အောင်ပွဲအတွက် အသင်းခြေစွမ်းကို ချီးမွမ်းခန်းဖွင့်လိုက်တဲ့ မက်ဆီ

0
521

SBOTOP NOV

အာဂျင်တီးနားအသင်းတိုက်စစ်မှူး မက်ဆီက ပီရူးအသင်းကို အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ပြီးနောက် အသင်းခြေစွမ်းအပေါ် ချီးမွမ်းခန်းဖွင့်သွားခဲ့ပြီး သူတို့ဟာ ပိုပြီးတောင့်တင်းလာတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အင်္ဂါနေ့က လီမာမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ အာဂျင်တီးနားအသင်းဟာ ဂွန်ဇာလက်၊ မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ရခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၄ ပွဲအနက် ၃ ပွဲအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ ရှုံးပွဲမရှိစံချိန်ကို ၁၁ ပွဲအထိ တိုးမြှင့်နိုင်ခဲ့ပြီး ၂၀ဝ၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်း ၃ ပွဲ အနိုင်ရခဲ့တာလို့လည်း သိရပါတယ်။ ပါရာဂွေးကို အိမ်ကွင်းမှာ သရေကျပြီးနောက် ၅ ရက်အကြာမှာ ကစားတဲ့ အာဂျင်တီးနားအသင်း ကစားပုံအတွက် မက်ဆီက ကျေနပ်အားရနေခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီက “ နိုင်ပွဲအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီပွဲပြီးနောက်တစ်နေ့မှာ အဲဒီအတိုင်းပဲ ဆက်ကစား သွားနိုင်ဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ ပွဲစကတည်းက ကျွန်တော်တို့ ကစားပုံကောင်းခဲ့သလို ဂိုးလည်း သွင်းနိုင်ပြီး ဂိုးဖန်တီးမှုတွေလည်း အများကြီး လုပ်နိုင်ခဲ့တယ်။ ပြိုင်ပွဲအဆင့်မြင့်လာတယ်ဆိုရင်တောင် ကျွန်တော်တို့ ဒီအတိုင်းပဲ ဆက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အသင်းဟာ တဖြည်းဖြည်းနဲ့ ပိုပြီးတောင့်တင်းလာပါတယ်” လို့ ပြောသွားခဲ့ပါတယ်။ မက်ဆီဟာ ပီရူးအသင်းနဲ့ပွဲမှာ အာဂျင်တီးနားအတွက် ပွဲထွက်မှု ၁၄၂ ပွဲမြောက်ခဲ့ပြီး ဘရာဇီးအသင်းက ကာဖူးရဲ့စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

ေအာင္ပြဲအတြက္ အသင္းေျခစြမ္းကို ခ်ီးမြမ္းခန္းဖြင့္လိုက္တဲ့ မက္ဆီ

အာဂ်င္တီးနားအသင္းတိုက္စစ္မွဴး မက္ဆီက ပီရူးအသင္းကို အႏုိင္ရတဲ့ ကမၻာ့ဖလားေျခစစ္ပြဲစဥ္ၿပီးေနာက္ အသင္းေျခစြမ္းအေပၚ ခ်ီးမြမ္းခန္းဖြင့္သြားခဲ့ၿပီး သူတို႔ဟာ ပိုၿပီးေတာင့္တင္းလာတယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ အဂၤါေန႔က လီမာမွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ အာဂ်င္တီးနားအသင္းဟာ ဂြန္ဇာလက္၊ မာတီနက္ဇ္တို႔ရဲ႕ သြင္းဂိုးေတြ နဲ႔ အႏုိင္ရခဲ့ၿပီး ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲစဥ္ ၄ ပြဲအနက္ ၃ ပြဲအႏုိင္ရခဲ့တာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ သူတို႔ရဲ႕ ရႈံးပြဲမရွိစံခ်ိန္ကို ၁၁ ပြဲအထိ တိုးျမွင့္ႏုိင္ခဲ့ၿပီး ၂၀၀၀ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကမၻာ့ဖလားေျခစစ္ပြဲ အေ၀းကြင္း ၃ ပြဲ အႏုိင္ရခဲ့တာလို႔လည္း သိရပါတယ္။ ပါရာေဂြးကို အိမ္ကြင္းမွာ သေရက်ၿပီးေနာက္ ၅ ရက္အၾကာမွာ ကစားတဲ့ အာဂ်င္တီးနားအသင္း ကစားပုံအတြက္ မက္ဆီက ေက်နပ္အားရေနခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီက “ ႏုိင္ပြဲအတြက္ ကၽြန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ ဒီပြဲၿပီးေနာက္တစ္ေန႔မွာ အဲဒီအတိုင္းပဲ ဆက္ကစား သြားႏုိင္ဖို႔ ကၽြန္ေတာ္တို႔ လိုအပ္ပါတယ္။ ပြဲစကတည္းက ကၽြန္ေတာ္တို႔ ကစားပုံေကာင္းခဲ့သလို ဂိုးလည္း သြင္းႏုိင္ၿပီး ဂိုးဖန္တီးမႈေတြလည္း အမ်ားႀကီး လုပ္ႏုိင္ခဲ့တယ္။ ၿပိဳင္ပြဲအဆင့္ျမင့္လာတယ္ဆိုရင္ေတာင္ ကၽြန္ေတာ္တို႔ ဒီအတိုင္းပဲ ဆက္သြားႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းဟာ တျဖည္းျဖည္းနဲ႔ ပိုၿပီးေတာင့္တင္းလာပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။ မက္ဆီဟာ ပီရူးအသင္းနဲ႔ပြဲမွာ အာဂ်င္တီးနားအတြက္ ပြဲထြက္မႈ ၁၄၂ ပြဲေျမာက္ခဲ့ၿပီး ဘရာဇီးအသင္းက ကာဖူးရဲ႕စံခ်ိန္နဲ႔ တူညီသြားခဲ့ပါတယ္။