အဝေးကွင်းမှာ မဖြစ်မနေ အနိုင်ကစားသွားရမဲ့ အင်္ဂလန်က အကောင်းဆုံးရလဒ် ဖြစ်လာမှာပါ

0
378

 

SBOTOP NOV            ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု A2 ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် ဘယ်လ်ဂျီယမ်အသင်းနဲ့ အင်္ဂလန် အသင်းတို့ဟာ ဘယ်လ်ဂျီယမ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၆-၁၁-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်က နေးရှင်းလိဂ် အုပ်စုပွဲ ၄ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရှိနေပြီး အင်္ဂလန်အသင်းက ၄ ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အင်္ဂလန် ၂ – ၁ ဘယ်လ်ဂျီယမ်(နေးရှင်းလိဂ်)

ဘယ်လ်ဂျီယမ် ၂ – ၀ အင်္ဂလန်(ကမ္ဘာ့ဖလား)

အင်္ဂလန် ၀ – ၁ ဘယ်လ်ဂျီယမ်(ကမ္ဘာ့ဖလား)

အင်္ဂလန် ၁ – ၀ ဘယ်လ်ဂျီယမ်(ခြေစမ်းပွဲ)

အင်္ဂလန် ၁ – ၀ ဘယ်လ်ဂျီယမ်(ကမ္ဘာ့ဖလား)

အင်္ဂလန် ၄ – ၄ ဘယ်လ်ဂျီယမ်(ကမ္ဘာ့ဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး ဘယ်လ်ဂျီယမ်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး အင်္ဂလန်အသင်းက နောက်ဆုံးလေးပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။ အင်္ဂလန်အသင်း အနေနဲ့ အဝေးကွင်းမှာ အနိုင်ကစားထားနိုင်မှ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်လို့ ဘယ်လ်ဂျီယမ်အသင်းကို ဖိအားပေး ကစားသွားနိုင်ပါတယ်။ အင်္ဂလန်နဲ့ ပွဲစဉ်ဟာ ဘယ်လ်ဂျီယမ်အသင်း မန်နေဂျာ မာတီးနက်ဇ်အတွက် ပွဲ ၅၀ ပြည့် ပွဲတစ်ပွဲဖြစ်လာမှာ ဖြစ်သလို ၎င်းရဲ့ လက်ထက်မှာ ၃၈ ပွဲနိုင် ခုနစ်ပွဲ သရေနဲ့ လေးပွဲ ရှုံးထားပါတယ်။

ဘယ်လ်ဂျီယမ်အသင်းမှာ ဆီလီမက်ကာစ်၊ တရိုဆက်ဒ်နဲ့ ခရွန်ဘာဂျီတို့က ဒဏ်ရာရနေပြီး အင်္ဂလန်အသင်းမှာ အာနိုး၊ ဝက်ပလောက်၊ ဂိုမက်စ်နဲ့ ရတ်ဖို့ဒ်တို့က ဒဏ်ရာရနေပြီး ရေစီ ဂျိမ်းနဲ့ မက်ဂူရီတို့က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အင်္ဂလန်အသင်းက အဝေးကွင်းမှာ အနိုင်ရဖို့ ၅၅% ရှိနေပြီး သရေဖြစ်ဖို့ ၁၅% နဲ့ ဘယ်လ်ဂျီယမ်အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

ezgif-7-2c3afbe0f68a

Zawgyi

အေဝးကြင္းမွာ မျဖစ္မေန အနိုင္ကစားသြားရမဲ့ အဂၤလန္က အေကာင္းဆုံးရလဒ္ ျဖစ္လာမွာပါ

ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္ အုပ္စု A2 ရဲ့ အုပ္စုပြဲစဥ္ ၅ အျဖစ္ ဘယ္လ္ဂ်ီယမ္အသင္းနဲ႔ အဂၤလန္ အသင္းတို႔ဟာ ဘယ္လ္ဂ်ီယမ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၆-၁၁-၂၀၂၀ ရက္ တနဂၤေႏြေန႔ နံနက္ ၂း၁၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္က ေနးရွင္းလိဂ္ အုပ္စုပြဲ ၄ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အုပ္စု ပထမေနရာမွာ ရွိေနၿပီး အဂၤလန္အသင္းက ၄ ပြဲကစားအၿပီး ရမွတ္ ၇ မွတ္နဲ႔ အုပ္စု တတိယေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
အဂၤလန္ ၂ – ၁ ဘယ္လ္ဂ်ီယမ္(ေနးရွင္းလိဂ္)
ဘယ္လ္ဂ်ီယမ္ ၂ – ၀ အဂၤလန္(ကမၻာ့ဖလား)
အဂၤလန္ ၀ – ၁ ဘယ္လ္ဂ်ီယမ္(ကမၻာ့ဖလား)
အဂၤလန္ ၁ – ၀ ဘယ္လ္ဂ်ီယမ္(ေျခစမ္းပြဲ)
အဂၤလန္ ၁ – ၀ ဘယ္လ္ဂ်ီယမ္(ကမၻာ့ဖလား)
အဂၤလန္ ၄ – ၄ ဘယ္လ္ဂ်ီယမ္(ကမၻာ့ဖလား)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲကစားအၿပီး ဘယ္လ္ဂ်ီယမ္အသင္းက သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံး ထားၿပီး အဂၤလန္အသင္းက ေနာက္ဆုံးေလးပြဲကစားအၿပီး သုံးပြဲနိုင္ တစ္ပြဲရႈံးထားပါတယ္။ အဂၤလန္အသင္း အေနနဲ႔ အေဝးကြင္းမွာ အနိုင္ကစားထားနိုင္မွ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ကို တက္ေရာက္နိုင္မွာ ျဖစ္လို႔ ဘယ္လ္ဂ်ီယမ္အသင္းကို ဖိအားေပး ကစားသြားနိုင္ပါတယ္။ အဂၤလန္နဲ႔ ပြဲစဥ္ဟာ ဘယ္လ္ဂ်ီယမ္အသင္း မန္ေနဂ်ာ မာတီးနက္ဇ္အတြက္ ပြဲ ၅၀ ျပည့္ ပြဲတစ္ပြဲျဖစ္လာမွာ ျဖစ္သလို ၎ရဲ့ လက္ထက္မွာ ၃၈ ပြဲနိုင္ ခုနစ္ပြဲ သေရနဲ႔ ေလးပြဲ ရႈံးထားပါတယ္။
ဘယ္လ္ဂ်ီယမ္အသင္းမွာ ဆီလီမက္ကာစ္၊ တရိုဆက္ဒ္နဲ႔ ခရြန္ဘာဂ်ီတို႔က ဒဏ္ရာရေနၿပီး အဂၤလန္အသင္းမွာ အာနိုး၊ ဝက္ပေလာက္၊ ဂိုမက္စ္နဲ႔ ရတ္ဖို႔ဒ္တို႔က ဒဏ္ရာရေနၿပီး ေရစီ ဂ်ိမ္းနဲ႔ မက္ဂူရီတို႔က ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အဂၤလန္အသင္းက အေဝးကြင္းမွာ အနိုင္ရဖို႔ ၅၅% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၅% နဲ႔ ဘယ္လ္ဂ်ီယမ္အနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။