ့ပါတယ္။