အီရန်ကစားသမား အလီဒါယီက ၎င်းရဲ့ သွင်းဂိုးအများဆုံးစံချိန်ကို ရော်နယ်ဒို ကျော်လွန်သွားမှာ ဖြစ်တယ်လို့ ယုံကြည်ထား

0
389

 

SBOTOP NOV            အီရန်တိုက်စစ်မှူး အလီဒါယီက နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးနဲ့ နိုင်ငံတကာသွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ စံချိန်ကို ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ကျော်လွန်သွားမှာ ဖြစ်တယ်လို့ ၎င်းက ယုံကြည်ထားပါတယ်။ အလီဒါယီက ၎င်းရဲ့ သွင်းဂိုး စံချိန်ကို ကျော်လွန်သွားရင် ရော်နယ်ဒိုကို ကြိုဆိုနေကြောင်းနဲ့ စံချိန်တင်မှတ်တမ်းတစ်ခုကိုလည်း ဂုဏ်ပြုသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

အသက် ၅၁ နှစ်အရွယ် အလီဒါယီက ၁၉၉၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နိုင်ငံတကာပွဲ ၁၄၉ ပွဲမှာ သွင်းဂိုး ၁၀၉ ဂိုးအထိ သွင်းယူထားခဲ့ပြီး ရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် ၁၆၉ ပွဲကစားအပြီး ၁၀၂ ဂိုး သွင်းယူထားသလို အလီဒါယီရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဂျူဗင်တပ်စ် ကစားသမား ရော်နယ်ဒိုအတွက် နိုင်ငံတကာ သွင်းဂိုးရရှိဖို့ အခွင့်အရေးအဖြစ် အင်္ဂါနေ့ညမှာ ခရိုအေးရှားအသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ ဒါ့အပြင် ၂၀၂၀ ဥရောပချန်ပီယံပြိုင်ပွဲနဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာ ရော်နယ်ဒိုအတွက် နောက်ထပ်မှတ်တမ်းကောင်း ရယူနိုင်ဖို့ ဆက်လက်ရှိနေ ပါတယ်။

အလီဒါယီက “ ရော်နယ်ဒိုက ကွျန်တော့်ရဲ့ နိုင်ငံတကာသွင်းဂိုး မှတ်တမ်းကို ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒဏ်ရာအနာတရ ဖြစ်မလာဘူးဆိုရင် သူ့လို အဆင့်ရှိတဲ့ ကစားသမားတစ်ဦးအတွက် ဒါကို ပြုလုပ်သွားနိုင်ပါလိမ့်မယ်။ သူသာ ဒီလိုသွင်းဂိုးတွေကို မှတ်တမ်းရေးထိုးနိုင်ခဲ့ရင် ကွျန်တော်က သူ့ကို ပထမဆုံး ဂုဏ်ပြုသွားမှာပါ။ ရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် ၁၀၂ ဂိုး သွင်းယူထားနိုင်ခြင်းက ကွျန်တော့်ရဲ့ သွင်းဂိုး နှုန်းကို သေချာပေါက် လိုက်မီလာမှာပါ။ ဒါပေမဲ့လည်း သူက နောက်ထပ် ခုနစ်ဂိုး သွင်းရပါဦးမယ် ” လို့ ပြောပါတယ်။

75

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၀၀၄ ခုနှစ်က ဂရိအသင်းနဲ့ပွဲမှာ စတင်ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၆ ဥရောပချန်ပီယံဖလားနဲ့ ၂၀၁၉ နေးရှင်းလိဂ်ဖလားတွေကို ပေါ်တူဂီအသင်းအတွက် ရယူပေးနိုင်ခဲ့ပါတယ်။ အန်ဒိုရာအသင်းနဲ့ ခြေစမ်းပွဲမှာ ၎င်းရဲ့ သွင်းဂိုးအပါအဝင် ၇-၀ နဲ့ အနိုင်ရခဲ့ပြီး သွင်းဂိုး ၁၀၂ ဂိုး ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း စနေနေ့က ကစားခဲ့တဲ့ ပြင်သစ်အသင်းကို ၁-၀ ရှုံးခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာတော့ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

Zawgyi

အီရန္ကစားသမား အလီဒါယီက ၎ရဲ့ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ေရာ္နယ္ဒို ေက်ာ္လြန္သြားမွာ ျဖစ္တယ္လို႔ ယုံၾကည္ထား

