အိမ်ကွင်းမှာ ရှုံးကြွေးပြန်ဆပ်မဲ့ မန်ချက်စတာယူနိုက်တက်က အနိုင်ရလဒ်အတွက် အပြည့်အ၀ ရှိတယ်

0
426

 

ezgif-7-2c3afbe0f68a          ချန်ပီယံလိဂ်အုပ်စု (H) ရဲ့ အုပ်စုပွဲစဉ် ၄ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အစ္စတန်ဘော အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၅-၁၁-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ် အုပ်စုပွဲ ၃ ပွဲကစားအပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပြီး အစ္စတန်ဘောအသင်းက ၃ ပွဲကစားအပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စုအဆင့် ၄ မှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ တွေ့ဆုံခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကို ၂-၁ နဲ့ အနိုင်ရထားပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး အစ္စတန်ဘောက သုံးပွဲနိုင် သုံးပွဲရှုံးထားပါတယ်။

မန်ချက်စတာယူနိုက်တက်က တူရကီကလပ်အသင်းတွေနဲ့ ဥရောပပြိုင်ပွဲတွေမှာ လေးပွဲတွေ့ဆုံအပြီး သုံးပွဲ ရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ဥရောပပြိုင်ပွဲတွေမှာ အိမ်ကွင်းပွဲ နောက်ဆုံး ခြောက်ပွဲကစား အပြီး နိုင်ပွဲအားလုံးဖြစ်ပေါ်ထားကာ သွင်းဂိုး ၂၀-၁ ဖြစ်ပေါ်ထားပါတယ်။ အစ္စတန်ဘောအသင်းက ဥရောပ ပြိုင်ပွဲတွေရဲ့ အဝေးကွင်းပွဲ သုံးပွဲမှာ အနိုင်ရရှိခြင်း မရှိခဲ့သလို ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ နှစ်ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ် နောက်ဆုံး လေးပွဲကစားအပြီး ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ လုရှော့က ဒဏ်ရာရနေပြီး ဖီးလ်ဂျုံး၊ ရိုဂျို၊ ရိုမီယို၊ လင်းဂတ်တို့က ပါဝင်မှာ မဟုတ်သလို ပေါ့ဘာနဲ့ ဘိုင်လီတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။ အစ္စတန်ဘောအသင်းမှာ ကိုင်ကာရာနဲ့ ဆလီဗယ်လီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၈၀% ရှိနေပြီး သွင်းဂိုး ၂-၁ လောက်နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

အိမ္ကြင္းမွာ ရႈံးေႂကြးျပန္ဆပ္မဲ့ မန္ခ်က္စတာယူနိုက္တက္က အနိုင္ရလဒ္အတြက္ အျပည့္အ၀ ရွိတယ္

ခ်န္ပီယံလိဂ္အုပ္စု (H) ရဲ့ အုပ္စုပြဲစဥ္ ၄ အျဖစ္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ အစၥတန္ေဘာ အသင္းတို႔ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၅-၁၁-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ခ်န္ပီယံလိဂ္ အုပ္စုပြဲ ၃ ပြဲကစားအၿပီး ရမွတ္ ၆ မွတ္နဲ႔ အုပ္စုပထမေနရာမွာ ရွိေနၿပီး အစၥတန္ေဘာအသင္းက ၃ ပြဲကစားအၿပီး ရမွတ္ ၃ မွတ္နဲ႔ အုပ္စုအဆင့္ ၄ မွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈအေနနဲ႔ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ ၃ ေတြ႕ဆုံခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ ကို ၂-၁ နဲ႔ အနိုင္ရထားပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး မန္ခ်က္စတာယူနိုက္တက္က သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားၿပီး အစၥတန္ေဘာက သုံးပြဲနိုင္ သုံးပြဲရႈံးထားပါတယ္။
မန္ခ်က္စတာယူနိုက္တက္က တူရကီကလပ္အသင္းေတြနဲ႔ ဥေရာပၿပိဳင္ပြဲေတြမွာ ေလးပြဲေတြ႕ဆုံအၿပီး သုံးပြဲ ရႈံးထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ဥေရာပၿပိဳင္ပြဲေတြမွာ အိမ္ကြင္းပြဲ ေနာက္ဆုံး ေျခာက္ပြဲကစား အၿပီး နိုင္ပြဲအားလုံးျဖစ္ေပၚထားကာ သြင္းဂိုး ၂၀-၁ ျဖစ္ေပၚထားပါတယ္။ အစၥတန္ေဘာအသင္းက ဥေရာပ ၿပိဳင္ပြဲေတြရဲ့ အေဝးကြင္းပြဲ သုံးပြဲမွာ အနိုင္ရရွိျခင္း မရွိခဲ့သလို ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲ ႏွစ္ပြဲမွာလည္း ဂိုးသြင္းယူနိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ မန္ခ်က္စတာယူနိုက္တက္က ခ်န္ပီယံလိဂ္ ေနာက္ဆုံး ေလးပြဲကစားအၿပီး ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးအထက္ သြင္းယူထားနိုင္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းမွာ လုေရွာ့က ဒဏ္ရာရေနၿပီး ဖီးလ္ဂ်ဳံး၊ ရိုဂ်ိဳ၊ ရိုမီယို၊ လင္းဂတ္တို႔က ပါဝင္မွာ မဟုတ္သလို ေပါ့ဘာနဲ႔ ဘိုင္လီတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ အစၥတန္ေဘာအသင္းမွာ ကိုင္ကာရာနဲ႔ ဆလီဗယ္လီတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အိမ္ရွင္ မန္ခ်က္စတာယူနိုက္တက္က အနိုင္ရဖို႔ ၈၀% ရွိေနၿပီး သြင္းဂိုး ၂-၁ ေလာက္နဲ႔ အနိုင္ရသြားနိုင္ပါတယ္။