အိုက်စလန်နဲ့ပွဲမှာ ဒိန်းမတ် ဂိုးသမား ရှ်မိုက်ကယ် ဦးခေါင်းကို ဒူးနဲ့ အတိုက်ခံလိုက်ရလို့ လက်စတာအသင်း စိုးရိမ်နေ

0
303

 

SBOTOP NOV         တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နေးရှင်းလိဂ်အုပ်စုပွဲမှာ ဒိန်းမတ်နဲ့ အိုက်စ်လန်နဲ့ပွဲမှာ ဒိန်းမတ်ဂိုးသမား ရှ်မိုက်ကယ်ဟာ အိုက်စလန်ကစားသမား ဂက်မန်ဆန်ရဲ့ ဒူးခေါင်းနဲ့ ထိတ်လန့်ဖွယ်ကောင်းအောင် ထိခိုက်မိခဲ့ပါ တယ်။ အဆိုပါပွဲမှာ ဒိန်းမတ်အသင်းက ၂-၁ နဲ့ အိုက်စလန်အသင်းကို အနိုင်ရခဲ့ပါတယ်။ ရှ်မိုက်ကယ်က ဂက်မန်ဆန်ဆွဲလာတဲ့ ဘောလုံးကို ဖမ်းလိုက်ချိန်မှာ ပြေးတဲ့အရှိန်ပါလာတဲ့ ဂက်မန်ဆန်က အရှိန်မထိန်းနိုင်ဘဲနဲ့ ရှ်မိုက်ကယ်ရဲ့ ဦးခေါင်းကို ဒူးနဲ့ မတော်တဆတိုက်လိုက်မိပါတယ်။ ရှ်မိုက်ကယ်ကို ၄၆ မိနစ်မှာ ရွန်နောင်းနဲ့ လူစားလဲခဲ့ရပါတယ်။

အသင်းရဲ့ ဆရာဝန်တွေကတော့ ဦးခေါင်းနဲ့ လည်ပင်းကို ထိခိုက်မိသွားတာ ဖြစ်မယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ အဆိုပါ ထိခိုက်မှုမှာ ရှ်မိုက်ကယ်ကနာကျင်မှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး အသင်းရဲ့ ဆေးအဖွဲ့က ကြီးမားတဲ့ ဒဏ်ရာပြဿနာမဖြစ်လာဖို့မျှော်လင့်နေကြပါတယ်။

69

လက်စတာအသင်းမန်နေဂျာ ရော်ဂျာကလည်း ပြင်ထန်တဲ့ ထိခိုက်မှုမဖြစ်စေဖို့မျှော်လင့်ထားသလို လက်စတာအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ချန်ပီယံလီဗာပူးလ်နဲ့ လာမဲ့ စနေနေ့မှာ ကစားသွားဖို့ ရှိနေပါတယ်။

ဒိန်းမတ်အသင်းက အိုက်စလန်နဲ့ပွဲမှာ ကွင်းလယ်ကစားသမား အဲရစ်ဆင်က ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံးပွဲအနေနဲ့ အုပ်စုကို ဦးဆောင်နေတဲ့ ဘယ်လ်ဂျီယမ်အသင်းနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ အဝေးကွင်းရောက်ကစားဖို့ ရှိနေပြီး အနိုင်ရခဲ့ရင် နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Zawgyi

အိုက္စလန္နဲ႔ပြဲမွာ ဒိန္းမတ္ ဂိုးသမား ရွ္မိုက္ကယ္ ဦးေခါင္းကို ဒူးနဲ႔ အတိုက္ခံလိုက္ရလို႔ လက္စတာအသင္း စိုးရိမ္ေန

တနဂၤေႏြေန႔က ကစားခဲ့တဲ့ ေနးရွင္းလိဂ္အုပ္စုပြဲမွာ ဒိန္းမတ္နဲ႔ အိုက္စ္လန္နဲ႔ပြဲမွာ ဒိန္းမတ္ဂိုးသမား ရွ္မိုက္ကယ္ဟာ အိုက္စလန္ကစားသမား ဂက္မန္ဆန္ရဲ့ ဒူးေခါင္းနဲ႔ ထိတ္လန႔္ဖြယ္ေကာင္းေအာင္ ထိခိုက္မိခဲ့ပါ တယ္။ အဆိုပါပြဲမွာ ဒိန္းမတ္အသင္းက ၂-၁ နဲ႔ အိုက္စလန္အသင္းကို အနိုင္ရခဲ့ပါတယ္။ ရွ္မိုက္ကယ္က ဂက္မန္ဆန္ဆြဲလာတဲ့ ေဘာလုံးကို ဖမ္းလိုက္ခ်ိန္မွာ ေျပးတဲ့အရွိန္ပါလာတဲ့ ဂက္မန္ဆန္က အရွိန္မထိန္းနိုင္ဘဲနဲ႔ ရွ္မိုက္ကယ္ရဲ့ ဦးေခါင္းကို ဒူးနဲ႔ မေတာ္တဆတိုက္လိုက္မိပါတယ္။ ရွ္မိုက္ကယ္ကို ၄၆ မိနစ္မွာ ရြန္ေနာင္းနဲ႔ လူစားလဲခဲ့ရပါတယ္။
အသင္းရဲ့ ဆရာဝန္ေတြကေတာ့ ဦးေခါင္းနဲ႔ လည္ပင္းကို ထိခိုက္မိသြားတာ ျဖစ္မယ္လို႔ မွတ္ခ်က္ျပဳထားၾကပါတယ္။ အဆိုပါ ထိခိုက္မႈမွာ ရွ္မိုက္ကယ္ကနာက်င္မႈမ်ားစြာ ျဖစ္ေပၚေစခဲ့ၿပီး အသင္းရဲ့ ေဆးအဖြဲ႕က ႀကီးမားတဲ့ ဒဏ္ရာျပႆနာမျဖစ္လာဖို႔ေမၽွာ္လင့္ေနၾကပါတယ္။
လက္စတာအသင္းမန္ေနဂ်ာ ေရာ္ဂ်ာကလည္း ျပင္ထန္တဲ့ ထိခိုက္မႈမျဖစ္ေစဖို႔ေမၽွာ္လင့္ထားသလို လက္စတာအသင္းက ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ထားၿပီး ခ်န္ပီယံလီဗာပူးလ္နဲ႔ လာမဲ့ စေနေန႔မွာ ကစားသြားဖို႔ ရွိေနပါတယ္။
ဒိန္းမတ္အသင္းက အိုက္စလန္နဲ႔ပြဲမွာ ကြင္းလယ္ကစားသမား အဲရစ္ဆင္က ပင္နယ္တီသြင္းဂိုးနဲ႔ အနိုင္ရခဲ့ၿပီး ေနာက္ဆုံးပြဲအေနနဲ႔ အုပ္စုကို ဦးေဆာင္ေနတဲ့ ဘယ္လ္ဂ်ီယမ္အသင္းနဲ႔ နိုဝင္ဘာ ၁၈ ရက္ေန႔မွာ အေဝးကြင္းေရာက္ကစားဖို႔ ရွိေနၿပီး အနိုင္ရခဲ့ရင္ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ကို တက္ေရာက္နိုင္မွာ ျဖစ္ပါတယ္။