အီရန္တိုက္စစ္မႉး အလီဒါယီက နိုင္ငံတကာသြင္းဂိုး ၁၀၉ ဂိုးနဲ႔ နိုင္ငံတကာသြင္းဂိုး အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတဲ့ စံခ်ိန္ကို ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒိုက ေက်ာ္လြန္သြားမွာ ျဖစ္တယ္လို႔ ၎က ယုံၾကည္ထားပါတယ္။ အလီဒါယီက ၎ရဲ့ သြင္းဂိုး စံခ်ိန္ကို ေက်ာ္လြန္သြားရင္ ေရာ္နယ္ဒိုကို ႀကိဳဆိုေနေၾကာင္းနဲ႔ စံခ်ိန္တင္မွတ္တမ္းတစ္ခုကိုလည္း ဂုဏ္ျပဳသြားမွာ ျဖစ္တယ္လို႔ဆိုပါတယ္။
အသက္ ၅၁ ႏွစ္အရြယ္ အလီဒါယီက ၁၉၉၃ ခုႏွစ္ကေန ၂၀၀၆ ခုႏွစ္အတြင္း နိုင္ငံတကာပြဲ ၁၄၉ ပြဲမွာ သြင္းဂိုး ၁၀၉ ဂိုးအထိ သြင္းယူထားခဲ့ၿပီး ေရာ္နယ္ဒိုက ေပၚတူဂီအသင္းအတြက္ ၁၆၉ ပြဲကစားအၿပီး ၁၀၂ ဂိုး သြင္းယူထားသလို အလီဒါယီရဲ့ စံခ်ိန္ကို လိုက္မီနိုင္ဖို႔ နီးစပ္ေနၿပီ ျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ဂ်ဴဗင္တပ္စ္ ကစားသမား ေရာ္နယ္ဒိုအတြက္ နိုင္ငံတကာ သြင္းဂိုးရရွိဖို႔ အခြင့္အေရးအျဖစ္ အဂၤါေန႔ညမွာ ခရိုေအးရွားအသင္းနဲ႔ ေနးရွင္းလိဂ္ပြဲစဥ္ ကစားဖို႔ ရွိေနပါတယ္။ ဒါ့အျပင္ ၂၀၂၀ ဥေရာပခ်န္ပီယံၿပိဳင္ပြဲနဲ႔ ၂၀၂၂ ခုႏွစ္ ကမၻာ့ဖလား ေျခစစ္ပြဲစဥ္ေတြမွာ ေရာ္နယ္ဒိုအတြက္ ေနာက္ထပ္မွတ္တမ္းေကာင္း ရယူနိုင္ဖို႔ ဆက္လက္ရွိေန ပါတယ္။
အလီဒါယီက “ ေရာ္နယ္ဒိုက ကြ်န္ေတာ့္ရဲ့ နိုင္ငံတကာသြင္းဂိုး မွတ္တမ္းကို ေရာက္ရွိလာလိမ့္မယ္လို႔ ေမၽွာ္လင့္မိပါတယ္။ ဒဏ္ရာအနာတရ ျဖစ္မလာဘူးဆိုရင္ သူ႔လို အဆင့္ရွိတဲ့ ကစားသမားတစ္ဦးအတြက္ ဒါကို ျပဳလုပ္သြားနိုင္ပါလိမ့္မယ္။ သူသာ ဒီလိုသြင္းဂိုးေတြကို မွတ္တမ္းေရးထိုးနိုင္ခဲ့ရင္ ကြ်န္ေတာ္က သူ႔ကို ပထမဆုံး ဂုဏ္ျပဳသြားမွာပါ။ ေရာ္နယ္ဒိုက ေပၚတူဂီအသင္းအတြက္ ၁၀၂ ဂိုး သြင္းယူထားနိုင္ျခင္းက ကြ်န္ေတာ့္ရဲ့ သြင္းဂိုး ႏႈန္းကို ေသခ်ာေပါက္ လိုက္မီလာမွာပါ။ ဒါေပမဲ့လည္း သူက ေနာက္ထပ္ ခုနစ္ဂိုး သြင္းရပါဦးမယ္ ” လို႔ ေျပာပါတယ္။
ေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ၂၀၀၄ ခုႏွစ္က ဂရိအသင္းနဲ႔ပြဲမွာ စတင္ၿပီး ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ ၎ဟာ ၂၀၁၆ ဥေရာပခ်န္ပီယံဖလားနဲ႔ ၂၀၁၉ ေနးရွင္းလိဂ္ဖလားေတြကို ေပၚတူဂီအသင္းအတြက္ ရယူေပးနိုင္ခဲ့ပါတယ္။ အန္ဒိုရာအသင္းနဲ႔ ေျခစမ္းပြဲမွာ ၎ရဲ့ သြင္းဂိုးအပါအဝင္ ၇-၀ နဲ႔ အနိုင္ရခဲ့ၿပီး သြင္းဂိုး ၁၀၂ ဂိုး ျဖစ္ေပၚေစခဲ့ပါတယ္။ ဒါေပမဲ့လည္း စေနေန႔က ကစားခဲ့တဲ့ ျပင္သစ္အသင္းကို ၁-၀ ရႈံးခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာေတာ့ဂိုးသြင္းယူနိုင္ျခင္း မရွိခဲ့ပါဘူး။