ရမ်းနက်စ်ကွင်းမှာ ချဲလ်ဆီးအနိုင်ရဖို့ ၉၀% ရှိတယ်

0
325

 

SBOTOP NOV       ချန်ပီယံလိဂ် အုပ်စု(E) ရဲ့ အုပ်စုပွဲစဉ် ၄ အဖြစ် ရမ်းနက်စ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ရမ်းနက်စ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၄-၁၁-၂၀၂၀ ရက် အင်္ဂါနေ့ည ၁၂း၂၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရမ်းနက်စ်အသင်းက ချန်ပီယံလိဂ်အုပ်စုပွဲ ၃ ပွဲကစားအပြီး ရမှတ် ၁ မှတ်နဲ့ တတိယနေရာမှာ ရှိနေပြီး ချဲလ်ဆီးအသင်းက ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ယခုနှစ် ချန်ပီယံလိဂ် ချဲလ်ဆီးကွင်းမှာ ကစားခဲ့စဉ်က ရမ်းနက်စ်က ၃-၀ နဲ့ ရှုံးထားပါတယ်။ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ခြောက်ပွဲကစားအပြီး ရမ်းနက်စ်အသင်းက တစ်ပွဲနိုင် ငါးပွဲရှုံးထားပြီး ချဲလ်ဆီးအသင်းက ငါးပွဲနိုင် တစ်ပွဲသရေ ဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြင်သစ်လီဂူး-၁ အသင်းတွေနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကိုးပွဲတွေ့ဆုံခဲ့အပြီး နှစ်ပွဲသာ အနိုင်ရထားပြီး နှစ်ပွဲသရေ ငါးပွဲရှုံထားပါတယ်။ ရမ်းနက်စ်နဲ့ပွဲမှာ ချဲလ်ဆီးအသင်းက အနိုင်ရခဲ့ရင် ၂၀၁၅ ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ် သုံးပွဲဆက် နိုင်ပွဲဖြစ်လာမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ် နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။

ရမ်းနက်စ်အသင်းမှာ နီအမ်၊ မူအာဆာ၊ ရူဂါနီနဲ့ မာတင်တို့က ဒဏ်ရာရနေပြီး ဒီအာဘက်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းမှာ ပူလီဆစ်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ချဲလ်ဆီးအသင်းက ရမ်းနက်စ်ကွင်းမှာ အနိုင်ရဖို့ ၉၀% အထိ ရှိနေပါတယ်။

Zawgyi

