အိမ်ကွင်းနိုင်ပွဲတစ်ပွဲဖြစ်ဖို့ ခက်ခက်ခဲခဲကြိုးစားသွားရမဲ့ လက်စတာ

0
497

 

SBOTOP NOV            ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အဖြစ် လက်စတာအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ဟာ လက်စတာရဲ့ အိမ်ကွင်းပွဲ အဖြစ် ၃၀-၁၁-၂၀၂၀ ရက် တနင်္လာနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လက်စတာအသင်းက ပရီးမီးယားလိဂ် ၉ ပွဲကစားအပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိနေပြီး ဖူလ်ဟမ်အသင်းက ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လက်စတာ ၃ – ၁ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ဖူလ်ဟမ် ၁ – ၁ လက်စတာ (ပရီးမီးယားလိဂ်)

လက်စတာ ၄ – ၃ ဖူလ်ဟမ်(လိဂ်ဖလား)

ဖူလ်ဟမ် ၃ – ၂ လက်စတာ (လိဂ်ဖလား)

ဖူလ်ဟမ် ၄ – ၃ လက်စတာ (အက်ဖ်အေဖလား)

လက်စတာ ၂ – ၂ ဖူလ်ဟမ်(အက်ဖ်အေဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လက်စတာက လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး ဖူလ်ဟမ်အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ လေးပွဲရှုံးထားပါတယ်။ ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ၂၁ ပွဲကစားအပြီး ၁၉ ပွဲရှုံးထားပါတယ်။ လက်စတာအသင်းက ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဖူလ်ဟမ် အသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုး အောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်စတာမန်နေဂျာ ရော်ဂျာအနေနဲ့ ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ခုနစ်ပွဲတွေ့ဆုံခဲ့ပြီး အနိုင်ရထားခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်ပွဲ ၉ ပွဲကစားအပြီးမှာ ခုနစ်ပွဲရှုံးထားပြီး တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ် ဖြစ်ပေါ်ထားပါတယ်။

လက်စတာအသင်းမှာ အမ်မာတေး၊ ဆိုယန်ချူးနဲ့ အမ်ဒီဒီတို့က ဒဏ်ရာရနေပြီး ဖူလ်ဟမ်အသင်းမှာ အိုနိုမာ၊ ကွန်ဂိုလိုနဲ့ တီတီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လက်စတာအသင်းက အိမ်ကွင်းမှာ အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွှင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

