သရေဖြစ်ခဲ့ရင်တောင် အုပ်စုပထမဖြစ်နေမဲ့ အိမ်ရှင် ဘယ်လ်ဂျီယမ်က အကောင်းဆုံးအနိုင်ရသူ ဖြစ်မှာပါ

0
244

 

SBOTOP NOVယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ လိဂ် A၊ အုပ်စု A2 ရဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘယ်လ်ဂျီယမ် အသင်းနဲ့ ဒိန်းမတ်အသင်းတို့ဟာ ဘယ်လ်ဂျီယမ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၉-၁၁-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီအသင်းက အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ် ၁၂ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပေမဲ့ ဒိန်းမတ်အသင်းက ၅ ပွဲကစားအပြီး ရမှတ် ၁၀ မှတ်နဲ့ အုပ်စုဒုတိယနေရာ ရရှိထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး နှစ်ကြိမ်

ဒိန်းမတ် ၀ – ၂ ဘယ်လ်ဂျီယမ်(နေးရှင်းလိဂ်)

ဒိန်းမတ် ၂ – ၂ ဘယ်လ်ဂျီယမ်(ခြေစမ်းပွဲ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး ဘယ်လ်ဂျီယမ်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး ဒိန်မတ်အသင်းက ငါးပွဲဆက် အနိုင်ရလဒ်ဖြစ်ပေါ်ထားပါတယ်။ ဘယ်လ်ဂျီယမ်အသင်းက နေးရှင်းလိဂ် အိမ်ကွင်းပွဲ နှစ်ပွဲမှာ အနိုင်ရရှိထားသလို နေးရှင်းလိဂ် အဝေးကွင်းပွဲ နှစ်ပွဲ အနိုင်ရထားပါတယ်။ ဒိန်းမတ်အသင်း အနေနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ရင် အုပ်စုပထမရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်ရမှာ ဖြစ်လို့ ဖိအားပေး ကစားသွားနိုင်ပါတယ်။

ဘယ်လ်ဂျီယမ်အသင်းမှာ ဆီလီမက်ကာ၊ တရိုဆက်ဒ်၊ ဗန်ခရွန်ဘာဂျီနဲ့ ဗာမဲလ်လန်တို့က ဒဏ်ရာရနေပြီး ဝစ်ဆဲလ်နဲ့မူနီအာတို့က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒိန်းမတ်အသင်းမှာ လီရာဂါနဲ့ စကော့ဗ်တို့က ဒဏ်ရာရနေပြီး ရှ်မိုက်ကယ်က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘယ်လ်ဂျီယမ်က အနိုင်ရဖို့ ၈၀% အထိ ရှိနေပြီး သွင်းဂိုး ၂-၁ လောက် သွင်းယူသွားနိုင်ပါတယ်။

Zawgyi

