ယခုနှစ်မှာ ခြေစွမ်းပြနေပေမဲ့ မိမိဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ တွေးမထားခဲ့ကြောင့် ဆွန်ဟောင်မင် ပြောကြား

0
205

 

SBOTOP NOV            ယခုနှစ် ဘောလုံးရာသီမှာ စပါးလ်အသင်းနဲ့အတူခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်က ၎င်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်တယ်လို့ တွေးမထားမိခဲ့ကြောင်း ပြောကြားလိုက်ပါ တယ်။ ၂၀၂၀-၂၁ ခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဆွန်ဟောင်မင်က သွင်းဂိုး ရှစ်ဂိုး အထိ သွင်းယူထားသလို လက်စတာတိုက်စစ်မှူး ဗာဒီ၊ အဲဗာတန်တိုက်စစ်မှူး လီဝင်နဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလက်တို့နဲ့ အပြိုင်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမဲ့ ဆွန်ဟောင်မင်ရဲ့ စိတ်ထဲမှာတော့ မိမိဟာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဖြစ်တယ်ဆိုပြီး တွေးမထားဘူးလို့ ဆိုပါတယ်။

ဆွန်ဟောင်မင်က “ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားနေသူ ဖြစ်တယ်ဆိုပြီး တစ်ကြိမ်တစ်ခါမှ စဉ်းစားတွေမိထာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီလို ကာလမှာလည်း ဘယ်တော့မှ မတွေးဖြစ်ခဲ့ဘူး။ ကွျန်တော်က ကိုရီးယားလက်ရွေးစင်အသင်းနဲ့ စပါးလ်အသင်းတို့မှာ ခြေစွမ်းတိုးတက်ကောင်းမွန်အောင် ကြိုးစား သွားဖို့နဲ့ ကွျန်တော့်ရဲ့ စွမ်းဆောင်ရည်တွေ ပြသသွားဖို့ကိုပဲ အမြဲတမ်းကြိုးစားနေတာပဲ ရှိပါတယ်။ ဒီနေရာမှာ နိုင်ငံအသင်းအတွက်ဆိုတာနဲ့စပါးလ်အသင်းအတွက်ဆိုတဲ့ ခံစားချက်ကတော့ ကွာခြားမှု ရှိတာပေါ့လေ ” ဆိုပြီး ပြောပါတယ်။

46

ဆွန်ဟောင်မင်ဟာ ၂၀၁၉-၂၀ ခုနှစ် ဘောလုံးရာသီမှာတော့ ဘန်လေနဲ့ပွဲမှာ ကိုက် ၉၀ ကနေ သွင်းယူလိုက်တဲ့ ဂိုးက ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးသွင်းဂိုးအဖြစ် ဆုရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၎င်းက PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းနဲ့ လွဲချော်ခဲ့ပါတယ်။ ဗာဒီ၊ ဆာလက်နဲ့ အာဆင်နယ်က အူဘာမီရန်တို့ကတော့ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းရဲ့ တိုက်စစ်နေရာမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ဆွန်ဟောင်မင်က ဟာရီကိန်းနဲ့ တွဲဖက်ပြီး တိုက်စစ်ပိုင်းကို အကောင်းဆုံး အဆုံးသတ်နေသူ ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီက ၄၁ ပွဲကစားအပြီး ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်က ယခုနှစ် ဘောလုံးရာသီရဲ့ ဆောက်သမ်တန်ကို ၅-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ လေးဂိုး သွင်းယူခဲ့ပြီး ၎င်းရဲ့ သွင်းဂိုးတွေက ဟာရီကိန်းနဲ့ အကောင်းဆုံးတွဲဖက် ကစားခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ယခုႏွစ္မွာ ေျခစြမ္းျပေနေပမဲ့ မိမိဟာ ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ ေတြးမထားခဲ့ေၾကာင့္ ဆြန္ေဟာင္မင္ ေျပာၾကား

