သွင်းဂိုးနည်းနည်းနဲ့ပဲ မိုလ်ဒီကွင်းမှာ အာဆင်နယ်အနိုင်ယူသွားမှာပါ

0
285

 

ezgif-7-2c3afbe0f68a        ယူရိုပါလိဂ်အုပ်စုပွဲစဉ် ၄ အဖြစ် မိုလ်ဒီအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ မိုလ်ဒီရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၆-၁၁-၂၀၂၀ ရက် ကြာသပတေးနေ့ည ၁၂း၂၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မိုလ်ဒီအသင်းက ယူရိုပါလိဂ် ၃ ပွဲကစားအပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရှိနေပြီး အာဆင်နယ်က ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်က ၄-၁ နဲ့ အာဆင်နယ်က အနိုင်ရထားပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မိုလ်ဒီအသင်းက လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး အာဆင်နယ်က သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။

အာဆင်နယ်အသင်းက ယူရိုပါလိဂ် နောက်ဆုံးသုံးပွဲအနိုင်ရထားသလို နောက်ဆုံးသုံးပွဲမှာ သွင်းဂိုး အနည်းဆုံး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ၁၄ ပွဲမှာတစ်ပွဲသာ ရှုံးထားပြီး ၁၀ ပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပါတယ်။ မိုလ်ဒီအသင်းဟာ ယူရိုပါလိဂ် အိမ်ကွင်းပွဲမှာ အင်္ဂလန်ကလပ်အသင်းတွေနဲ့ လေးကြိမ်တွေ့ဆုံအပြီး ရှုံးနိမ့်ထားသလို ပေးဂိုး ၀-၁၁ အထိ ဖြစ်ပေါ်ထားပါတယ်။

မိုလ်ဒီအသင်းမှာ ဟာရေဆက်က ဒဏ်ရာရနေပြီး အာဆင်နယ်အသင်းမှာ မာတင်နယ်လီ၊ မာရီ၊ ပါတေး၊ ဆာကာနဲ့ ဝီလ်ယမ်တို့က ဒဏ်ရာရနေပြီး အိုဇေး၊ ဆိုကရာတစ်၊ ဆယ်လ်လီဘာ၊ ကိုလာစီနစ်နဲ့ အယ်နီနီးတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အာဆင်နယ်က အနိုင်ရဖို့ ရာနှုန်းပြည့်ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

သြင္းဂိုးနည္းနည္းနဲ႔ပဲ မိုလ္ဒီကြင္းမွာ အာဆင္နယ္အနိုင္ယူသြားမွာပါ

ယူရိုပါလိဂ္အုပ္စုပြဲစဥ္ ၄ အျဖစ္ မိုလ္ဒီအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ မိုလ္ဒီရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၆-၁၁-၂၀၂၀ ရက္ ၾကာသပေတးေန႔ည ၁၂း၂၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မိုလ္ဒီအသင္းက ယူရိုပါလိဂ္ ၃ ပြဲကစားအၿပီး ရမွတ္ ၆ မွတ္နဲ႔ အုပ္စုဒုတိယေနရာမွာ ရွိေနၿပီး အာဆင္နယ္က ရမွတ္ ၉ မွတ္နဲ႔ အုပ္စုပထမ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈအေနနဲ႔ ၿပီးခဲ့တဲ့ အာဆင္နယ္အသင္းမွာ ကစားခဲ့စဥ္က ၄-၁ နဲ႔ အာဆင္နယ္က အနိုင္ရထားပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး မိုလ္ဒီအသင္းက ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး အာဆင္နယ္က သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။
အာဆင္နယ္အသင္းက ယူရိုပါလိဂ္ ေနာက္ဆုံးသုံးပြဲအနိုင္ရထားသလို ေနာက္ဆုံးသုံးပြဲမွာ သြင္းဂိုး အနည္းဆုံး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ အာဆင္နယ္အသင္းဟာ ယူရိုပါလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ၁၄ ပြဲမွာတစ္ပြဲသာ ရႈံးထားၿပီး ၁၀ ပြဲနိုင္ သုံးပြဲသေရ ျဖစ္ထားပါတယ္။ မိုလ္ဒီအသင္းဟာ ယူရိုပါလိဂ္ အိမ္ကြင္းပြဲမွာ အဂၤလန္ကလပ္အသင္းေတြနဲ႔ ေလးႀကိမ္ေတြ႕ဆုံအၿပီး ရႈံးနိမ့္ထားသလို ေပးဂိုး ၀-၁၁ အထိ ျဖစ္ေပၚထားပါတယ္။
မိုလ္ဒီအသင္းမွာ ဟာေရဆက္က ဒဏ္ရာရေနၿပီး အာဆင္နယ္အသင္းမွာ မာတင္နယ္လီ၊ မာရီ၊ ပါေတး၊ ဆာကာနဲ႔ ဝီလ္ယမ္တို႔က ဒဏ္ရာရေနၿပီး အိုေဇး၊ ဆိုကရာတစ္၊ ဆယ္လ္လီဘာ၊ ကိုလာစီနစ္နဲ႔ အယ္နီနီးတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အာဆင္နယ္က အနိုင္ရဖို႔ ရာႏႈန္းျပည့္ရွိေနၿပီး သြင္းဂိုး ၂-၁ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။