လာလီဂါမှာ ဘယ်သူတွေကို ရှိစေချင်တယ်ဆိုတာ ဖွင့်ဟလိုက်တဲ့ တီဘက်စ်

0
254

SBOTOP NOV

လာလီဂါဘောလုံးဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ဘာစီလိုနာအဓိကတိုက်စစ်မှူး မက်ဆီကို စပိန်မြေမှာပဲ ဆက်ရှိနေစေချင်သလို ရော်နယ်ဒို၊ မော်ရင်ဟို၊ ဂွါဒီယိုလာနဲ့ ဂျာဂင်ကလော့တို့ကိုလည်း လာလီဂါမှာပဲ မြင်တွေ့ ချင်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောကြားပြီးနောက်ပိုင်း အနာဂတ်အတွက် မရေမရာတဲ့ သတင်းတွေ ထွက်ပေါ်နေမြဲဖြစ်ပါတယ်။

ဘလွန်းဒီအော်ဆု ၆ ဆုရှင် မက်ဆီဟာ စပိန်မြေမှာပဲ ဆက်နေမယ်လို့ မဆုံးဖြတ်သေးခင် ပရီးမီးယားလိဂ် ချန်ပီယံဟောင်း မန်စီးတီးအသင်းကိုရောက်ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါ့အပြင် သူ့ကို လီဂူး-၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ အင်တာမီလန်အသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာနိုင်ခြေရှိသလားဆိုတဲ့ မေးခွန်းအပေါ် တီဘက်စ်က ငြင်းဆန်သွားခဲ့ပါတယ်။

တီဘက်စ်က “ မက်ဆီကို လာလီဂါမှာပဲ ကျွန်တော် ဆက်မြင်ချင်ပါတယ်။ ဒါ့အပြင် စပါးနည်းပြ မော်ရင်ဟို၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ လီဗာပူးနည်းပြ ဂျာဂင်ကလော့နဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကိုလည်း လာလီဂါမှာပဲ မြင်တွေ့ချင်ပါတယ်။ သူတို့က ကျွန်တော်တို့ လိဂ်ပြိုင်ပွဲကို တိုးတက်အောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါက မရှိမဖြစ်ရယ်လို့တော့ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

လာလီဂါမွာ ဘယ္သူေတြကို ရွိေစခ်င္တယ္ဆိုတာ ဖြင့္ဟလိုက္တဲ့ တီဘက္စ္

လာလီဂါေဘာလုံးဥကၠ႒ ဂ်ာဗီယာတီဘက္စ္က ဘာစီလိုနာအဓိကတိုက္စစ္မွဴး မက္ဆီကို စပိန္ေျမမွာပဲ ဆက္ရွိေနေစခ်င္သလို ေရာ္နယ္ဒို၊ ေမာ္ရင္ဟို၊ ဂြါဒီယိုလာနဲ႔ ဂ်ာဂင္ကေလာ့တို႔ကိုလည္း လာလီဂါမွာပဲ ျမင္ေတြ႕ ခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းကေန ထြက္ခြာခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားၿပီးေနာက္ပိုင္း အနာဂတ္အတြက္ မေရမရာတဲ့ သတင္းေတြ ထြက္ေပၚေနၿမဲျဖစ္ပါတယ္။

ဘလြန္းဒီေအာ္ဆု ၆ ဆုရွင္ မက္ဆီဟာ စပိန္ေျမမွာပဲ ဆက္ေနမယ္လို႔ မဆုံးျဖတ္ေသးခင္ ပရီးမီးယားလိဂ္ ခ်န္ပီယံေဟာင္း မန္စီးတီးအသင္းကိုေရာက္ဖို႔ သတင္းေတြ ထြက္ေပၚခဲ့ပါေသးတယ္။ ဒါ့အျပင္ သူ႕ကို လီဂူး-၁ ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းနဲ႔ အင္တာမီလန္အသင္းတို႔ကလည္း စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းကေန ထြက္ခြာႏုိင္ေျခရွိသလားဆိုတဲ့ ေမးခြန္းအေပၚ တီဘက္စ္က ျငင္းဆန္သြားခဲ့ပါတယ္။

တီဘက္စ္က “ မက္ဆီကို လာလီဂါမွာပဲ ကၽြန္ေတာ္ ဆက္ျမင္ခ်င္ပါတယ္။ ဒါ့အျပင္ စပါးနည္းျပ ေမာ္ရင္ဟို၊ မန္စီးတီးနည္းျပ ဂြါဒီယိုလာ၊ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့နဲ႔ ဂ်ဴဗင္တပ္တိုက္စစ္မွဴး ေရာ္နယ္ဒိုတို႔ကိုလည္း လာလီဂါမွာပဲ ျမင္ေတြ႕ခ်င္ပါတယ္။ သူတို႔က ကၽြန္ေတာ္တို႔ လိဂ္ၿပိဳင္ပြဲကို တိုးတက္ေအာင္ လုပ္ေပးႏုိင္မွာ ျဖစ္ပါတယ္။ ဒါက မရွိမျဖစ္ရယ္လို႔ေတာ့ မဟုတ္ပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။