ယခုႏွစ္ ေဘာလုံးရာသီမွာ စပါးလ္အသင္းနဲ႔အတူေျခစြမ္းျပေနတဲ့ ဆြန္ေဟာင္မင္က ၎ဟာ ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံးကစားသမားတစ္ဦး ျဖစ္တယ္လို႔ ေတြးမထားမိခဲ့ေၾကာင္း ေျပာၾကားလိုက္ပါ တယ္။ ၂၀၂၀-၂၁ ခုႏွစ္ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာ ဆြန္ေဟာင္မင္က သြင္းဂိုး ရွစ္ဂိုး အထိ သြင္းယူထားသလို လက္စတာတိုက္စစ္မႉး ဗာဒီ၊ အဲဗာတန္တိုက္စစ္မႉး လီဝင္နဲ႔ လီဗာပူးလ္တိုက္စစ္မႉး ဆာလက္တို႔နဲ႔ အၿပိဳင္ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။ ဒါေပမဲ့ ဆြန္ေဟာင္မင္ရဲ့ စိတ္ထဲမွာေတာ့ မိမိဟာ ပရီးမီးယားလိဂ္ အေကာင္းဆုံးကစားသမားျဖစ္တယ္ဆိုၿပီး ေတြးမထားဘူးလို႔ ဆိုပါတယ္။
ဆြန္ေဟာင္မင္က “ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပကစားေနသူ ျဖစ္တယ္ဆိုၿပီး တစ္ႀကိမ္တစ္ခါမွ စဥ္းစားေတြမိထာမ်ိဳး ဘယ္တုန္းကမွ မရွိခဲ့ပါဘူး။ ဒီလို ကာလမွာလည္း ဘယ္ေတာ့မွ မေတြးျဖစ္ခဲ့ဘူး။ ကြ်န္ေတာ္က ကိုရီးယားလက္ေရြးစင္အသင္းနဲ႔ စပါးလ္အသင္းတို႔မွာ ေျခစြမ္းတိုးတက္ေကာင္းမြန္ေအာင္ ႀကိဳးစား သြားဖို႔နဲ႔ ကြ်န္ေတာ့္ရဲ့ စြမ္းေဆာင္ရည္ေတြ ျပသသြားဖို႔ကိုပဲ အျမဲတမ္းႀကိဳးစားေနတာပဲ ရွိပါတယ္။ ဒီေနရာမွာ နိုင္ငံအသင္းအတြက္ဆိုတာနဲ႔စပါးလ္အသင္းအတြက္ဆိုတဲ့ ခံစားခ်က္ကေတာ့ ကြာျခားမႈ ရွိတာေပါ့ေလ ” ဆိုၿပီး ေျပာပါတယ္။
ဆြန္ေဟာင္မင္ဟာ ၂၀၁၉-၂၀ ခုႏွစ္ ေဘာလုံးရာသီမွာေတာ့ ဘန္ေလနဲ႔ပြဲမွာ ကိုက္ ၉၀ ကေန သြင္းယူလိုက္တဲ့ ဂိုးက ပရီးမီးယားလိဂ္ရဲ့ တစ္ႏွစ္တာ အေကာင္းဆုံးသြင္းဂိုးအျဖစ္ ဆုရရွိခဲ့ပါတယ္။ ဒါေပမဲ့ ၎က PFA ရဲ့ တစ္ႏွစ္တာ အေကာင္းဆုံးအသင္းနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ဗာဒီ၊ ဆာလက္နဲ႔ အာဆင္နယ္က အူဘာမီရန္တို႔ကေတာ့ PFA ရဲ့ တစ္ႏွစ္တာ အေကာင္းဆုံးအသင္းရဲ့ တိုက္စစ္ေနရာမွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။
ယခုႏွစ္ ေဘာလုံးရာသီမွာ ဆြန္ေဟာင္မင္က ဟာရီကိန္းနဲ႔ တြဲဖက္ၿပီး တိုက္စစ္ပိုင္းကို အေကာင္းဆုံး အဆုံးသတ္ေနသူ ျဖစ္သလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ၄၁ ပြဲကစားအၿပီး ၁၈ ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။ ဆြန္ေဟာင္မင္က ယခုႏွစ္ ေဘာလုံးရာသီရဲ့ ေဆာက္သမ္တန္ကို ၅-၂ နဲ႔ အနိုင္ရခဲ့တဲ့ ပြဲမွာ ေလးဂိုး သြင္းယူခဲ့ၿပီး ၎ရဲ့ သြင္းဂိုးေတြက ဟာရီကိန္းနဲ႔ အေကာင္းဆုံးတြဲဖက္ ကစားခဲ့တာ ျဖစ္ပါတယ္။