မာရာဒိုနာနဲ့ ကျွန်တော့်အကြား ဆက်သွယ်မှုတွေရှိခဲ့တယ်လို့ လွမ်းဆွတ်လိုက်တဲ့ မော်ရင်ဟို

0
227

SBOTOP NOV

အာဂျင်တီးနားဂန္ထဝင်ကစားသမားကြီး မာရာဒိုနာ ကွယ်လွန်သွားပြီးတဲ့နောက် စပါးနည်းပြ မော်ရင်ဟိုက သူ့ရဲ့ ရှုံးပွဲ၊ နိုင်ပွဲတိုင်းမှာ မာရာဒိုနာက ဖုန်းဆက်စကားပြောလေ့ရှိတယ်လို့ လွမ်းဆွတ်တမ်းတစွာ ပြောကြားလိုက်ပါ တယ်။ အာဂျင်တီးနား ဂန္ထဝင် မာရာဒိုနာဟာ အသက် ၆၀ အရွယ် ဗုဒ္ဒဟူးနေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဘောလုံးပရိသတ်တွေရင်ထဲမှာ မေ့နိုင်မှာမဟုတ်တော့ပါဘူး။

ဘရူနိုအေးရိစ်မှာ ပြုလုပ်တဲ့ ကြာသပတေးနေ့က ဈာပနပွဲမှာ ပရိသတ်ထောင်ပေါင်းများစွာ မာရာဒိုနာကို လိုက်လံပို့ ဂုဏ်ပြုခဲ့ကြပြီး ဒီဂန္ထဝင်ရဲ့ အခေါင်းမှာ အာဂျင်တီးနားအလံ ထည့်သွင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ စပါးနည်းပြ မော်ရင်ဟိုက လူဒိုဂိုရက်ကို ဂိုးပြတ်အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာ မိတ်ဆွေဖြစ်သူ မာရာဒိုနာ ကွယ်လွန်မှုအတွက် ဝမ်းနည်းဂုဏ်ပြုစကား ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုက “ မာရာဒိုနာဟာ တစ်ကမ္ဘာလုံးက သိတဲ့လူဖြစ်ပြီး တစ်ကမ္ဘာလုံးကလည်း သူ့ကို မေ့နိုင်မှာ မဟုတ်တော့ပါဘူး။ ကျွန်တော့်ကလေး ငယ်ငယ်တုန်းက သူ့အကြောင်း သိအောင် ပြောပြခဲ့ပါတယ်။ ကျွန်တော့် အဖေဆိုလည်း ဒီစတီဖာနိုအကြောင်း သိအောင် ကျွန်တော့်ကို ပြောပြခဲ့တယ်။ ဒီယေဂိုက ကျွန်တော် လွမ်းဆွတ်နေရတော့မယ့် လူတစ်ယောက်ပါ။ သူက ကျွန်တော့် ရှုံးပွဲဖြစ်ဖြစ် နိုင်ပွဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းဆက် လေ့ရှိပါတယ်။ ကျွန်တော် သူ့ကို အမြဲတမ်း အမှတ်ရနေတော့မှာပါ။ ကျွန်တော် ဝမ်းနည်းတာ မှန်ပေမဲ့ သူနဲ့ အတူရှိခဲ့တဲ့ အချိန်များတာကြောင့် ကျွန်တော် ပြုံးနေနိုင်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွား ခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

မာရာဒိုနာနဲ႔ ကၽြန္ေတာ့္အၾကား ဆက္သြယ္မႈေတြရွိခဲ့တယ္လု႔ိ လြမ္းဆြတ္လိုက္တဲ့ ေမာ္ရင္ဟို

အာဂ်င္တီးနားဂႏၳ၀င္ကစားသမားႀကီး မာရာဒိုနာ ကြယ္လြန္သြားၿပီးတဲ့ေနာက္ စပါးနည္းျပ ေမာ္ရင္ဟိုက သူ႕ရဲ႕ ရႈံးပြဲ၊ ႏုိင္ပြဲတိုင္းမွာ မာရာဒိုနာက ဖုန္းဆက္စကားေျပာေလ့ရွိတယ္လို႔ လြမ္းဆြတ္တမ္းတစြာ ေျပာၾကားလိုက္ပါ တယ္။ အာဂ်င္တီးနား ဂႏၳ၀င္ မာရာဒိုနာဟာ အသက္ ၆၀ အရြယ္ ဗုဒၵဟူးေန႔မွာ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး ေဘာလုံးပရိသတ္ေတြရင္ထဲမွာ ေမ့ႏုိင္မွာမဟုတ္ေတာ့ပါဘူး။

ဘရူႏုိေအးရိစ္မွာ ျပဳလုပ္တဲ့ ၾကာသပေတးေန႔က စ်ာပနပြဲမွာ ပရိသတ္ေထာင္ေပါင္းမ်ားစြာ မာရာဒိုနာကို လိုက္လံပို႔ ဂုဏ္ျပဳခဲ့ၾကၿပီး ဒီဂႏၳ၀င္ရဲ႕ အေခါင္းမွာ အာဂ်င္တီးနားအလံ ထည့္သြင္းေပးခဲ့တယ္လို႔လည္း သိရပါတယ္။ စပါးနည္းျပ ေမာ္ရင္ဟိုက လူဒိုဂိုရက္ကို ဂိုးျပတ္အႏုိင္ရတဲ့ ယူရိုပါလိဂ္ပြဲအၿပီးမွာ မိတ္ေဆြျဖစ္သူ မာရာဒိုနာ ကြယ္လြန္မႈအတြက္ ၀မ္းနည္းဂုဏ္ျပဳစကား ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုက “ မာရာဒိုနာဟာ တစ္ကမၻာလုံးက သိတဲ့လူျဖစ္ၿပီး တစ္ကမၻာလုံးကလည္း သူ႕ကို ေမ့ႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ ကၽြန္ေတာ့္ကေလး ငယ္ငယ္တုန္းက သူ႕အေၾကာင္း သိေအာင္ ေျပာျပခဲ့ပါတယ္။ ကၽြန္ေတာ့္ အေဖဆိုလည္း ဒီစတီဖာႏုိအေၾကာင္း သိေအာင္ ကၽြန္ေတာ့္ကို ေျပာျပခဲ့တယ္။ ဒီေယဂိုက ကၽြန္ေတာ္ လြမ္းဆြတ္ေနရေတာ့မယ့္ လူတစ္ေယာက္ပါ။ သူက ကၽြန္ေတာ့္ ရႈံးပြဲျဖစ္ျဖစ္ ႏုိင္ပြဲျဖစ္ျဖစ္ အၿမဲတမ္း ဖုန္းဆက္ ေလ့ရွိပါတယ္။ ကၽြန္ေတာ္ သူ႕ကို အၿမဲတမ္း အမွတ္ရေနေတာ့မွာပါ။ ကၽြန္ေတာ္ ၀မ္းနည္းတာ မွန္ေပမဲ့ သူနဲ႔ အတူရွိခဲ့တဲ့ အခ်ိန္မ်ားတာေၾကာင့္ ကၽြန္ေတာ္ ၿပဳံးေနႏုိင္ပါတယ္” လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြား ခဲ့ပါတယ္။