အိမ်ရှင် ပေါ်တူဂီက တစ်ဂိုးအသာလောက်နဲ့ အနိုင်ယူသွားမှာပါ

0
239

 

SBOTOP NOV        ယူအီးအက်ဖ်အေနေရှင်းလိဂ်ပြိုင်ပွဲရဲ့ လိဂ်(A) အုပ်စု ၃ အုပ်စုပွဲစဉ် ၅ အဖြစ် ပေါ်တူဂီအသင်းနဲ့ ပြင်သစ် အသင်းတို့ဟာ ပေါ်တူဂီရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၅-၁၁-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂း၁၅ နာရီ  ကစားသွားရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက အုပ်စုလေးပွဲ ကစားအပြီး ရမှတ် ၁၀ မှတ်ရရှိထားပြီး အုပ်စု ၃ ကို ဦးဆောင်ထားသလို ပြင်သစ်အသင်းကလည်း ရမှတ် ၁၀ မှတ်နဲ့ အုပ်စု ဒုတိယနေရာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ပြင်သစ် ၀ – ၀ ပေါ်တူဂီ(နေးရှင်းလိဂ်)

ပေါ်တူဂီ ၁ – ၀ ပြင်သစ်(ဥရောပဖလားပြိုင်ပွဲ)

ပေါ်တူဂီ ၀ – ၁ ပြင်သစ်(ခြေစမ်းပွဲ)

ပြင်သစ် ၂ – ၁ ပေါ်တူဂီ(ခြေစမ်းပွဲ)

ပေါ်တူဂီ ၀ – ၁ ပြင်သစ်(ကမ္ဘာ့ဖလားပွဲ)

ပြင်သစ် ၄ – ၀ ပေါ်တူဂီ(ခြေစမ်းပွဲ)

နောက်ဆုံးငါးပွဲကစားအပြီးမှာ ပေါ်တူဂီအသင်းက သုံးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး ပြင်သစ်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ပေါ်တူဂီအသင်းမှာ ဒဏ်ရာကစားသမား ကင်းစင်နေပေမဲ့ ပြင်သစ် အသင်းမှာ ဖီကီနဲ့ အေအူအာတို့က ဒဏ်ရာရနေပြီး အမ်ဘာပီက ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ပေါ်တူဂီက အိမ်ကွင်းမှာ အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀%နဲ့ ပြင်သစ် အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

